Khur tai

Khur tai Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khur tai, Train station, mong yaw kham, Möng Nai.

24/12/2020

TNLA ‘ရန်ပုံငွေ’ အဖြစ် ငွေကျပ် ၁၅ သိန်း၊ ၁၆ သိန်း ပေးသွင်းရန် ဖုန်းမက်ဆေ့များမှတစ်ဆင့် ပေးပို့တောင်းခံထားပြီး ...

24/12/2020

▪️မုံရွာတွင် ကိုဗစ်လူနာနှင့်ထိစပ်သူ လေးဦး ထပ်မံ ပိုးတွေ့
=================================

အိဖြိုး
မုံရွာ၊ဒီဇင်ဘာ - ၂၄

မုံရွာမြို့၊ဘုန်းစိုးရပ်ကွက်တွင် မြဝတီရပ်ကွက်မှ ကိုဗစ်လူနာနှင့်ထိစပ်သူ လေးဦး ပိုးတွေ့ကြောင်း မြို့နယ်ကာကွယ်ထိန်းချုပ်ရေးကော်မတီက အတည်ပြုသည်။

မြဝတီရပ်ကွက်မှ ပိုးတွေ့လူနာသည် ယခုကူးစက်ခံရသူလေးဦးရှိသည့် ဘုန်းစိုးရပ်ကွက်နေအိမ်တွင် တည်းခိုသည့် မြန်မာဆေးဆရာနှင့် ယခုလ ၂၂ ရက်က ကင်ဆာအကြိတ်လာရောက် ခွဲစိတ်ခဲ့သူဖြစ်သည်။

"ဆားလင်းကြီးက ဆေးဆရာကဆေးကုလာတိုင်း ဘုန်းစိုးရပ်ကွက်ကအိမ်မှာ တည်းတယ်။ပိုးတွေ့အမျိူးသမီးက အဲဒီအိမ်မှာ အကြိတ်ခွဲခဲ့တယ်ဆိုလို့ ကွာရတင်းထားတာ။ဆေးဆရာကလည်း ဆားလင်းကြီးမှာ Positive ထွက်ထားတယ်" ဟုမုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်စိုးက ပြောသည်။

ယခု ပိုးတွေ့လေးဦးမှာလည်း သက်ဆိုင်ရာရပ်ကွက် ကွာရတင်းတွင်ထားရှိကာ စစ်ဆေးစဉ် ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။

လူနာများကို ကွာရတင်းစင်တာမှတဆင့် မုံရွာတက္ကသိုလ်ဆေးရုံသို့ပို့ဆောင်ကုသမည် ဖြစ်သည်။

မုံရွာမြို့နယ်တွင် ပိုးတွေ့လူနာ ၈၁ ဦးရှိခဲ့ပြီး ယင်းမာပင်မြို့နယ်မှ မုံရွာဆေးရုံသို့ ဆေးကုသမှုခံခဲ့သူတစ်ဦးနှင့် မြဝတီရပ်ကွက်မှ နှစ်ဦးသေဆုံးထားသည်။

02/12/2020

” ပံ့ သ ကူ ” ရဲ့အနက်အဓိပ္ပါယ် ” ” ပံ့သကူ “ဆိုတဲ့…စကားလုံးလေးဟာ… အတော်များများ ကြားဘူးကြပြီးသားဖြစ်ပြီး… မြန်...

01/12/2020

🟢 တပ်မတော်ဘက်က ဒီဇင်ဘာလကုန်အထိ အပစ်ရပ် ထပ်တိုး

ရွှေဖီမြေ၊ ဒီဇင်ဘာ ၁ ရက်၊ လားရှိုး

ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ အပစ်ရပ်ကာလကို ထပ်မံတိုးမြှင့်ကြောင်း တပ်မတော်ဘက်က ဒီနေ့ ဒီဇင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အပစ်ရပ်တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ် ရေးထားထားတဲ့အဖွဲ့အပြင် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း လက်မှတ်ရေးထိုးနိုင်အောင် အပစ်ရပ်တိုးတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့ နေရာတွေမှအပ ကျန်နယ်မြေတွေမှာသာ အပစ်ရပ်တာ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ အပစ်ရပ်ကြေညာလာတာ လက်ရှိအကြိမ်အပါအဝင် ၅ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။

#အပစ်ရပ် #သက်တမ်းတိုး #တပ်မတော်
#ဓာတ်ပုံ- Google
https://www.facebook.com/451214215694715/posts/850161109133355/

Address

Mong Yaw Kham
Möng Nai
327337

Telephone

+959796489010

Website

Alerts

Be the first to know and let us send you an email when Khur tai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category