Ko Naing Gyi - Hpa-An Car Rental Service

  • Home
  • Ko Naing Gyi - Hpa-An Car Rental Service

Ko Naing Gyi - Hpa-An Car Rental Service ဘားအံမှာ ကားကောင်းကောင်း Aircon အေးအေးလေးနဲ့ မပင်ပန်းပဲ အေးဆေးလည်ပတ်ချင်တယ်ဆိုရင်တော့ ကိုနိုင်ကြီး ကို ဆက်သွယ်လိုက်ပါ📲 09783263039

04/07/2026

ဘားအံမြို့အနီးက သဘာဝအလှတစ်ခု

#လှိုင်ကားရေတံခွန်

🚗👨‍👩‍👧‍👦 ဒီတစ်ခေါက် လိုက်ပို့ပေးခဲ့တဲ့ မိသားစုခရီးစဉ်လေးကတော့ တကယ့်ကို အမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ Perfect Trip လေးတစ်ခ...
03/07/2026

🚗👨‍👩‍👧‍👦 ဒီတစ်ခေါက် လိုက်ပို့ပေးခဲ့တဲ့ မိသားစုခရီးစဉ်လေးကတော့ တကယ့်ကို အမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ Perfect Trip လေးတစ်ခု ဖြစ်ခဲ့ပါတယ်ဗျာ။ 😍

ဘာလို့လည်းဆိုတော့...
🏨 Perfect Timing: တောင်ခြေက နာမည်ကြီးဟိုတယ် Booking ကို သူတို့လိုချင်တဲ့ရက်အတိအကျ ရခဲ့တယ်။
📅 Double Lucky: အဆင်ပြေချင်တော့ ကျနော့်ဘက်မှာလည်း Booking အလွတ်ရှိနေတဲ့ရက်နဲ့ ကွက်တိ သွားတိုးတာပဲ! (တကယ့်ကို ကံကောင်းခြင်းတွေ ဆုံဆည်းတဲ့ ခရီးစဉ်ပေါ့ ✨)

ဒီခရီးစဉ်မှာ အဓိကချီးကျူးရမှာကတော့ Trip Plan Management တော်တော်ကောင်းတဲ့ အကိုကြီးပါပဲဗျာ။ 👏 လူကြီးမိဘတွေလည်း ပါတာမို့လို့ လုံးဝမပင်ပန်းစေဘဲ စိတ်တိုင်းကျ နေရာစုံစုံလင်လင် ရောက်အောင် ပို့ပေးနိုင်ခဲ့လို့ ကျနော်လည်း လိုက်ပါပို့ဆောင်ပေးရတာ တကယ်ကို ပီတိဖြစ်ရပါတယ်။ 🥰

📸 အမိုက်စားဓာတ်ပုံတွေရဲ့ နောက်ကွယ်က "ဆုလာဘ်"
ညီမလေးအတွက် ပုံကောင်းကောင်းလေးတွေ မရမချင်း တောင်ကြားလမ်းထဲကို နှစ်ရက်ဆက်တိုက် သွားပြီး ဇွဲကောင်းကောင်းနဲ့ ရိုက်ပေးခဲ့တဲ့ ဒီလိုအကိုမျိုး မိသားစုထဲမှာ ရှိတာဟာ တကယ့်ကို ဘုရားပေးတဲ့ ဆုတစ်မျိုးပါပဲဗျာ။ (တကယ်အားကျဖို့ကောင်းတာ 🙈💓)

သူတို့ရဲ့ ပျော်စရာ၊ ကြည်နူးစရာ မိသားစုပုံရိပ်လေးတွေကို ကြည့်ပြီး ကျနော်တောင် အားကျသွားလို့... ဒီနှစ်ထဲမှာ ကျနော့်မိသားစုအတွက်လည်း Family Trip တစ်ခု မဖြစ်ဖြစ်အောင် စီစဉ်ရဦးမယ်လို့ ဆုံးဖြတ်လိုက်ပြီဗျာ! 😉

⛰️ ဘားအံမြို့ကို မိသားစုနဲ့အတူ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ အပန်းဖြေ လည်ပတ်ချင်တယ်ဆိုရင်တော့...
စိတ်ပူစရာမလိုဘဲ အစစအရာရာ အဆင်ပြေအောင် အကောင်းဆုံး ဝန်ဆောင်မှုပေးမယ့် ကျနော့်ကိုသာ အခုပဲ ယုံကြည်စိတ်ချစွာ ဆက်သွယ်လိုက်ပါခင်ဗျာ။ 📞👇
[📞 09783263039 or chat box
မှတ်ချက်။ ။booking လေးတွေကြိုတင်စေချင်ပါတယ်ခင်ဗျ ။booking မရတော့ဘူးလို့ပြောရတာကို ကျနော်က တော်တော်အားနာတက်လို့ပါခင်ဗျ 😍

📸 ပုံလေးတွေကတော့ ဧည့်သည်အကိုရဲ့ ခွင့်ပြုချက်လေးယူပြီးမှ ထည့်လိုက်တာပါခင်ဗျ တင်ခွင်ပြုတဲ့အကိုကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ

​ #

အဲ့ဒီအခန်းလေး ဘားအံက ဇွဲကပင်တောင်ခြေမှာသာရှိရင် လာလည်တဲ့ဧည့်သည်တွေအတွက် တော်တော်အဆင်ပြေမှာပဲ။ (တောင်ခြေဟိုတယ် booking မရ...
26/06/2026

အဲ့ဒီအခန်းလေး ဘားအံက ဇွဲကပင်တောင်ခြေမှာသာရှိရင် လာလည်တဲ့ဧည့်သည်တွေအတွက် တော်တော်အဆင်ပြေမှာပဲ။ (တောင်ခြေဟိုတယ် booking မရသူ ရှု့ထောင်မှ အမြင်သက်သက်ပါ)🤣🤣

ကျွန်တော် လိုက်ပို့ဖူးသမျှ ဧည့်သည်တွေထဲမှာ အသန်ဆုံးနဲ့ တကယ့်ကို အသွားနိုင်ဆုံး Fighters ၄ ယောက်! 💪😮**၃ ရက်တည်းနဲ့ ဘားအံက...
08/06/2026

ကျွန်တော် လိုက်ပို့ဖူးသမျှ ဧည့်သည်တွေထဲမှာ အသန်ဆုံးနဲ့ တကယ့်ကို အသွားနိုင်ဆုံး Fighters ၄ ယောက်! 💪😮**
၃ ရက်တည်းနဲ့ ဘားအံက...
၁။ ဇွဲကပင်တောင် ⛰️
၂။ တောင်ဝိုင်း ⛰️
၃။ ကြာအင်တောင် ⛰️
တောင် ၃ လုံးစလုံးကို မကျန်အောင် တက်ခဲ့တဲ့အပြင်၊ ဘားအံရဲ့ လည်လို့ရသမျှ နေရာအစုံကို မမောတမ်း ပတ်လည်ခဲ့ကြတဲ့ Super Guests လေးတွေပါပဲ။ 🥰
သူတို့လေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်တက်ကြွကြွ လည်ပတ်နေတာကို လိုက်ပို့ပေးရင်းနဲ့ ကိုယ်တောင် အသက် ၁၀ နှစ်လောက် ပြန်ငယ်သွားသလို ခံစားရတဲ့အထိ Energy တွေ ကူးစက်ခဲ့ရပါတယ်။ ✨
ဘားအံကိုလာရင် နေရာစုံစုံလင်လင်နဲ့ စိတ်ကြိုက် လည်ပတ်ချင်ပါသလား?
စိတ်ချရပြီး ဒေသအနှံ့ ကျွမ်းကျင်တဲ့ ကျွန်တော်ရဲ့ ကားအငှားဝန်ဆောင်မှု ရှိနေပြီမို့ အခုပဲ ဆက်သွယ်လိုက်ပါဗျာ။ 🚗💨
လိုက်ပို့ပေးမည့်နေရာများ
​🌿 Day 1 – ဘားအံမြို့တွင်း အလှအပများ (One Day Trip)
​ဇွဲကပင်တောင် (Zwekabin Mountain) 🏔️
​နောင်ခလိုင် ရေဂူ
​ကော့ကသောင်ဂူ 🪨
​ဖိုးတခေတ် စေတီ 🛕
​နောင်လုံတောင်ကြား
​ကော့နန်းသာစမ်းချောင်း
​ထွန့်ပတိုင် 🪷
​ဆဒ္ဒန်ဂူ
​လွန်းညရေပြာအိုင် 💧
​ကျောက်ကလပ်ဘုရား

​🌿 Day 2 – ဘားအံအနီးအနား သဘာဝအလှ ခရီးစဥ်
​တောင်ဝိုင်းတောင် 🌄 (Sunrise ကြည့်မလား)
​ရသေ့ပြန်ဂူ
​စပါးဂူ
​အလဝံအင်း
​ကော့ဂွန်းဂူ
​ကန်သာယာ 🌅
​ဘားအံညစျေး 🍢 (အစားအသောက် စုံစုံလင်လင်)
​ရွှေယဉ်မျှော်ဘုရား

​ကားအမျိုးအစား- Nissan sunny SL (saloon type- 4ယောက်စီး)
တစ်ရက် 150000 MMK

​လမ်းခရီးတစ်လျှောက်လုံး အေးအေးလူလူနဲ့ စိတ်ချမ်းသာကိုယ်ချမ်းသာ လည်ပတ်ဖို့အတွက် အခုပဲ Booking လှမ်းတင်လိုက်တော့နော်။ 📲

​📞 Booking ဖုန်းနံပါတ်: 09-783263039
​🌻 သဘာဝနဲ့အတူ စိတ်အေးချမ်းချမ်း ခရီးသွားချင်ရင် 👉 Ko Naing Gyi – Hpa-An Car Rental ကို ယုံကြည်စွာ ရွေးချယ်လိုက်ပါ။
​ #

06/06/2026

ဒီနေ့ ဧည့်သည်တွေကိုကြာအင်းတောင်ပေါ် 🚙ကားလေးနဲ့ လိုက်ပို့ပေးဖြစ်တယ်။ 💨လေကတော့ တော်တော်လေးတိုက်တယ်။ဒါပေမယ့် 📸ဓါတ်ပုံကတော့ ရိုက်ကြတာပဲ✌️

03/06/2026
🌧️ မိုးဖွဲဖွဲလေးထဲမှာ ဘားအံရဲ့ စိမ်းစိုနေတဲ့ တောင်တန်းကြီးတွေကို ကိုယ်ပိုင်ကားတစ်စီးနဲ့ စိတ်ကြိုက် လျှောက်လည်ရရင် ဘယ်လော...
03/06/2026

🌧️ မိုးဖွဲဖွဲလေးထဲမှာ ဘားအံရဲ့ စိမ်းစိုနေတဲ့ တောင်တန်းကြီးတွေကို ကိုယ်ပိုင်ကားတစ်စီးနဲ့ စိတ်ကြိုက် လျှောက်လည်ရရင် ဘယ်လောက်တောင် အရသာရှိလိုက်မလဲ...။ ⛰️✨.

ကားငှားပြီးမှ ကားသမားနောက်ကျလို့ စောင့်ရမှာ၊ ကားမသန့်ရှင်းလို့ စိတ်ညစ်ရမှာတွေကို လုံးဝ (လုံးဝ) စိတ်ပူစရာမလိုတော့ဘူးနော်။ 🙅‍♂️❌

ကျွန်တော်တို့ရဲ့ ကားအငှားဝန်ဆောင်မှုကတော့...
⏱️ အချိန်တိကျမှုမှာ ၁၀၀% : လူကြီးမင်းတို့ သွားချင်တဲ့အချိန်၊ ချိန်းထားတဲ့နေရာ အတိအကျမှာ ကားသမားက အဆင်သင့် စောင့်ကြိုနေမှာပါ။

🧼 ကိုယ်ပိုင်ကားလို သန့်ရှင်းမှု : ကားအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုကတော့ ကိုယ်ပိုင်ကားစီးနေရသလိုမျိုး စိတ်ချမ်းသာမှုနဲ့ ဘေးကင်းလုံခြုံမှုကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

🗺️ စိတ်ကြိုက်ခရီးစဉ် : သွားချင်တဲ့နေရာနဲ့ သွားချင်တဲ့အချိန်ကိုသာ ပြောလိုက်ပါ၊ ကျန်တာ အားလုံး အဆင်သင့်ဖြစ်နေစေရပါမယ်။

ဒီလိုလှပတဲ့ ဘားအံမိုးရာသီအလှအပကို စိတ်ကူးယဉ်ဆန်ဆန် ခံစားဖို့အတွက် အခုပဲ ဖုန်းဆက်ပြီး ကားကြိုတင် booking လုပ်လိုက်ရအောင်ဗျာ။ ☎️ Phone 09783263039 or CB
"Ko Naing Gyi HpaAn car rental service"🚘🧳🧳
#ဘားအံ #မိုးတွင်းခရီးသွား #ခရီးသွားအကြံပြုချက် #ကားငှားရန်

မိုးရွာတဲ့ ဘားအံရဲ့ အလှက တောင်ခြေမှာမှ မဟုတ်ပါဘူး! 🌧️⛰️"မိုးတွင်းခရီးစဉ်ကို ဘားအံမှာပဲ စိတ်ကူးထားတာ... တောင်ခြေက နာမည်ကြ...
01/06/2026

မိုးရွာတဲ့ ဘားအံရဲ့ အလှက တောင်ခြေမှာမှ မဟုတ်ပါဘူး! 🌧️⛰️

"မိုးတွင်းခရီးစဉ်ကို ဘားအံမှာပဲ စိတ်ကူးထားတာ... တောင်ခြေက နာမည်ကြီး ဟိုတယ်တွေကလည်း အပြည့်ပဲ... စိတ်ညစ်နေပြီလား? 🤔

စိတ်မပူပါနဲ့! ဘားအံရဲ့ တကယ့်အလှတရားတွေက ဟိုတယ်အခန်းထဲမှာတင် ရှိနေတာ မဟုတ်ပါဘူး။ မိုးစက်တွေကြားက ဘားအံရဲ့ ရသကို အပြည့်အဝခံစားဖို့ နောက်ထပ် နည်းလမ်းကောင်းတွေ ရှိပါသေးတယ်! ✨
💡 ဟိုတယ်အခန်းမရတဲ့အခါ ဒီလိုလေး စဉ်းစားကြည့်ပါဦး

✅ မြို့တွင်းက လှပတဲ့ Guest House/Hotel များကို ရွေးချယ်ပါ
တောင်ခြေမှာ မဟုတ်ပေမယ့် မြို့ထဲမှာ အရည်အသွေးမြင့်ပြီး သန့်ရှင်းသပ်ရပ်တဲ့ Boutique Hotel လေးတွေ အများကြီး ရှိပါတယ်။ မြို့ထဲမှာနေပြီး မနက်ခင်းဆိုရင် တောင်တွေဆီကို ကားလေးငှားပြီး အေးအေးဆေးဆေး သွားတာက ပိုပြီး အဆင်ပြေ၊ ပိုပြီး လွတ်လပ်ပါတယ်။

✅ ကားငှားပြီး "Road Trip" ဆန်ဆန် လည်ပတ်ပါ
အခန်းမရလို့ စိတ်ညစ်မနေပါနဲ့။ ဘားအံရဲ့ မိုးတွင်းအလှက ကားလမ်းတစ်လျှောက်က စိမ်းလန်းနေတဲ့ တောင်တန်းတွေနဲ့ မြူခိုးတွေမှာ ရှိတာပါ။ အဆင်ပြေတဲ့ ကားလေးတစ်စီးငှားပြီး ကိုယ်သွားချင်တဲ့ နေရာတွေကို စိတ်ကြိုက်သွားနိုင်တဲ့ "Private Tour" လေးလုပ်လိုက်ပါ။ အချိန်ပေးရတာ ပိုတန်ပါတယ်။ 🚗💨

✅ Local Experience ကို ခံစားကြည့်ပါ
ဘားအံရဲ့ အရသာအစစ်အမှန်ကို သိချင်ရင် ဒေသခံတွေရဲ့ ဝန်းကျင်မှာ ဒေသထွက် အစားအသောက်လေးတွေကို မြည်းစမ်းကြည့်ပါ။ ဒါဟာ ခရီးသွားခြင်းရဲ့ အနှစ်သာရ တစ်ခုပါပဲ။ 🍜😋

📌 ခရီးသွားမိတ်ဆွေများအတွက် အကြံပေးချက်
မိုးတွင်းခရီးစဉ်မှာ အဓိကက နေရာထိုင်ခင်းထက် ဘားအံရဲ့ အေးချမ်းတဲ့ မိုးရာသီလေကို ရှူရှိုက်ဖို့ပါပဲ။ အခန်းမရလို့ ခရီးစဉ်ကို ဖျက်မပစ်လိုက်ပါနဲ့။ တခြားရွေးချယ်စရာ လှပတဲ့နေရာလေးတွေ အများကြီးရှိပါသေးတယ်။

🚗 သွားလာရေးအတွက် အဆင်ပြေမယ့် ကားငှားရမ်းခြင်း (သို့မဟုတ်) ခရီးစဉ်အကြံဉာဏ်များအတွက် [Ko Naing Gyi Hpa-an car rental service ] က ကူညီပေးဖို့ အသင့်ရှိပါတယ်။
ဘားအံကို မိုးရာသီမှာမှ လာလည်ဖို့ အထူးဖိတ်ခေါ်ပါတယ်။ အမှတ်တရ ခရီးစဉ်တစ်ခုဖြစ်အောင် ကျွန်တော်က ဝန်ဆောင်မှုပေးပါ့မယ်။

ဘားအံခရီးစဉ်အတွက် စိတ်ချရတဲ့ ကားအငှားဝန်ဆောင်မှု လိုအပ်ရင် အခုပဲ ဆက်သွယ်လိုက်ပါဗျ! 🤝✨
☎️ Phone 09783263039
"Ko Naing Gyi HpaAn car rental service"🚘🧳🧳
#ဘားအံ #မိုးတွင်းခရီးသွား #ခရီးသွားအကြံပြုချက် #ကားငှားရန်

23/05/2026

ဘားအံကိုလာမယ်ဆိုရင် "စိတ်အပန်းဖြေဖို့ ခရီးထွက်တာလား? ပင်ပန်းဖို့ ခရီးထွက်တာလား? သင်ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။"

ဘယ်နေရာလေးကလှလဲ၊ ဘယ်နေရာလေးကတော့ ဓါတ်ပုံရိုက်လို့လှလဲဆိုတာကို ဟိုလူ‌မေးလိုက်၊ ဒီလူမေးလိုက်နဲ့ အာရုံနောက်မခံပါနဲ့။

ချစ်ရတဲ့သူတွေနဲ့ စကားတပြောပြော၊ လမ်းဘေးဝဲယာက ရှုခင်းတွေကို အပြည့်အဝခံစားကြည့်ပါ၊ သီချင်းလေးနားထောင်ရင်း ခရီးသွားရတာကမှ တကယ့်အနားယူခြင်းပါ။

လူကြီးမင်းတို့ အတွက် ဘားအံမြို့ရဲ့ လိုရာခရီးကို ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးဖို့ ကျွန်တော်ရှိပါတယ်။

* ကျွမ်းကျင်ယဉ်ကျေးတဲ့ Driver ပါဝင်လို့ လမ်းကြောင်းအတွက် ပူစရာမလိုခြင်း။

* ဈေးနှုန်းမှန်ကန်ပြီး ခရီးစဉ်တစ်လျှောက် စိတ်ချမ်းသာမှုကို အာမခံခြင်း။

"ဒီလထဲမှာ ဘားအံမှာ လည်ရန်အတွက် ကားငှားဖို့စိတ်ကူးရှိရင်
(09783263039 ကိုနိုင်ကြီး) or CB
ကိုဆက်သွယ်လိုက်ပါခင်ဗျ။

Address


Website

Alerts

Be the first to know and let us send you an email when Ko Naing Gyi - Hpa-An Car Rental Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Transport Service?

Share