FARY Mandalay

FARY Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FARY Mandalay, Transportation Service, 27st, Between 73st x 74st, Thiri Min Galar Condo, Build-2, Room 005, Satetayamahi Ward, Chan Aye Thar Zan Township, Mandalay.

အိမ်အပြန်နောက်ကျလို့ လမ်းမှာလူကပြတ်၊ မိုးကလည်းရွာနဲ့ ရင်တထိတ်ထိတ် ဖြစ်ဖူးကြတယ်မလားရှင်? 👀အထူးသဖြင့် ညအချိန် ရုံးဆင်းရတဲ့...
18/06/2026

အိမ်အပြန်နောက်ကျလို့ လမ်းမှာလူကပြတ်၊ မိုးကလည်းရွာနဲ့ ရင်တထိတ်ထိတ် ဖြစ်ဖူးကြတယ်မလားရှင်? 👀

အထူးသဖြင့် ညအချိန် ရုံးဆင်းရတဲ့အခါ ခရီးစဥ်ကြေးအတွက် ဈေးဆစ်ရတာလည်း စိတ်မောရသလို၊ အိမ်ကမိသားစုကလည်း စိတ်ပူပြီး ဖုန်းတွေတကောက်ကောက် ခေါ်နေတတ်တဲ့အချိန်မျိုးပေါ့။ 🩵

ဒီလို စိုးရိမ်စိတ်တွေကို ဖျောက်ဖျက်ဖို့ FARY Tuk Tuk ကို သတိရလိုက်ပါ။ FARY Pilot တိုင်းဟာ စနစ်တကျ စိစစ်ထားတဲ့ သူတွေမို့ ညဘက်လည်း စီးနင်းနိုင်ပါတယ်ရှင်။ 🩵

ဒါ့အပြင် မိမိသွားနေတဲ့ လမ်းကြောင်းကို အိမ်ကမိသားစုဆီ Real-time Share ပေးထားလို့ရလို့ မိသားစုလည်း စိတ်အေးရသလို၊ ကိုယ်တိုင်လည်း ဘေးကင်းကင်းနဲ့ အိမ်ပြန်ရောက်မှာပါ။ 🩵

ညဉ့်နက်လည်း စိတ်မပူနဲ့တော့နော်... မန္တလေးမြို့ထဲ ဘေးကင်းဆုံး အိမ်အပြန်လမ်းအတွက် FARY Tuk Tuk ကို သတိရလိုက်ပါ။ 🛺

#ညဘက်အိမ်ပြန်ချိန်

လမ်းထိပ်ထွက်ပြီး ကားရှာရင်း အချိန်ကုန်ကာ စိတ်ရှုပ်မခံပါနဲ့။လေတစ်ဖြူးဖြူးလေးနဲ့ မန္တလေးမြို့ပတ်ဖို့ FARY Tuk Tuk ရှိပါတယ်...
08/06/2026

လမ်းထိပ်ထွက်ပြီး ကားရှာရင်း အချိန်ကုန်ကာ စိတ်ရှုပ်မခံပါနဲ့။

လေတစ်ဖြူးဖြူးလေးနဲ့ မန္တလေးမြို့ပတ်ဖို့ FARY Tuk Tuk ရှိပါတယ်။ 🛺

FARY Tuk Tuk နဲ့ဆိုရင်တော့... ⬇️

💠 ဖုန်းလေးထုတ်ပြီး App ကနေ နှိပ်လိုက်ရုံနဲ့ အလွယ်တကူ ခေါ်စီးလို့ရမယ်။

💠 ခရီးစဉ်မစခင်ကတည်းက တိကျတဲ့ ဈေးနှုန်းကို ကြိုတင်သိနိုင်မယ်။

💠 ခရီးစဉ်တစ်လျှောက်လုံးကိုလည်း စိတ်ချရအောင် ချစ်ရတဲ့သူတွေဆီ လှမ်းပြီး Share ပေးထားလို့ရဦးမယ်။

ဒီလိုအချက်လေးတွေနဲ့ အချိန်ကုန်သက်သာပြီး လွယ်ကူတဲ့ Booking စနစ်ကြောင့် သွားချင်တဲ့နေရာကို အဆင်ပြေပြေ သွားရုံပဲပေါ့။

ကားရှာရင်း ပင်ပန်းမနေဘဲ မန္တလေးရဲ့ ရှုခင်းလှလှလေးတွေကို လေညှင်းခံရင်း ငေးမောဖို့ FARY Tuk Tuk ကို သတိရလိုက်ပါနော်။ 🩵

#မန္တလေးမှာtuktukစီးမယ်

မိုးရွာမှာစိုးလို့ အပြင်ထွက်ဖို့ စိတ်ပူနေရတဲ့ ဒီလိုရာသီမျိုးမှာ... သွားလာရေး အခက်အခဲလေးတွေကို အကောင်းဆုံး ကူညီဖြေရှင်းပေ...
02/06/2026

မိုးရွာမှာစိုးလို့ အပြင်ထွက်ဖို့ စိတ်ပူနေရတဲ့ ဒီလိုရာသီမျိုးမှာ...

သွားလာရေး အခက်အခဲလေးတွေကို အကောင်းဆုံး ကူညီဖြေရှင်းပေးဖို့ FARY ရဲ့ Tuk Tuk ဝန်ဆောင်မှုလေးရှိပါတယ်နော်။ 💐

ဘာကြောင့် FARY Tuk Tuk ကို ရွေးချယ်သင့်လဲဆိုရင်တော့... ⬇️

🔷 မိုးရွာရွာ၊ လမ်းပိတ်ပိတ် အေးဆေးပဲ

လမ်းကြားလေးတွေ၊ ဖြတ်လမ်းတွေကနေ ကျွမ်းကျွမ်းကျင်ကျင်နဲ့ အလွယ်တကူ မောင်းနှင်ပေးနိုင်လို့ မိမိသွားချင်တဲ့နေရာကို အချိန်မီ ရောက်ရှိစေမှာပါရှင်။

🔷 သွားလာစရိတ် သက်သာ

ချိုသာတဲ့နှုန်းထားလေးနဲ့ စီးနင်းနိုင်လို့ နေ့စဉ် သွားလာစရိတ်အတွက် ပေါ့ပါးသွားမှာ သေချာပါတယ်။

🔷 လေတဖြူးဖြူးနဲ့ အမောပြေစေမယ့် Vibe လေး

အလုံပိတ်မဟုတ်ဘဲ သဘာဝလေအေးလေး ရှူရင်း မြို့ပြအလှကို အေးအေးဆေးဆေး ခံစားစီးနင်းနိုင်လို့ စိတ်ကို လန်းဆန်းစေမှာပါရှင်။

အချိန်ကုန်လည်း သက်သာ၊ ပိုက်ဆံလည်း ချွေတာပြီးသားဖြစ်မယ့်အပြင် စိတ်ချမ်းသာစွာ စီးနင်းနိုင်ဖို့အတွက်… FARY Tuk Tuk ကို လှမ်းခေါ်လိုက်တော့နော်…

နယုန်လပြည့် (မဟာသမယအခါတော်နေ့) နေ့ထူးနေ့မြတ်လေးမှာ စိတ်နှလုံးအေးချမ်းကြပါစေရှင်။ 🙏✨ဒီနေ့လို နေ့ထူးနေ့မြတ်မှာ မြတ်စွာဘုရာ...
30/05/2026

နယုန်လပြည့် (မဟာသမယအခါတော်နေ့) နေ့ထူးနေ့မြတ်လေးမှာ စိတ်နှလုံးအေးချမ်းကြပါစေရှင်။ 🙏✨

ဒီနေ့လို နေ့ထူးနေ့မြတ်မှာ မြတ်စွာဘုရားရှင်ရဲ့ မဟာသမယသုတ်တော်ကို အောက်မေ့ရွတ်ဖတ်ရင်း ကုသိုလ်ကောင်းမှုလေးတွေနဲ့အတူ ဖြတ်သန်းနိုင်ကြပါစေလို့ FARY Taxi က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🌸

ညနေဖက် ဘုရားကျောင်းကန်ထွက်မယ့် ခရီးသည်တွေရော၊ လမ်းပေါ်မှာ လုပ်ငန်းခွင်ဝင်ရင်း အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ FARY Pilot တွေပါ အားလုံးပဲ စိတ်အေးချမ်းသာစွာနဲ့ ကုသိုလ်ယူနိုင်ဖို့ FARY က အမြဲအနားမှာ ရှိနေပေးမှာပါနော်။ 🚙💨

မိုးဖွဲဖွဲလေးထဲ လမ်းလျှောက်သွားစရာမလိုဘဲ ဘုရားဖူးသွားဖို့ဆိုရင် FARY Taxi လေးကို သတိရလိုက်ပါနော်။ 🩵

#နယုန်လပြည့်

မန္တလေးကိုရောက်ခဲ့ရင်.....မန္တလေးကို အလည်လာမယ့် ဆွေမျိုးတို့အတွက် စိတ်အေးချမ်းစွာ လည်ပတ်လို့ရမယ့် နေရာ (၅) ခုကို ရွေးချယ...
20/05/2026

မန္တလေးကိုရောက်ခဲ့ရင်.....

မန္တလေးကို အလည်လာမယ့် ဆွေမျိုးတို့အတွက် စိတ်အေးချမ်းစွာ လည်ပတ်လို့ရမယ့် နေရာ (၅) ခုကို ရွေးချယ်ပေးလိုက်ပါတယ်ရှင်။ 🌸✨

🔹 ၁။ မန္တလေးတောင် ⛰️

မန္တလေးရဲ့ အမှတ်အသားဖြစ်တဲ့ ဒီတောင်ပေါ်ကနေ နေဝင်ချိန်အလှကို မြင်ကွင်းကျယ် ငေးမောကြည့်လို့ရမှာပါ။ ဧရာဝတီမြစ်ကြီးကို အပေါ်စီးကနေကြည့်ရင်း စိတ်အပန်းဖြေဖို့ အကောင်းဆုံးနေရာလေးပေါ့ရှင်။

🔹 ၂။ မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီး 🙏

မန္တလေးရဲ့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးမှာ ကြည်ညိုသပ္ပာယ်စွာ ကုသိုလ်ယူရင်း စိတ်ကို အေးချမ်းစေမှာပါ။ ဘုရားဖူးပြီးရင်လည်း ဘေးနားက ကျောက်ဆစ်တန်းမှာ မြန်မာ့လက်မှုပညာတွေကို အနီးကပ် လေ့လာနိုင်ပါသေးတယ်နော်။

🔹 ၃။ ကုသိုလ်တော်ဘုရား 🙏

"ကမ္ဘာ့အကြီးဆုံး စာအုပ်" လို့ တင်စားရတဲ့ ဖြူဖွေးနေတဲ့ ကျောက်စာရုံ စေတီလေးတွေက ဓာတ်ပုံရိုက်ရင် အရမ်းလှပါတယ်။ အေးအေးလူလူ လမ်းလျှောက်ရင်း ရှေးဟောင်းဗိသုကာ အလှတရားတွေကို ခံစားနိုင်တဲ့ နေရာလေးပါပဲရှင်။

🔹 ၄။ မြနန်းစံကျော် ရွှေနန်းတော်ကြီး 🏰

ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့တဲ့ မြန်မာတို့ရဲ့ သမိုင်းဝင် နန်းတော်ကြီးနဲ့ ကျုံးမြို့ရိုးကို လေ့လာရင်း လွမ်းမောဖွယ် အမှတ်တရတွေ ဖန်တီးနိုင်ပါတယ်။ ရှေးဟောင်း ဗိသုကာလက်ရာတွေကြားမှာ လမ်းလျှောက်ရတာ တကယ့်ကို ထူးခြားတဲ့ ခံစားချက်လေး ပေးမှာပါ။

🔹 ၅။ ဦးပိန်တံတား (တောင်သမန်အင်း) 🌉

ညနေစောင်းရင်တော့ ကမ္ဘာ့အရှည်ဆုံး ကျွန်းသစ်တံတားကြီးပေါ်မှာ လေအေးလေးရှူရင်း လမ်းလျှောက်ကြမယ်လေ။ တောင်သမန်အင်းရဲ့ နေဝင်ချိန် အလှတရားက တစ်နေ့တာအမောတွေပြေသွားစေမှာ အသေအချာပါပဲ။

FARY Tuk Tuk နဲ့အတူ မန္တလေးရဲ့ လေပြေအေးကို ခံစားရင်း အမှတ်တရခရီးစဥ်တွေကို အတူတူ ဖန်တီးကြရအောင်လားဟင်... 🛺✨

#မန္တလေးခရီးစဉ်များ

`အမေများနေ့ အမှတ်တရ'ကိုးလလွယ်၊ ဆယ်လဖွားဆိုတာ စကားလုံး(၄)လုံးတည်း ဆိုပေမဲ့ အမေတွေအတွက်တော့ အသက်နဲ့ရင်းရတဲ့ ခရီးတစ်ခုပါပဲရ...
10/05/2026

`အမေများနေ့ အမှတ်တရ'

ကိုးလလွယ်၊ ဆယ်လဖွားဆိုတာ စကားလုံး(၄)လုံးတည်း ဆိုပေမဲ့ အမေတွေအတွက်တော့ အသက်နဲ့ရင်းရတဲ့ ခရီးတစ်ခုပါပဲရှင့်။

လူလားမမြောက်ခင်၊ လောကကြီးကို မမြင်ဖူးခင်တည်းကနေ အခုထိ ဘဝအချိန်အတော်များများဟာ အမေနဲ့ပဲ ကုန်ဆုံးခဲ့ကြတာ မဟုတ်လား။

ငယ်စဉ်ကတည်းက အမြဲတမ်း ဘေးနားကနေ အားပေးတိုက်တွန်းပြီး လမ်းပြပေးခဲ့တာလည်း အမေပါပဲ။ အလုပ်တွေရှုပ်လို့ လူချင်းဝေးနေရတဲ့ အချိန်မျိုးမှာတောင် အမေဟာ စိတ်ထဲမှာ အမြဲရှိနေပြီး ခွန်အားပေးနေတဲ့သူပါ။

နေ့စဉ်ဘဝရဲ့ ရုန်းကန်မှုတွေကြောင့် အမေနဲ့ ဝေးကွာနေရတယ်ဆိုရင်တောင် ဒီနေ့လို ထူးခြားတဲ့နေ့လေးမှာတော့ အမေ့အတွက် အချိန်လေး သီးသန့်ပေးလိုက်ကြရအောင်နော်။ 💙

ကမ္ဘာပေါ်မှာရှိတဲ့ အမေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ ချစ်ရတဲ့ မိသားစုဝင်တွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝခရီးလမ်းကို ထာဝရလျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

မေတ္တာဖြင့် FARY Mandalay
#အမေ

မန္တလေးရဲ့ နေသာတဲ့နေ့လေးတွေနဲ့ FARY Tuk Tuk 🩵အရင်လိုအပြင်ထွက်ပြီး ကားရှာစရာမလိုဘဲ စမတ်ကျကျ FARY Tuk Tuk က ကိုယ့်ကို လာရှ...
06/05/2026

မန္တလေးရဲ့ နေသာတဲ့နေ့လေးတွေနဲ့ FARY Tuk Tuk 🩵

အရင်လိုအပြင်ထွက်ပြီး ကားရှာစရာမလိုဘဲ စမတ်ကျကျ FARY Tuk Tuk က ကိုယ့်ကို လာရှာမှာနော်။ 💌

FARY Tuk Tuk နဲ့ ဘာတွေ ပိုအဆင်ပြေသွားမလဲ?

🔹 အချိန်ကုန် သက်သာမယ်

နေပူထဲမှာ ကားထွက်ရှာမယ့်အစား ဖုန်းလေးတစ်ချက် နှိပ်လိုက်ရုံနဲ့ Tuk Tuk လေးက ကိုယ့်ဆီကို အရောက်လာမှာမို့ အရမ်းကို အဆင်ပြေသွားပြီပေါ့ရှင်။

🔹 စမတ်ကျပြီး လုံခြုံစိတ်ချရမယ်

ဈေးဆစ်စရာမလိုတဲ့ FARY ရဲ့ စမတ်ကျကျ နည်းပညာတွေကြောင့် ခရီးစဉ်တိုင်းမှာ လုံခြုံမှုအပြည့် ခံစားရစေမှာပါ။

🔹 သုံးရတာ အရမ်းလွယ်မယ်

Internet ရှိရုံနဲ့ FARY App လေးကနေ Booking တင်လိုက်ရုံပါပဲ။

ကဲ... FARY App လေးကို အခုပဲ ဒေါင်းလုဒ်ဆွဲပြီး မန္တလေးမြို့ရဲ့ လှပတဲ့ခရီးလမ်းတွေကို FARY Tuk Tuk လေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ကြရအောင်။ 🌸

မန္တလေးမြို့သူ မြို့သားအပေါင်း ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ်မှာ စိတ်နှလုံးအေးချမ်းကြပါစေရှင်။ 🙏✨ဒီနေ့လို နေခြည်ဖြ...
30/04/2026

မန္တလေးမြို့သူ မြို့သားအပေါင်း ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ်မှာ စိတ်နှလုံးအေးချမ်းကြပါစေရှင်။ 🙏✨

ဒီနေ့လို နေခြည်ဖြာတဲ့ ကဆုန်လပြည့်နေ့မှာ မြတ်စွာဘုရားရှင်ရဲ့ ဗျာ၊ ဖွား၊ ပွင့်၊ စံ ဆိုတဲ့ သံဝေဂလေးပါးကို အာရုံပြုရင်း ကုသိုလ်သစ်တွေ တိုးပွားနိုင်ကြပါစေလို့ FARY Taxi မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🌸
ညနေစောင်း ညောင်ရေသွန်းထွက်ကြမယ့် မန္တလေးမြို့သူ မြို့သားတွေရော၊ အန္တရာယ်ကင်းကင်းနဲ့ အကောင်းဆုံး ပို့ဆောင်ပေးနေတဲ့ ကျွန်မတို့ FARY Pilot တွေပါ အားလုံးပဲ ဘေးရန်ကင်းကွာ စိတ်ချမ်းသာစွာနဲ့ ကုသိုလ်ယူနိုင်ဖို့ FARY က အမြဲအနားမှာ ရှိနေမှာပါနော်။ 🚙💨

နေပူပူထဲ လမ်းလျှောက်သွားရမှာ ပင်ပန်းနေရင်ပဲဖြစ်ဖြစ်၊ မိသားစုအစုံအလင်နဲ့ ဘုရားဖူးသွားဖို့ပဲဖြစ်ဖြစ် FARY Tuk Tuk လေးကို သတိရလိုက်ပါနော်။ 🩵

#ကဆုန်လပြည့်နေ့

နေပူပူ မန္တလေးလမ်းမပေါ်မှာ လျှောက်သွားရတာ ပင်ပန်းနေပြီလား? 🫠🔹 တစ်ခါစီးရင် သုံးယောက်ထိလည်းစီးချင်တယ်🔹 ကားမူးမှာလည်း ကြောက...
22/04/2026

နေပူပူ မန္တလေးလမ်းမပေါ်မှာ လျှောက်သွားရတာ ပင်ပန်းနေပြီလား? 🫠

🔹 တစ်ခါစီးရင် သုံးယောက်ထိလည်းစီးချင်တယ်

🔹 ကားမူးမှာလည်း ကြောက်တယ်

🔹 လေတဖြူးဖြူးနဲ့ စျေးလည်းချိုစေရမယ်ဆိုရင်တော့

မန္တလေးသူလေးတွေအတွက် FARY Tuk Tuk တွေ ရှိတယ်နော်။ 🩵

FARY Tuk Tuk လေးနဲ့ဆိုရင်...

🩵 သူငယ်ချင်း (၃) ယောက်ထိ အတူစုပြီး စီးလို့ရတော့ ဈေးလည်း သက်သာသွားမယ်။

🩵 ကားစီးရင် မူးတတ်တဲ့သူလေးတွေအတွက် မန္တလေးရဲ့ လေအေးအေးလေးကို ခံစားရင်း စီးလို့အုံးမှာဆိုတော့ စိတ်ကြည်လင်နေမှာ အသေအချာပဲ။

🩵 နေပူဒဏ်ကိုလည်း မကြောက်ပါနဲ့၊ အမိုးအကာပါလို့ ကိုယ့်ရဲ့ အလှလေးတွေ ပျက်မှာလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။

🏯 တောင်သမန်ပဲ သွားမလား? ကုသိုလ်တော်ပဲ ဖူးမလား?
ဈေးလည်းသက်သာ၊ အပူဒဏ်လည်း ကာကွယ်ပေးတဲ့ FARY Tuk Tuk လေးကို စီးပြီး မန္တလေးမြို့ကြီးကို အတူတူ လည်ပတ်ကြစို့…🛺

17/04/2026

“နှစ်သစ်အလှူနဲ့ မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့” 🙏

နှစ်သစ်ဦးမှာ FARY Pilot များနဲ့ Members များအားလုံး စိတ်သစ်၊ လူသစ်နဲ့ အေးချမ်းကြပါစေရှင်။ ဒီနေ့မှာ FARY နဲ့ ခရီးသွားရင်း အတူတူ ကုသိုလ်ယူကြစို့နော်။

ခရီးစဉ် (၁) ကြောင်းတိုင်းအတွက် ရရှိလာတဲ့ စုပေါင်းအလှူငွေတွေကို စုပြီး ParentHand ကလေးငယ်လေးတွေအတွက် လှူဒါန်းပေးပါတယ်။

🩵 Pilot မှ ၅၀ ကျပ်
🩵 Member မှ ၅၀ ကျပ်
🩵 FARY Taxi မှ ၅၀ ကျပ်

ခရီးစဉ် တစ်ခုချင်းဆီတိုင်းမှာ စုစုပေါင်း ၁၅၀ ကျပ် စုမိသွားမှာဖြစ်လို့ ခရီးသွားရင်းနဲ့တင် ထပ်တူကုသိုလ် ရရှိနိုင်မှာပါရှင်။ ✨
ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်ယူဖို့ဆို FARY စီးဖို့မမေ့နဲ့နော် …🚙

#နှစ်သစ် #မြန်မာနှစ်သစ်ကူး

Address

27st, Between 73st X 74st, Thiri Min Galar Condo, Build-2, Room 005, Satetayamahi Ward, Chan Aye Thar Zan Township
Mandalay

Telephone

+959880911248

Website

Alerts

Be the first to know and let us send you an email when FARY Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share