ခ၇ီးဖော် _ Kha Yee Phaw

ခ၇ီးဖော်  _ Kha Yee Phaw မင်္ဂလာပါ �
ခ၇ီးသွား၀န်ဆောင်မှု့နှ?

Postမတင်ဖြစ်တာ ကြာပီမို့​ေ၇ှးဟောင်း သမိုင်းပုံလေးတွေတင်လိုက်ပါတယ် ချစ်တို့​ေ၇ 🥰
23/11/2021

Postမတင်ဖြစ်တာ ကြာပီမို့
​ေ၇ှးဟောင်း သမိုင်းပုံလေးတွေ
တင်လိုက်ပါတယ် ချစ်တို့​ေ၇ 🥰

🙏 ဘု၇ားဖူး အလည်ပတ်ခ၇ီး🙏 ဆိုသည်မှာ 🙏Aura လို့ခေါ်တဲ့သာမန်မျက်စိနဲ့မမြင်ရတဲ့ကိုယ်ရောင်ခြည်ဝန်းဟာလူတိုင်းမှာရှိပါတယ်။ပါဝါအန...
15/10/2021

🙏 ဘု၇ားဖူး အလည်ပတ်ခ၇ီး🙏 ဆိုသည်မှာ
🙏Aura လို့ခေါ်တဲ့သာမန်မျက်စိနဲ့မမြင်ရတဲ့ကိုယ်ရောင်ခြည်ဝန်းဟာလူတိုင်းမှာရှိပါတယ်။
ပါဝါအနိမ့်အမြင့်ကွာပါတယ်။
သူတော်စင်တွေရဲ့ကိုယ်ရောင်ခြည်ကတော့
မိုင်နဲ့ချီပြီးသက်ရောက်တယ်။
ဒီလိုသူတောင်းကောင်းတို့ရဲ့အရိပ်ကိုခိုလှုံရခြင်း
သူတို့နဲ့နီးတဲ့နေရာမှာမေတ္တာဓာတ်ကိုခံယူရခြင်းကြောင့် အတိတ်ဘဝတွေကကျင့်ကြံခဲ့တဲ့
ပါရမီတွေနှိုးကြားလာပြီး တရားထူးရတက်တယ်။
တရားထူးရရင်ဘာဖြစ်မလည်း?
ငရဲ ပြိတ္တာ တိရိစ္ဆာန်မဖြစ်တော့ဘူး
လူဖြစ်လာပြီးမွေးကတည်းက
ရောဂါတွေပါလာတာမျိုးလူစဉ်မမှီတာမျိုး
ဒုက္ခကြီးကြီးမားမားရောက်တာမျိုး မဖြစ်တော့ဘူးပေါ့။

ဒါ့ကြောင့်ဘုရားဓာတ်တော်မွေတော်တွေရှိရာမြင့်မြတ်တဲ့သာသနာ့နယ်မြေတွေကို
ဓမ္မဒူတခရီးထွက်ကြခြင်းဖြစ်ပါသည်။
ဘုရားဖူးခရီးထွက်ခြင်း
သူတော်သူမြတ်တို့ရှိရာအရပ်သို့
ခရီးထွက်ဖူးမြှော်ခြင်းဟာ
ဘာသာတိုင်းလူမျိုးတိုင်းမှာရှိကြပါတယ်။

ဘုရားဖူးခရီးထွက်ခြင်း
ဘုရားသားတော်ရဟန်းသံဃာများကို
ဖူးမြင်ရန်ခရီးထွက်ခြင်းများဟာ မွန်မြတ်တဲ့ခရီးသွားခြင်းများဖြစ်သည်။

သူတော်စင်အရိယာတို့၏ တစ်ခွန်းနှစ်ခွန်းမျှလောက်သောအဆုံးအမတရားစကားကိုကြားရလျှင်ပင်အတိုင်းမသိအောင်တန်ဘိုးရှိလှပေသည်။

အလှူတကာ့အလှူတွေထဲမှာ
တရားအလှူဟာအမြတ်ဆုံးလို့
ဘာကြောင့်ပြောရလည်း?

အလုံးစုံသောကောင်းမြတ်သည့်
ဒါန သီလ စသည့်တရားတို့၏
မူလအစသည် သမ္မာဝါစာဟူသည့်
မှန်သောတရားစကားကိုကြားနာရ၍သာ
ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ထို့ကြောင့်ဘုရားဖူး ရဟန္တာဖူးသွားရင်း
သဒ္ဓါတရားတူမျှတဲ့ဓမ္မမိတ်ဆွေတွေအချင်းချင်းတရားဆွေးနွေးခွင့်ရမယ်။
အလှူဒါနတွေလည်းပြုဖြစ်သွားမယ်။
သူတော်စင်သူတော်မြတ်တို့၏
တရားအလှူကိုလည်းနာကြားခွင့်ရမည်။
ဘုရားဖူးသွားရင်းရမည့်
အကျိုးကျေးဇူးကားများလှစွာ၏။

တမလွန်လောကနှင့်ဆိုင်ရာမိမိအတွေ့အကြုံများအရ ကွယ်လွန်သွားသူသည် အသက်ရှင်သန်ချိန်က ရဟန္တာ သို့မဟုတ် သောတာပန် သကဒါဂါမ် အနာဂါမ် စသည့် အရိယာပုဂ္ဂိုလ်အား ဆွမ်းလှူခဲ့မိခြင်း အခြားသင်္ကန်းစသည့်လှူဖွယ်ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လှူဒါန်းခဲ့မိဘူးတာရှိလျှင်
ဆိုးဆိုးရွားရွားဘဝမျိုးမရောက်တော့ဘူး။
အခြားအပြစ်အချို့ရှိလျှင်တောင်
အရိယာကိုပူဇော်လှူဒါန်းခဲ့ခြင်းဟူသည့်
ကြီးမားတဲ့ကုသိုလ်ကံက ထောက်ပံ့ထားသည့်အတွက် ငရဲ ပြိတ္တာစသည်မဖြစ်တော့ဘူး။
ဒါဟာလက်တွေ့မြင်ခဲ့ဘူးတာဖြစ်ပါသည်။

ထို့ကြောင့် ကိလေသာခေါင်းပါးစွာကျင့်သုံးတော်မူနေသည့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံ အပူဇော်ခံနေချိန်၌အရောက်သွားသင့်ဖူးမြှော်လှူဒါန်းသင့်ပါသည်။

လေးစားစွာ ကူးယူဖော်ပြပါသည်.

ခ၇ီးဖော် KhaYeePhaw
ခ၇ီးသွား၀န်ဆောင်မှု့လုပ်ငန်း ❤️

မင်္ဂလာညချမ်းလေးဖြစ်ကြပါစေ.❤️` ဆရာတော်´ ဘု၇ားကြီးအတွက် ဘာနန်းတော်လိုကျောင်းမှ မလိုဘူး ! ဘာနောက်ဆုံးပေါ်ကားမှမလိုဘူး ! ရခ...
01/10/2021

မင်္ဂလာညချမ်းလေးဖြစ်ကြပါစေ.❤️
` ဆရာတော်´ ဘု၇ားကြီးအတွက်
ဘာနန်းတော်လိုကျောင်းမှ မလိုဘူး !
ဘာနောက်ဆုံးပေါ်ကားမှမလိုဘူး !
ရချင်ရင် လှုချင်တဲ့သူတွေမှပေါလို့ !
အလှုခံလို့ရတဲ့ငွေတွေနဲ့ ဆေးရုံတွေဆောက်
ရေတွေဝေပြီး မိမိအာဏာဩဇာကြီးလာအောင်လည်း
ဈေးဘန်းခင်းတဲ့အလုပ်မလုပ်ဘူး !
တရားကို မေတ္တာနဲ့ အလကားဟောပါတယ် အလှုငွေဘယ်လောက်ရမှ လိုက်ဟောမယ်ဆိုပြီး ဗုဒ္ဓတရားကို
ငွေနဲ့လှဲမစားဘူး !
ဘယ် အဓမ္မဝါဒီ ကိုမွ အနား အကပ္မခံဘူး ! ဆရာတော်ကြီး အမြဲမပြတ် လုပ်နေတာ တခုတော့ ရှိတယ် !
ဗုဒ္ဓသားတော်ပီပီ အမြဲမပြတ် တရားအားထုတ်ကျင့်ကြံနေတာ တခုထဲဘဲကို လုပ်တယ် !
မိမိတို့ရဲ့ နှောင်လာနောက်သား တွေကို ဒီလိုဆရာတော်ကြီးတွေရဲ့ တရားကို ပြပေး ဒီလို ဆရာတော်တွေကသာ ဗုဒ္ဓသားတော်အစစ်တွေဖြစ်ကြောင်းပြောပေးကြပါ ! မိမိတို့ရဲ့ ချွေးနည်းစားကို လှုရင်လည်း ဒီလိုဆရာတော်ကြီးတွေကို သာလိုသလောက်
အတော်အသင့်လှုကြဖို့ လိုတာထင်ပိုလှုပြီးလည်း
မဖျကိစီးကြဖို့ ခေါင်းထဲရိုက်သွင်းပေးကြပါ !
နောက်မို့ဆိုရင် သင်္ဃန်းခြုံ အဓမ္မဘက်တော်သားတွေ များသထက်ပိုပိုများလာကြပါလိမ့်မယ် !
ဗုဒ္ဓသာသနာ ကွယ်ရင် အဲ့လို အဓမ္မဝါဒီ ဒေဝဒတ် ဘက်တော်သားတွေကြောင့်သာ ကြယ်သြားမွာ ဆိုတာကို ဗုဒ္ဓကိုယ်တော်တိုင် ဟောထားပြီးသားပါ !

မနွေးနှင်းစပယ် .

ဒီးဒုတ်မဟုတ်ဖူးနော် . ` နောင်ခလိုင်ရေဂူ ´  ပါ❤️ကျောက်ကျ `​ေ၇ ´ လေးတွေ အ၇မ်းကြည်ပီး အေးစိမ့်နေတာပဲ .....မြို့နဲ့လည်းနီး၊ ...
29/09/2021

ဒီးဒုတ်မဟုတ်ဖူးနော် . ` နောင်ခလိုင်ရေဂူ ´ ပါ❤️ကျောက်ကျ `​ေ၇ ´ လေးတွေ အ၇မ်းကြည်ပီး
အေးစိမ့်နေတာပဲ .....

မြို့နဲ့လည်းနီး၊ ခရီးလည်းမဝေး၊
ရှုခင်းလေးတွေလည်းလှ၊ အပမ်းလည်းပြေစေမယ့်
နေရာလေးတစ်ခုကို သွားလည်ကြည့်ရအောင်နော်။

အဲ့ဒီနေရာလေးကတော့ ကျေးလက်ရနံသင်းပြီး
ဘားအံမြို့နဲ့အနီးဆုံး နေရာလေးလည်းဖြစ်တဲ့
နောင်ခလိုင်ရေပြာဂူပါ။

နောင်ခလိုင်ရေဂူဟာ
ဂူထဲကနေ တသွင်သွင်စီးဆင်းနေတဲ့ သဘာဝစမ်းရေထွက်လေးမှာ အေးမြကြည်လင်တဲ့ ရေကြည်
ရေသန့်တွေကို တဘက်ဆည်ရေကူးကန်လေးအဖြစ်
ပုံဖော်တည်ဆောက်ထားတာပါ။

အဲ့ဒီနေရာလေးကိုရောက်ရင် ရေထဲမဆင်းဘဲ
မနေနိုင်လောက်အောင်ပဲ ပြာစင်ကြည်လဲ့တဲ့
သဘာဝရေကူးကန်လေးက ဆွဲဆောင်နိုင်လွန်း
လှပါတယ်။

ကျောက်ဂူနံရံထက်က ကျောက်စက်ပန်းဆွဲကြီးတွေ
ပေါ်မှာ တွယ်ကပ်ပေါက်နေကြတဲ့ ကျောက်ကပ်ပန်း
အမျိုးမျိုးနဲ့ တောပန်းကလေးတွေကလည်း
သာယာတဲ့ကျေးလက်မြေရှုခင်း၊ ကြည်လင်စိမ်းလဲ့တဲ့ ရေအပြင်၊ ကွင်းပြင်ကျယ်ကြီးကိုဖြတ်ပြီး
စိမ်းစိမ်းစိုစို စပါးခင်းလေးတွေကြားက
ခပ်ညှင်းညှင်းလေးတိုက်ခတ်လာတဲ့
လေပြေနုအေးလေးတွေနဲ့အတူ ပနံရ
လှပလို့နေပါတယ်။

အခုလို ပတ်ဝန်းကျင်လှလှလေးနဲ့
ကျောက်စက်ရေထွက်လေးရှိတဲ့ နောင်ခလိုင်ရေပြာဂူမှာ
ရေစိမ်ကြည့်လိုက်တဲ့အခါမှာတော့
တစ်နေ့တာ ပင်ပမ်းနွမ်းနယ်မှုဟူသမျှကို
ကြက်ပျောက်ငှက်ပျောက် ဖြစ်လောက်အောင်
လွှင့်ပါးသွားစေပြီး ခဏလေးအတွင်းမှာပဲ
လန်းဆန်းတက်ကြွမှုနဲ့ အားအင်သစ်တွေက
အစားထိုး ဝင်ရောက်လို့လာစေပါတယ်။

နောင်ခလိုင်ရေဂူကို သွားရာလမ်းတလျှောက်မှာ
ရှုမငြီးတဲ့ဇွဲကပင်တောင်တန်းကြီးရဲ့
မြင်ကွင်းလှလှလေးတွေရယ်၊ ဘားအံကျေးလက်မြေရဲ့ သဘာဝရှုခင်းလေးတွေရယ်ကိုလည်း တမေ့တမော
ငေးမောခံစားနိုင်ပါသေးတယ်။

နောင်ခလိုင်ရေပြာဂူကို လည်လည်သွားချင်ရင်တော့
ဘားအံမြို့ကနေ နာရီဝက်သာသာသွားရတဲ့
ခရီးလေးပဲဖြစ်ပြီး ကြာအင်းလမ်းဆုံကနေ
ဇွဲကပင်တောင်ခြေကိုသွားတဲ့ မြို့အထွက်လမ်းမကြီးအတိုင်း ကမော့ကစင်ရွာလေးရောက်ရင် ညာဘက်က
ရွာအဝင်ကွန်ခရစ်လမ်းလေးကို တည့်တည့်သွားလို့
ရပါတယ်။

ဒါမှမဟုတ် ဘားအံ ပြည်ထောင်စုဘက်က
သွားမယ်ဆိုရင်တော့ သီရီစျေးရှေ့ကလမ်းမကြီးအတိုင်း ရဲသာရွာသစ်ကနေ နောင်ခလိုင်ရွာကိုသွားတဲ့
ကွန်ခရစ်လမ်းအတိုင်းလည်း ဝင်လာလို့ရပါတယ်။

မော်လမြိုင်ဘက်က လာမယ်ဆိုရင်တော့
ကျောက်ကလပ်ဘုရားကို ရောက်အောင်အရင်လာပြီး ဘုရားမုဒ်ဦးအကျော် ညာဘက်ခြမ်းက
မြေကြီးလမ်းလေးအတိုင်း တည့်တည့်သွားလိုက်ရင်
နောင်ခလိုင်ရေဂူကို ရောက်ပါတယ်။

ရပ်နီးရပ်ဝေးက မိတ်ဆွေသူငယ်ချင်းများအနေနဲ့
မလာချင်ရင် ခရီးဝေး၊ လာချင်ရင်အနီးလေးမို့
အခါသင့်လို့ အခွင့်သာတဲ့အခါ
တစ်ခေါက်တစ်ခါတော့ အရောက်လာကြည့်ဖို့
နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါတယ်နော်။

#ခ၇ီးဖော် Kha Yee Phaw
ခ၇ီးသွား၀န်ဆောင်မှု့လုပ်ငန်း

credit ko ညီသုတ

` နိုင်ငံခြား ´ ကြီးမှ အလှတ၇ားတွေ၇ှိတာမဟုတ်ဖူးနော့် . ❣️ကို့Burma နိုင်ငံမှာလဲပေါပါတယ်.. `  ဂေါ်၇န်ဂျီ  ´ကျွှန်း တနေ၇ာ  ...
27/09/2021

` နိုင်ငံခြား ´ ကြီးမှ အလှတ၇ားတွေ၇ှိတာမဟုတ်ဖူးနော့် . ❣️
ကို့Burma နိုင်ငံမှာလဲပေါပါတယ်.. ` ဂေါ်၇န်ဂျီ ´ကျွှန်း တနေ၇ာ .❤️

🙏လူတိုင်း မြို့နယ်တိုင်း နေ၇ာတိုင်းမှာ
စိတ်ဆင်း၇ဲသောကများမြူမှုန် မျှ
ကင်း​ေ၀းကြပါစေဗျ .🙏

ကပ် ၃ပါးဘေးလဲ အလုံးစုံကင်းတဲ့နေ့

စိတ်၇ဲ့ ကြည်နူး လွတ်လွပ်ခြင်းတွေ
ပေါ့ပါးအေးချမ်းခြင်း တွေ ခံစားပြီး
မွန်းကျပ် ၇မှု့ များစွာကို လွှတ်ချဖို့

ခ၇ီးလေးတွေ ထွက်ကြပီး အပန်းဖြေကြမယ်နော့် Fri တို့ 💙

#ခ၇ီးဖော် Kha Yee Phaw
ခ၇ီးသွား၀န်ဆောင်မှု့လုပ်ငန်း
09782723403 . 09252343966 .
Page messengerမှလဲ မေးမြန်းနိုင်ပါတယ်.😘

Photo ownerများ လေးစားစွာcredit ပါ

❤️ 1880ကျော်  ၀န်းကျင်က ပုံ၇ိပ်လေးများပါမကြာမှီမှာ 🇲🇲ယခု page မှ ပြည်တွင်း  ကားလက်မှတ် 🚎✈လေယာဉ္လက်မှတ်များကို 💯  သင့်တင်...
25/09/2021

❤️ 1880ကျော် ၀န်းကျင်က ပုံ၇ိပ်လေးများပါ

မကြာမှီမှာ 🇲🇲ယခု page မှ ပြည်တွင်း

ကားလက်မှတ် 🚎✈လေယာဉ္လက်မှတ်များကို
💯 သင့်တင့်မှန်ကန်သောစျေးနှုန်း

☎️ ✍️ဖုန်းလေးခေါ်ပီး လက်မှတ်တစောင်
ဖြတ်၇ုံနဲ့ အိမ်အ​ေ၇ာက်ပို့ Free ၀န်ဆောင်မှု့

💕💕 ` မြန်မာပြည်အနှံ့ ဘု၇ားဖူးခွင့် ´

ကံစမ်းမဲ များ

` လက်ဆောင်ပစ္စည်းများစွာ ´နှင့်
ဖုန်းBill ကံစမ်းမဲ များကိုလဲ
ဖောက်ပေးသွားမှာဖြစ်တဲ့အတွက်
ေးကို Like &See first လေးလုပ်ဖို့
မမေ့ပါနဲ့ဉီးနော့် .........

အားလုံးလဲ ဘေးကင်းပျော်၇ွှင်နေကြပါစေ 💜

#ခ၇ီးဖော် Kha Yee Phaw
ခ၇ီးသွား၀န်ဆောင်မှု့လုပ်ငန်း .
09782723403 , 09252343966
Messenger မှတဆင့်လဲမေးမြန်းနိုင်ပါတယ်.

🤥 ဟိုးတချိန်က  ကျော့၇ဲ့ နန်းဖော၀ါလေး ၇ှိခဲ့ဖူးတဲ့မြေ `ဘားအံ့ ´ ❤️ ......စိတ်သောကများ တဒင်္ဂကင်း​ေ၀းစေဖို့ပုံလေးများတင်ချ...
24/09/2021

🤥 ဟိုးတချိန်က ကျော့၇ဲ့ နန်းဖော၀ါလေး
၇ှိခဲ့ဖူးတဲ့မြေ `ဘားအံ့ ´ ❤️ ......

စိတ်သောကများ တဒင်္ဂကင်း​ေ၀းစေဖို့
ပုံလေးများတင်ချင်းပါ .

🙏ကပ်၃ ပါးဘေး အမြန်​ေ၀းပြီး
လူတိုင်း နေ၇ာတိုင်း အ၇ာ၇ာ အေးချမ်းကြပါစေခင်ဗျာ ❤️❤️

အသေးစိတ်သိ၇ှိလိုသည်များ
#ခ၇ီးဖော် KhaYeePhaw
ခ၇ီးသွား၀န်ဆောင်မှု့လုပ်ငန်း 09782723403.09252343966 နဲ့ page messengerမှာဆက်သွယ်နိုင်ပါတယ်😘

Photo Credit

` ​ေ၇တံခွန် ´ လေးဘက်လှည့်ဉီးမယ်နော် ချစ်တို့😍ပြင်ဉီးလွင် - မတ္တ၇ာ - နောင်ချို ၃ မြို့ဆုံက ဘန့်ဘွေးကျင်း ​ေ၇တံခွန် 💙 သိပြ...
23/09/2021

` ​ေ၇တံခွန် ´ လေးဘက်လှည့်ဉီးမယ်နော် ချစ်တို့😍
ပြင်ဉီးလွင် - မတ္တ၇ာ - နောင်ချို ၃ မြို့ဆုံက
ဘန့်ဘွေးကျင်း ​ေ၇တံခွန် 💙

သိပြီးသားသူများတွက်လဲ
ပြန်ပီးSharingလုပ်ခြင်းပါ ✌️

🇲🇲🇲🇲မြန်မာနိုင်ငံရဲ့အလှဆုံး ရေတံခွန်တွေထဲက တစ်ခုဖြစ်တဲ့ ဘန့်ဘွေးကျင်းရေတံခွန်လ

ဘန့်ဘွေးကျင်းရေတံခွန် သည် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စုတွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၄၈၆ ပေတွင် တည်ရှိပြီး ရေတံခွန်အမြင့်သည် ၅၅၀ ပေ ရှိသည်။

ပြင်ဦးလွင်/နောင်ချို/မတ္တရာမြို့နယ် သုံးမြို့နယ် ဆုံရာ ဆည်တော်ကြီးရေပြင်အနီး တောင်ကမ်းပါးယံထက်မှာ သဘာဝအတိုင်း အံ့မခန်းဖြစ်တည်နေတဲ့ အဖိုးမဖြတ်နိုင်တဲ့ သဘာဝ ပန်းချီကား ချပ်ကြီးတစ်ချပ်အလား ထင် မှတ်ရတဲ့ ရေတံခွန်ကြီးတစ်စင်းပဲ ဖြစ်ပါတယ်။

ဒေသအခေါ် ရှမ်းဘာသာ စကားနဲ့ #နမ့်တန်း ရေတံခွန်ဟုခေါ်ဆိုပါတယ်။ #မောင်နှံခုနစ်ဖော်ရေတံခွန် ဟုလည်း ခေါ်ဆိုပြီး တစ်ချို့က ဘန့်ဘွေးချင်း ရေတံခွန်ဟုလည်း ခေါ်ဆိုပါတယ်။

ပြင်ဦးလွင်နဲ့ မိုင် ၃၀ ခန့်သာ ကွာဝေးပြီး ဆည်တော်ကြီးရဲ့ အရှေ့ဖက် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျင်း ကျေးရွာ ကိုင်းကြီး သစ်တောကြိုးဝိုင်းအတွင်းထဲမှာ တည်ရှိပြီး နောင်ချိုမြို့နယ် နမ့်ပါ့မွန် ချောင်းမှ စီးဆင်းလာတဲ့ရေများဖြစ်ပြီး ဘန့်ဘွေးကျင်းရွာအနီးမှာ ရေတံခွန်ကြီးဖြစ်တည်နေပါတယ်။ ရေတံခွန်က ဆင်းတဲ့ရေများဟာ ဆည်တော်ကြီး ဖက်သို့စီးဝင်သွားပါတယ်။ထိုနေရာမှ တစ်ဆင့်ပြီး တစ်ဆင့် နိမ့်ဆင်းသွားပြီး ရေတံခွန်အဆင့် ၇၀ နီးပါးလောက်အထိ ရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။.

💜 #ပြင်ဦးလွင်မြို့နယ် မိုးကြိုးပြစ်ကျေးရွာမှ တစ်ဆင့် လမ်း ခွဲသွားပြီး ပြင်ဦးလွင်~မိုးကုတ် လမ်းပိုင်း ၂၃ မိုင် ၅ ဖာလုံ မှ တစ်ဆင့် လွယ်လိတ်ရွာ သို့ ဝင်သွားရပါတယ်။
#လွယ်လိတ် လမ်းခွဲအတိုင်း ဝင်လာရင် ၁ မိုင် အကျော်မှာ လွယ်လိတ်ရွာသို့ ရောက်ပါတယ်။ လွယ်လိတ်ရွာ မှ တစ်ဆင့် ၃ မိုင် ၅ ဖာလုံ အကွာမှာ သပြေဒိုးရွာ သို့ရောက်ရှိပါတယ်။
#သပြေဒိုးရွာ မှတစ်ဆင့် ၂ မိုင်အကွာမှာ ရေအားလျှပ် စစ်စီမံကိန်း သို့ရောက်ရှိပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းရဲ့ ၁ မိုင်ခွဲ အကွာ မှာ ရေတံခွန်တည်ရှိပါတယ်။

😍 #သဘာဝရူခင်း
သဘာဝရူခင်းတွေ ဝန်းရံထားတဲ့ ရေတံခွန်ကိုအပေါ်စီးကနေ ကြည့်ရှုနိုင်သလို ရေတံခွန်အောက်ခြေမှာ ဆို အထပ်ထပ်ဖြစ်နေတဲ့ ရေကန်ငယ်တွေကို တွေ့ရဦးမှာပါ။

မြင့်မားလှတဲ့တောင်နံရံကြီးဆီကနေ စီးကျနေတဲ့ ဘန့် ဘွေးကျင်း ရေတံခွန်ရဲ့ ရင်သပ်ရှုမောဖွယ်အလှကတော့ မောပန်းသမျှကို မေ့လျော့သွားစေမှာပါ။

☘️🍀ရှုခင်းတွေက အရမ်းလှသလို ဆည်တော်ကြီးဆည်အလှကိုလည်း တွေ့မြင်နိုင်အုံးမှာပါ။

ရေတံခွန်အောက်ခြေရောက်ဖို့ဆိုရင်တော့ အဆင်းကို တစ်နာရီဝန်းကျင်ကြာဆင်းရမှာပါ။ လမ်းတွေကတော့ ချောက်တွေဘေး၊ တောင်နံရံဘေးတွေက ကပ်ပြီးဆင်းရတာများပါတယ်။ တစ်ချို့နေရာတွေဆို တွယ်ဖက်ပြီးတက်ရတဲ့ နေရာတွေလည်း ရှိပါတယ်။ အဆင်းအတက် တောင်ကြောတစ်လျှောက်မှာ မတ်စောက်လွန်းတဲ့လျှိုတွေအများအပြားရှိသလို ဝါးတန်း၊ ကြိုးတန်းတွေကို အားပြု ပြီးသွားရတာမို့ ပေါ့ပါးတဲ့အဝတ်အစားတွေ၊ ခြေမချော်နိုင်တဲ့ တောင်တက်ဖိနပ်တွေ ဝတ်ဆင်သွားသင့်ပါတယ်။

💊ရေသန့်၊ ဓါတ်ဆားရေ၊ စားစရာတွေကိုလည်း ယူသွားရပါမယ်။ ဘန့်ဘွေကျင်းရေတံခွန်ဟာ တောင်တက်ခရီးသွား အတွေ့အကြုံ လိုချင်တဲ့သူတွေအတွက်တော့ တကယ့်ကို သင့်တော်တဲ့ ခရီးတစ်ခုပါ။ အဆင်းအတက်ဟာ မတ်စောက်တာကြောင့်အသက်အရွယ်ကြီးရင့်သူတွေ၊ အမောဒဏ်မခံနိုင်သူတွေနဲ့ ကလေးငယ်တွေကိုတော့မခေါ်သွားသင့်ပါဘူး။

🏂တောင်အောက်ကို ရောက်ပြီဆိုရင်တော့ တောင်ပေါ်ကဆင်းလာရတဲ့ မောပန်းနွယ်နယ်မှုတွေဟာ သဘာဝအလှ တရားရဲ့ဖမ်းစားမှုကြောင့် တစ်ခဏတာအတွင်းပျောက်ကွယ်သွားမှာပါ။ ရေတံခွန်ရဲ့အောက်မှာတော့ အေးမြကြည်လင်တဲ့ ရေအိုင်ငယ်တွေ၊ ရေတံခွန်ငယ်လေးတွေအဆင့်ဆင့်နဲ့ ရေတံခွန်ဂူအတွင်းမှာရှိတဲ့ ကျောက်ခတ်ပန်းဆွဲတွေ၊ သဘာဝအလှ လှပနေတဲ့ ပန်းတွေကိုမြင်တွေ့ရဦးမှာပါ။

😍ရေတံခွန်နဲ့ ဓါတ်ပုံရိုက်လို့ကောင်းသလို ရေကန်စွန်းလေးကနေ အမြင့်မှ မြင်ရတဲ့ View နဲ့ ဓာတ်ပုံရိုက်လို့လည်း ကောင်းပါတယ်။

❌ ရေကန်တွေရဲ့ အနက်ကိုမသိနိုင်တာကြောင့် ရေဆင်းကူး မျိုး၊ ရေဆော့တာမျိုး လုပ်မယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။

💯ဘန့်ဘွေကျင်းရေတံခွန်ခရီးဟာ ခရီးကြမ်းဖြစ်တာကြောင့်စွန့်စားရတာကို ဝါသနာပါတဲ့ လူငယ်တွေအတွက်တော့အတွေ့အကြုံတွေရရှိစေမှာဖြစ်ပါတယ်။ သဘာဝအလှတရားတွေနဲ့ အနီးကပ်ထိတွေ့ခံစားချင်သူတွေအတွက် သွားသင့်တဲ့နေရာတစ်ခုပါ။

အသေးစိတ်သိ၇ှိလိုသည်များ
#ခ၇ီးဖော် KhaYeePhaw
ခ၇ီးသွား၀န်ဆောင်မှု့လုပ်ငန်း 09782723403.09252343966 နဲ့ page messengerမှာဆက်သွယ်နိုင်ပါတယ်😘

photo Owner များအား လေးစားစွာ Credit ပါ

ဆောင်းတွင်းနီးလာပြီနော် ချစ်တို့​ေ၇  ❤️မိသားစုနဲ့လား ချစ်၇သူနဲ့လားသူငယ်ချင်းတွေနဲ့ပဲ သွားမလား ?? 😍ဓာတ်များများဖမ်းပီး အပ...
22/09/2021

ဆောင်းတွင်းနီးလာပြီနော် ချစ်တို့​ေ၇ ❤️
မိသားစုနဲ့လား ချစ်၇သူနဲ့လား
သူငယ်ချင်းတွေနဲ့ပဲ သွားမလား ?? 😍

ဓာတ်များများဖမ်းပီး အပန်းသွားဖြေသင့်တဲ့

`နောင်ချိုတိမ်ပင်လယ်´ ၇ဲ့ နေ၇ာသစ်လေး
7th heaven
သတ္တမမြောက် နိဗ္ဗာန်ဘုံပါ ........

အသေးစိတ်သိ၇ှိလိုသည်များ
#ခ၇ီးဖော် KhaYeePhaw
ခ၇ီးသွား၀န်ဆောင်မှု့လုပ်ငန်း 09782723403.09252343966 နဲ့ page messengerမှာဆက်သွယ်နိုင်ပါတယ်😘

photo Owner များအား လေးစားစွာ Credit ပါ

☕️ကော်ဖီကြိုက်သူလေးများတွက်အပန်းပြေသွား အောင်ပါ 😍😘   😘   မင်မင်  အတွဲ၇ခဲ့၇င် သွားသောက်မယ်လို့ စိတ်ကူးထားတဲ့ နေ၇ာလေးတခုဆိ...
21/09/2021

☕️ကော်ဖီကြိုက်သူလေးများတွက်
အပန်းပြေသွား အောင်ပါ 😍😘 😘 မင်မင် အတွဲ၇ခဲ့၇င်
သွားသောက်မယ်လို့ စိတ်ကူးထားတဲ့
နေ၇ာလေးတခုဆိုလဲ မမှားဖူးပေါ့ ☺️☺️

Deluxe room နဲ့ Bath tub ပါ ၇ှိတော့
ပိုပီး ပြည့်စုံပီပေါ့ ...

မိတ်ဆွေ အပေါင်းသင်းများအားလုံး
ဘေးကင်းအေးချမ်းကြပါစေ.

#ခ၇ီးဖော် Kha Yee Phaw ❤️

ခ၇ီးသွား၀န်ဆောင်မှု့လုပ်ငန်း
09782723403 . 09252343966

🥰 ဒီနေ့ ` တော်သလင်း´ လပြည့် ဂ၇ုဓမ္မအခါတော်နေ့လေးမှာ😘မုံ၇ွာက​ေ၇ှးဟောင်းနေ၇ာလေးတခုအကြောင်း ပြန်တင်ပေးခြင်းပါ . 🙏မုံရွာတစ်ဘ...
20/09/2021

🥰 ဒီနေ့ ` တော်သလင်း´ လပြည့် ဂ၇ုဓမ္မအခါတော်နေ့လေးမှာ😘မုံ၇ွာက​ေ၇ှးဟောင်းနေ၇ာလေး
တခုအကြောင်း ပြန်တင်ပေးခြင်းပါ . 🙏

မုံရွာတစ်ဘက်ကမ်းဆားလင်းကြီးမြို့နယ်....
ယင်းမပင်ခရိုင်၊စစ်ကိုင်းတိုင်းဖိုးဝင်းတောင်ဘက်ကို...
သွားတဲ့လမ်းတွေကျော်ပြီးမှရောက်တဲ့‌‌နေရာလေး...
တော်တော်သွားရတယ်။

ဘာနည်းပညာအကူအညီမှမပါပဲ...
ကျောက်တောင်ကြီးတစ်ခုလုံးကို...
လက်နဲ့သာထွင်းထုပုံဖော်ထားတဲ့...

" ရွှေဘတောင် "....

အံသြရပါပေတယ်။

မြန်မာနိုင်ငံမှာ ...
ဒီလိုနေရာရှိနေတယ်ဆိုတာ သိရတော့...
အလွန့်အလွန်ကို...လည်းဂုဏ်ယူမိပါတယ်။

နှစ်ပေါင်း ၉၀၀တိုင်အောင်....
ခမ်းခမ်းနားနားရှိနေဆဲဖြစ်တဲ့ ....
မုံရွာမြို့ရဲ့ရွှေဘတောင်ဟာ နောင်တစ်ချိ န်ကိုသွားရောက်လေ့လာလည်ပတ်ဖို့ နှလုံးသားထဲကတေးမှတ်ထားရမဲ့နေရာပါပဲ။

​ကျောက်စေတီတွေ....
ကျောက်လှို ဏ်ဂူတွေ...
ကျောက်လှေကားတွေ...
ကျောက်ဆင်ရုပ်တွေနဲ့...
ကျောက်ပန်းပုတွေနဲ့ ခမ်းနားစွာတည်ရှိနေတဲ့....

ရွှေဘတောင်ဟာ .....
မုံရွာမြို့တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း‌
ဒေသကြီး ယင်းမာပင်မြို့နယ်တွင်တည်ရှိတာပါ။

ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်းဖြစ်ပြီး...
အခြားသော....
နွားသိုးတောင်၊ ဖန်ခါးတောင်၊လင်းနို့တောင်....
ကျောက်တစ်လုံးတောင်တို့နှင့်လည်း....
တစ်ဆက်တည်းရှိနေပါတယ်။

ရှေးဟောင်းကျောက်ထွင်း....
ကျောက်တောင်ကြီးတွေ....ဝန်းရံထားတဲ့...
ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။

မြန်မာတို့ရဲ့စေတီဘုရားတွေဟာ ....
ပုံမှန်တော့ အုတ်တွေသဲတွေ နဲ့သာတည်ထားကိုးကွယ်ကြသော်လည်း
ရွှေဘတောင်မှာရှိတဲ့ဘုရားတွေက‌တော့
ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။

ကျောက်သားနံရံများကို အင်္ဂတေလုံးဝမပါပဲ...
မြန်မာမှု လက်ရာကျောက်ပန်းတမော့နှင့်....
ကျောက်လက်မှု ပညာစစ်စစ်တွေနဲ့သာ...
ထွင်းထုထားပါတယ်။

ရွှေဘတောင်မှာနာမည်ကြီးကျောက်လှေကားကတော့.... Instragramမှာ နာမည်ကြီးနေရာဖြစ်ပြီး....
‌ကျောက်နံရံကို ...
ကျောက်ရေအိုးစဉ်အဖြစ် ....
အသက်သွင်းထားမှု တွေ....
ကျောက်တောင်ကြီးကို....
ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး ...
အတွင်းမှာစေတီများ ဘုရားများ တည်ထားပါသည်။

နောက်ထပ်အထင်ကရနေရာကတော့...
ကျောက်ဆင်ရုပ်ကြီးပါ။

ကျောက်ဆင်ရုပ်ကြီးဟာ ..,
ကျောက်တုံးအကြီးကြီးကိုထွင်းထုထားပြီး.....
ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ဘုရားများကိုပူဇော်ထားပါတယ်။

ရွှေဘတောင်ဟူ၍အမည်တွင်ရခြင်းမှာတော့...
ပုဂံခေတ်...
အလောင်းစည်သူမင်းလက်ထက်တွင်....
ကျောက်ထွင်းအနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘမှ...
ထိုကျောက်တောင်အကြီးကြီးတွင်...
ကျောက်နံရံများ၊
ကျောက်ရုပ်ထုများ၊
ကျောက်ဂူများ၊
ကျောက်ဘုရားများနှင့်...
ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး...
ကျောက်လူသွားလမ်းဖောက်လုပ်ရာမှ....
ရွှေဘတောင်ဟူ၍အမည်တွင်ရခြင်းဖြစ်ပါသည်။

ကျောက်ထွင်းအနုပညာရှင်....
ဦးရွှေဘနှင့် တပည့်များမှ ထိုကျောက်တောင်ကြီးကို...
ပုံဖော်ရာတွင်လည်း မည်သည့်နည်းပညာမှမပါဝင်ပဲ...
လက်နှင့်ဆောက်ကိုသာသုံး၍ ...
ကျောက်သားများကိုထွင်းထုခဲ့ကြပါတယ်။

ထိုသို့ကျောက်သားများကိုထွင်းထုရာတွင်...
ဂဝံမြေသားကို အသုံးပြု ခဲ့ကြပါသည်။

ဂဝံမြေသားဆိုသည်မှာ....
ကျောက်ပျော့အမျိုးအစားဖြစ်ပြီး အေးသောဓာတ်ရှိပါတယ်။

လိုသလိုပုံသွင်းနိုင်ပြီးနောက်မှအလိုလိုမာသွားကာ...
ဖြတ်သုံး၍ရသောကျောက်ဖြစ်ပါတယ်။

လူသွားလမ်းများ....
သာသနာကျောင်းဆောင်များ....
ဘုရားများစေတီများ၊ကျောက်ပန်းပုရုပ်အစုံ..

မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာ..
ထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာ
တော့တွေ့ရပါတယ်။

ဥပမာပြောရရင်အဆောက်အဦးတွေနား....
အမှို က်ပွနေခြင်းတွေ....
‌ရှေးဟောင်းလက်ရာကျောင်းဆောင်များအား ...
ခေတ်လက်ရာဆေးများသုတ်ပစ်ခြင်းတို့ကိုဖြစ်ပါတယ်။

စစ်ကိုင်းဘက်ကိုရောက်ဖြစ်ခဲ့ရင်တော့...
ရွှေဘတောင်ကို ဝင်ပြီး...
မြန်မာကျောက်ပန်းပုလက်ရာတွေကို ...
အဝငေးမောရန် နှလုံးသားထဲတေးထားသင့်နေလေပြီ။

Credit@Ko NayMann

လေးစားစွာဖြင့်
#ခ၇ီးဖော် Kha Yee Phaw
ခ၇ီးသွား၀န်ဆောင်မှု့ လုပ်ငန်း 🙏

မြန်မာ့မြို့များ၇ဲ့ ​ေ၇ှးဟောင်းအမည်များ 😘🥰ကန္တာရ၀တီ >>>>> ကယားကမ္ဘောဇ >>>>> ရှမ်းကုသိနာဂရ >>>>> ပုသိမ်ကေတုမတီ >>>>> တောင...
19/09/2021

မြန်မာ့မြို့များ၇ဲ့ ​ေ၇ှးဟောင်းအမည်များ 😘🥰
ကန္တာရ၀တီ >>>>> ကယား
ကမ္ဘောဇ >>>>> ရှမ်း
ကုသိနာဂရ >>>>> ပုသိမ်
ကေတုမတီ >>>>> တောင်ငူ
ကေလာသ >>>>> တောင်၊ ကျိုက်ထိုဘီးလင်းတောင်ဘက်
သရေခေတ္တရာ >>>>>>ပြည်
ကောသမ္ဘီ >>>>> ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ >>>>> ကျိုင်းတုံ
ခေါသန္တီ >>>>> မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ >>>>> ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ >>>>> စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ >>>>> စလင်းအနောက်ဘက်
စိနရဋ္ဌ >>>>> ကချင်ပြည်နယ်
စန္ဒပူရ >>>>> မဏိပူရဘက်နယ်စပ်

စမ္ပာနဂရ >>>>> သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ်ဎန >>>>> တောင်ငူနယ်
ဇေယျပူရ >>>>> စစ်ကိုင်း
ဇောတိနုဂရ >>>>> ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ {၁၂} နယ်
တတ္ထဒေသ >>>>> ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ >>>>> ဧရာဝတီမြောက်ပိုင်း
ဓညဝတီ >>>>> မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ >>>>> မြစ်ငယ်
ဒွာရာဝတီ >>>>> သံတွဲ
နဂရာဇာ >>>>> နဂရစ်
ပဉ္စာလရာဇ် >>>>> တကောင်း
ပဌမနဂရ >>>>> မကွေးတောင်ဘက်
ပေါက္ကရ၀တီ >>>>> ရန်ကုန်
မဟာနဂရ >>>>> မွန်ငယ်
မစ္ဆဂီရိ >>>>> ချင်းတောင်တန်း
မေဃဝတီ >>>>> မာန်အောင်
မိတ်ထီလာ >>>>> မိတ်ထီလာ
ယက္ခပုရ >>>>> သထုံ
ယောနက >>>>> ယော
ရတနပုရ >>>>> အင်းဝ
ရတနာတင်းတိမ် ........> တောင်တွင်းကြီး
ရတနာပုံ >>>>> မန္တလေး
ရာဇဂြီဟ >>>>> ကလေးအနီး
ရာမညဒေဝ >>>>> မွန်ပြည်နယ်
ရမ္မာဝတီ >>>>> ရမ်းဗြဲ
ရတနာသိင်္ခ/ရတနာသိင်္ဃ >>>>> ရွှေဘို
ဝေဘာရာ ဝေပုလ္လ >>>>> ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ >>>>> မြောက်ဦးအနီး
ဝိမဏု >>>>> ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ >>>>> ချင်းတွင်းမြစ်
သာကေတ >>>>> ရန်ကုန်
သာဂရ >>>>> ဆွာအနီး
သာယာဝတီ >>>>> သုံးဆယ်အနီး
သိရီခေတ္တရာ >>>>> မော်ဇာ
သိရီပစ္စရာ >>>>> ပုဂံအနီး
သိင်္ဂုတ္တရ >>>>> ရွှေတိဂုံကုန်းတော်
သုနာပရန္တ >>>>> ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ >>>>> သထုံ
သုဝဏ္ဏဘူမိ >>>>> တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာရ >>>>> တကောင်း
ဟရိပုဉ္စ >>>>> မွန်ပြည်နယ်/ ထိုင်း
ဟံသာဝတီ >>>>> ပဲခူး
အမရပူရ >>>>> တောင်မြို့
အရိမဒ္ဒနပူရ >>>>> ပုဂံ
အသီတဉ္စန >>>>> ရန်ကုန်
အလ္လကပ္ပ >>>>> စစ်ကိုင်းအနီး
အာဠဝတီ >>>>> မြစ်ကြီး
သြရိဿ >>>>> ပဲခူး
ဥက္ကလာပ >>>>> ရန်ကုန် တို့ဖြစ်ပါသည်။



သမိုင်းစာမျက်နှာများ

Address

Mandalay

Telephone

+959782723403

Website

Alerts

Be the first to know and let us send you an email when ခ၇ီးဖော် _ Kha Yee Phaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ခ၇ီးဖော် _ Kha Yee Phaw:

Share

Category