15/06/2023
မြန်မာကုမ္ပဏီ သုံးပုံနှစ်ပုံခန့် ဘဏ်ဝန်ဆောင်မှု အသုံးမပြုကြ
- ဘဏ်စနစ်အပေါ် ယုံကြည်မှုနည်းပါးနေသေးဟု ကမ္ဘာ့ဘဏ်ပြော
ရန်ကုန်၊ ဇွန် ၁၅
မြန်မာကုမ္ပဏီတွေရဲ့ သုံးပုံနှစ်ပုံခန့်မှာ ဘဏ်ဝန်ဆောင်မှုတွေကို အသုံးမပြုကြဘူးလို့ ကမ္ဘာ့ဘဏ်ရဲ့ ဧပြီလ ၃ ရက်နေ့ထုတ် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ စစ်တမ်းအမှတ် (၁၄) မှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီတွေရဲ့ သုံးပုံတစ်ပုံခန့်ကပဲ လက်ရှိဘဏ်လုပ်ငန်းစနစ်ကို ယုံကြည်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းအပေါ် ဖြေကြားထားပါတယ်။
ငွေသားချည်းပဲအသုံးပြုပြီး ငွေပေးချေမှုပုံစံဟာ အဓိကနည်းလမ်းအဖြစ် ကျန်ရှိနေသေးပြီး ကုမ္ပဏီများရဲ့ ၉၁ ရာခိုင်နှုန်းလောက်က ထွက်ဆိုတယ်လို့ ဘဏ်ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုုခြင်းမရှိတဲ့ ကုမ္ပဏီတွေက တင်ပြမှုကနေ သိရှိရပါတယ်လို့ ကမ္ဘာ့ဘဏ်က တင်ပြခဲ့ပါတယ်။
ဒါ့အပြင် ငွေလွှဲတာလောက်ကိုပဲ ဘဏ်ဝန်ဆောင်မှုအဖြစ် အဓိကအသုံးပြုကြတယ်လို့ ဘဏ်ဝန်ဆောင်မှုကို အသုံးပြုသူတွေရဲ့ ၉၇ ရာခိုင်နှုန်းက အစီရင်ခံတင်ပြကြပါတယ်။
ဒါပေမယ့် ငွေသားအပ်နှံခြင်း၊ ချေးငွေရယူနိုင်ခြင်းစတဲ့ အဓိကကျလှတဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသုံးပြုသူ ၁၃ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ အသီးသီးရှိကြတယ်လို့ အစီရင်ခံကြပါတယ်။
ကန့်သတ်ချက်များကို ဖြေလျှော့နေပေမယ့် ငွေထုတ်ယူနိုင်ခြင်းဟာ အဓိကကျတဲ့ ကန့်သတ်ချက်တစ်ခုအဖြစ် ကျန်နေသေးတယ်လို့ ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုနေကြတဲ့ လုပ်ငန်းများရဲ့ အရေအတွက် တစ်ဝက်လောက်က အစီရင်ခံကြပါတယ်။
ဒါဟာ ကုမ္ပဏီအများစုအတွက် ပုံမုန်ဘဏ္ဍာရေးဝန်ဆောင်မှုများကို ရယူနိုင်ရေးဟာ စိန်ခေါ်မှုအဖြစ် ကျန်သေးတယ်လို့ ဆိုလိုနေတာဖြစ်ပါတယ်။
သတင်း -