Hpa. An Amature

Hpa. An Amature Hpa. An Sight seeing Group

01/02/2021

ဖမ်းဆီးထိန်းသိမ်းခံရသူများ

1. ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်)
2. ။ ဦးဝင်းမြင့် (သမ္မတ)
3. ။ ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဝန်ကြီးချုပ်)
4. ဒေါက်တာ. ဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်)
5. ဒေါက်တာ. အောင်မိုးညို (မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်)
6. ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်ဝန်ကြီးချုပ်)
7. ။ ဦးညီပု (ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)
8. ဒေါက်တာ. အေးဇံ (မွန်ပြည်နယ်ဝန်ကြီးချုပ်)
9. ။ ဦးမျိုးသိန်းကြီး (ပညာရေးဝန်ကြီး)
10. ။ ဦးမော် (ကယားပြည်နယ် ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး)
11. ဦးစိုးညွန့်လွင် (ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး)
12. ဦးဉာဏ်ဝင်း (ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်ရေးကိုယ်တာရှေ့နေ)
13. ဒေါက်တာ. တင်မျိုးဝင်း (ဒေါ်အောင်ဆန်းစုကြည် ၏ ပုဂ္ဂိုလ်ရေး ရူပဗေဒပညာရှင်)
14. ။ ဦးဟန်သာမြင့် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ NLD)
15. ဦးညွန့်ဝေ (NLD ပါတီ ဥက္ကဋ္ဌ ၊ ရွှေတောင်)
16. ဒေါ်ခင်စောဝေ (လွှတ်တော်အမတ်)
17. ဒေါက်တာ. မျိုးအောင် (လွှတ်တော်အမတ်)
18. ဦးသောင်းဌေး (ကယား)
19. ။ ဦးစိုင်းယု (ကယား)
20. မင်းထင်ကိုကိုကြီး (ရုပ်ရှင်ရိုက်ကူးသူ)
21. မင်းသွေးသစ် (ကျောင်းသားခေါင်းဆောင်)
22. ဦးကိုကိုကြီး (ပြည်သူ့ပါတီခေါင်းဆောင်)
23. ။ ဦးမင်းကိုနိုင် (88 မျိုးဆက် ကျောင်းသားများ)
24. ။ ဦးမြအေး (88 မျိုးဆက် ကျောင်းသားများ)
25. မောင်သာချို (စာရေးဆရာ)
26. ဒေါ်သန်းမြင့်အောင် (စာရေးဆရာ)
နောက်ဆက်တွဲကျနော်သိလောက်အမည်က!
၂၇!စောဖိုးခွါး(အဆိုတော်)
၂၈!ထိန်လင်းဦး(စာရေးဆရာ)
၂၉!ချစ်ဦးညို(စာရေးဆရာ)
၃၀!ကိုမောင်မောင်အေး
၃၁!အိပန်ဆယ်လို
နယ်ကဝန်ကြီးအများအပြားလည်းဖမ်းဆီးခံရ!
Crd

 #ကရင်ပြည်နယ်နေ့အကြောင်းသိကောင်းစရာ******************************** ကရင်ပြည်နယ်နေ့ကို  ကရင်ပြည်နယ်၊ဘားအံမြို .ရှိ သီရိကွ...
07/11/2020

#ကရင်ပြည်နယ်နေ့အကြောင်းသိကောင်းစရာ
********************************
ကရင်ပြည်နယ်နေ့ကို
ကရင်ပြည်နယ်၊ဘားအံမြို .ရှိ
သီရိကွင်း၌
နိုဝင်ဘာလ(၇) ရက်နေ့တွင် ကျင်းပပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကရင်ပြည်နယ်ကို ပြည်နယ်တစ်ခုအဖြစ်သို့ ဖွဲ့စည်းထူထောင်သည့် သမိုင်းဖြစ်စဉ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်နယ်/တိုင်းများ ဖွဲ့စည်းထူထောင်ရာတွင် ကရင်လူမျိုးများ နေထိုင်သောဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ပါလီမန်တွင် ထည့်သွင်းစဉ်းစားလာကြသည်။
၁၉၅၁ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ချက် (၁၉၅၁ခုနှစ်၊ အက်ဥပဒေ ၆၂)အရ
သံလွင်ခရိုင်၊ ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။

၁၉၅၂ခုနှစ် စက်တင်ဘာလ ၂၅ရက်နေ့တွင် နိုင်ငံတော်သမ္မတက ၁၉၅၂ခုနှစ်၊ ကရင်ပြည်နယ် တိုးချဲ့သတ်မှတ်ရေး အက်ဥပဒေ ၁၉၅၂ခုနှစ် အက်ဥပဒေ (၁၄)ဖြင့် သံလွင်ခရိုင်နှင့် ဆက်စပ်ဒေသဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဖားအံ မြို့နယ်နှင့် သံတောင်မြို့နယ်များကို ကရင်ပြည်နယ်အဖြစ် ဒုတိယအဆင့်အားဖြင့် တိုးချဲ့သတ်မှတ် ကြေငြာပြဋ္ဌာန်းခဲ့ပါသည်။
၁၉၅၂ခုနှစ် ကရင်ပြည်နယ် တိုးချဲ့သတ်မှတ်ရေး အက်ဥပဒေ(၁၉၅၂-အက်ဥပဒေအမှတ် (၁၄)အရ ကရင်ပြည်နယ် အာဏာလွှဲ ပြောင်းရရှိမည့်အချိန်မှာ နိုင်ငံတော်သမ္မတက အမိန့်ကြေညာစာ ထုတ်ပြန်၍ သတ်မှတ်သည့်နေရာတွင် စတင် အာဏာတည်ရ မည်ဟု ပါရှိသည်။

၁၉၅၄ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် သထုံခရိုင်မှ ဖားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်၊ တောင်ငူခရိုင်မှ သံတောင်မြို့နယ်တို့အား အာဏာလွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၁၉၅၅ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင်
ကျိုက္ခမီခရိုင်၊ ကော့ကရိတ်မြို့နယ်နှင့်
ကြာအင်း ဆိပ်ကြီးမြို့နယ်တို့အား အာဏာလွှဲပြောင်းပေးအပ်ခဲ့သည်။
၁၉၆၀ပြည့်နှစ်၊ မတ်လ (၁)ရက်နေ့တွင်
မြ၀တီအား သီးခြားမြို့နယ် တစ်ခုအဖြစ် သတ်မှတ်ပြီး ကရင်ပြည်နယ်တွင်
လှိုင်းဘွဲမြို့နယ်၊ ဖားအံမြို့နယ်၊
သံတောင်မြို့နယ်၊ ဖာပွန်မြို့နယ်၊
ကော့ကရိတ် မြို့နယ်၊ ကြာအင်းဆိပ်ကြီး
မြို့နယ်နှင့် မြ၀တီမြို့နယ်ဟူ၍ မြို့နယ်ပေါင်း (၇)မြို့နယ် ရှိလာခဲ့သည်။

၁၉၅၄ခုနှစ်၊ ဇွန်လ (၁)ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကရင်ပြည်နယ် အာဏာလွှဲ ပြောင်းရေး အခမ်းအနားတစ်ရပ် ကျင်းပခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ ဖားအံနယ်၊ လှိုင်းဘွဲမြို့နယ်၊ သံတောင်မြို့နယ်များ ကို စတင်၍အုပ်ချုပ်ရန် အာဏာလွှဲပြောင်းခဲ့ပါသည်။ ထိုနေ့ ထိုအချိန်မှစ၍ ပြည်ထောင်စုကြီးအတွင်း၀ယ် ကရင်ပြည်နယ် စတင် ပေါ်ထွန်းလာခဲ့သည်။

ကရင်ပြည်နယ်၏ (၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ၁၉၅၅ခုနှစ်၊ ဇွန်လ (၁)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
ကရင်ပြည်နယ်နေ့ ကျင်းပသော ဇွန်လသည် မိုးရွာသွန်းနေသောလဖြစ်၍ ပြည်နယ်နေ့အခမ်းအနားကို စည်ကား
သိုက်မြိုက်စွာ ကျင်းပရန် အခက်အခဲများရှိခဲ့ပါသည်။
သို့ဖြစ်၍ ကရင်ပြည်နယ်နေ့ကို မည်သည့်လ၊ မည်သည့်နေ့ရက်တွင် ကျင်းပသင့်ကြောင်း ညှိနှိုင်းခဲ့ကြပါသည်။

ပြည်ထောင်စု၏ တစ်ပွင့်သောကြယ်အဖြစ် တည်ရှိလာသော ကရင်ပြည်နယ်သည် ပြည်နယ်နေ့အထိမ်းအမှတ်နေ့ကို သတ်မှတ် ရန် ညှိနှိုင်းရာတွင် အခြေခံ (၃)ရပ် ရွေးချယ်ရန် သဘောတူကြသည်။
ယင်းအခြေခံ(၃)ရပ်မှာ

၁။ ပထမဦးစွာ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ချက် အက်ဥပဒေကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးသော ၁၉၅၁ခုနှစ်၊ နိုဝင်ဘာလ ၇ရက်နေ့

၂။ ဒုတိယအကြိမ် ဖားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် သံတောင်မြို့နယ်များကို အုပ်ချုပ်မှုအာဏာလွှဲပြောင်းပေးသော ၁၉၅၄ခု နှစ် ဇွန်လ(၁)ရက်နေ့

၃။ တတိယအကြိမ် ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အား အုပ်ချုပ်မှုအာဏာ လွှဲပြောင်းပေးသော ၁၉၅၅ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့

အထက်ပါအခြေခံ (၃)ရပ်ကိုမူတည်ပြီး ရွေးချယ်ရာတွင် နိုဝင်ဘာ (၇)ရက်နေ့သည် ကရင်ပြည်နယ်နေ့ ဖြစ်ပေါ်လာရန် နိုင်ငံ တော်သမ္မတက လက်မှတ်ရေးထိုးပြီး သတ်မှတ်လိုက်သည့် မူလပထမ သုတိမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသောနေ့ဖြစ်ခြင်း၊ ကရင် ပြည်နယ်ကို မွေးဖွားသန့်စင်သောနေ့ဖြစ်ခြင်းနှင့်
ရာသီချိန်ခါအရ ဆောင်းဦးကာလ သာယာသော အချိန်အခါသမယဖြစ်ခြင်းတို့ ကြောင့် ၁၉၅၆ခုနှစ်၊ ဖေဖော်ဝါရီ (၂၅)ရက်နေ့တွင်ကျင်းပသော စုဒ္ဒဿမ(၁၄)ကြိမ်မြောက် ကရင်ပြည်နယ် ကောင်စီညီလာခံ တွင် နိုဝင်ဘာလ (၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့လေသည်။ နိုဝင်ဘာ(၇) ရက်နေ့သည် ကရင်ပြည်နယ် သမိုင်းတွင် ထင်ရှားသည့် ကရင်ပြည်နယ်နေ့ ဖြစ်လာခဲ့ပါသည်။

ပထမအကြိမ် ကရင်ပြည်နယ်နေ့ကို ၁၉၅၅ခုနှစ်တွင် စတင်ကျင်းပခဲ့ပါသည်။
ကရင်ပြည်နယ်ကောင်စီသည် ကရင်ပြည်နယ်ကို ၁၉၅၄ခုနှစ် ဇွန်လ ၁ရက်နေ့မှ ၁၉၆၂ခုနှစ်၊ မတ်လ (၁)ရက်နေ့အထိ အုပ်ချုပ် ခဲ့သည်။ ၁၉၆၂ခုနှစ် မတ်လ (၂)ရက်နေ့တွင် တော်လှန်ရေးကောင်စီတက်လာသည့်အခါ ကရင်ပြည်နယ်ကောင်စီကို ဖျက်သိမ်း ၍ ကရင်ပြည်နယ် ဦးစီးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

၁၉၆၃ခုနှစ်တွင် တော်လှန်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးချက်အရ မုဆိုးကော်ကဆာ စောဟန်တာ သာမွှေး ခေါင်းဆောင်သော ကရင်တော်လှန်ရေးကောင်စီသည် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို လက်ခံပူးပေါင်းခဲ့သည်။ ၁၉၆၄ခုနှစ်၊ မတ်လ (၁၂)ရက်နေ့ တော်လှန်ရေးကောင်စီနှင့် ကရင်တော်လှန်ရေးကောင်စီတို့၏ သဘောတူညီချက်အပိုဒ် ၃(က)နှင့် ၁၉၆၄ခုနှစ်၊ ဧပြီလ (၃)ရက် နေ့စွဲပါ တော်လှန်ရေးကောင်စီကြေညာချက်အမှတ် (၅၁)တို့အရ ကရင်ပြည်နယ်ကို ကော်သူးလေပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။

ဖွဲ့စည်းပုံ အခြေခံပြဋ္ဌာန်းရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ပြည်သူတို့၏ (၉၁.၁၉) ရာခိုင်နှုန်းက ထောက်ခံချက်ဖြင့် ၁၉၇၄ခုနှစ်၊ ဇန်နဝါရီလ ၃ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သော နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ
‘ကော်သူး လေပြည်နယ်’မှ ‘ကရင်ပြည်နယ် ’
ဟု ပြန်လည် အမည်တွင်လာခဲ့သည်။

ကိုးကား
•••••••••
Karen State Day or Kaw Thoo Lei History
The first was held 1955 November (7)
ကရင်ပြည်နယ် သတင်းစဉ်(၁.၄.၁၉၈၆)၊ အတွဲ(၂၅)၊ အမှတ်(၁)

ကရင်လူမျိုးတို့သိသင့်သော ကရင်လက်ချီပွဲအကြောင်းအမေးအဖြေကဏ္ဍ***************ဝါခေါင်လ ချည်ဖြူဖွဲ့ရခြင်းအကြောင်း*************...
02/09/2020

ကရင်လူမျိုးတို့သိသင့်သော ကရင်လက်ချီပွဲအကြောင်း

အမေးအဖြေကဏ္ဍ

***************
ဝါခေါင်လ ချည်ဖြူဖွဲ့ရခြင်းအကြောင်း
**********************************

အမှာ
*****
သိသင့်သိထိုက်သော ကရင်နှင့်ပါတ်သက်သော အကြောင်းအရာများကို သိလိုပါမေးမြန်းနိုင်ပါသည်။
မေးလာသမျှကို အတတ်နိုင်ဆုံးရှာဖွေ၍၎င်း တတ်သိနားလည်သူများထံမှမေးမြန်း၍၎င်း ပြန်လည်ဖြေကြားပေးပါမည်။

ဝါခေါင်လ ချည်ဖြူဖွဲ့ရခြင်းအကြောင်း
**********************************
မေး။ ။မင်္ဂလာပါ U Taw Pantanaw ဝါခေါင်လ ချည်ဖြူဖွဲ့ခြင်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ ရှေးဘိုးဘွားများကကျင်းပပြုလုပ်ခဲ့တယ် ဆိုတာကို သိချင်ပါတယ်။

ဖြေ။ ။မေးသင့်တဲ့မေးခွန်းပါပဲ ဒီမေးခွန်းရဲ့အဖြေကို ၂၇၄၁ခုနှစ်ထုတ် ကရင်ကြေးမုံစာစောင်မှာ အပြည့်အစုံဖော်ပြထားတာဖြစ်လို့ အဲဒီကနေပဲထုတ်နှုတ် တင်ပြပေးလိုက်ပါ့မယ်။
ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာကို ရှေးဘိုးများက
၁။ကွဲကွာနေသောဆွေမျိုးများ ပြန်လည်ဆုံတွေ့နိုင်စေရန်

၂။မိသားစုအချင်းချင်းပြန်လည်စုစည်းကြစေရန်

၃။ကရင်အမျိုးသားအချင်းချင်း

ချစ်ကြည်သွေးစည်းမှုခိုင်မြဲစေရန်

၄။ကရင်လူမျိုးအချင်းချင်း ညီညီညွတ်ညွတ်ဖြင့် တစ်ဦးကိုတစ်ဦး ထောက်ပံ့ကူညီကြပြီ အေးအေးချမ်းချမ်း နေနိုင်စေရန်

၅။လူငယ်လူရွယ်များကို လူကြီးသူမများက သွန်သင်ဆုံးမစကားကို ပြောကြားနိုင်စေရန်

၆။မိစ္ဆာကောင်များ၊အယုတ်တမာကောင်များ၊ကရင်လူမျိုးအချင်းချင်းသွေးခွဲစေရန် ပြောဆိုသောစကားကို နားမယောင်မိစေရန်

၇။ယဉ်ကျေးမှု ငါးမျိုးဖြစ်တဲ့ စကား စာပေ အနုပညာ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓေလ့မ်ား မပျောက်ကွယ်စေရန်

၈။ယဉ်ကျေးမှုမြင့်မားသောလူမျိုး၊ လူနေမှုအဆင့်မြင့်မားသောလူမျိုး၊ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို မြတ်နိုးထိမ်းသိမ်းတတ်သော အသိပညာ အတတ္ပညာ မြင့်မားသော လူမျိုးများအဖြစ် အစဉ်တည်တံ့စေရန်

ဆိုတဲ့ ရည်ရွယ်ချက်တွေ စေတနာတွေနဲ့ ဝါခေါင်လချည်ဖြူဖွဲ့ခြင်းကို ရှေးဘိုးဘွားများ ကျင်းပပြုလုပ်စေခြင်းပဲဖြစ်ပါတယ်။

ဒီလိုချည်ဖြူဖွဲ့ပွဲကို ဝါခေါင်လမှာကျင်းပရတာကတော့
ဒို့ရဲ့ရှေးဘိုးဘွားများဟာ တောင်ယာနှင့်လယ်ကို အဓိကထားပြီ အသက်မွေးဝမ်းကြောင်း ပြုကြလေ့ရှိတယ်။

မိုးဦးက် တောင်ယာနဲ့လယ်လုပ်ငန်းကို သူသူငါငါလုံးပမ်းနေကြရတဲ့အခါ တစ်ဦးနဲ့တစ်ဦး အိမ်ထောင်စုတစ်ခုနဲ့တစ်ခု တစ်ရွာနဲ့တစ်ရွာ တွေ့ဆုံဖို့ မလွယ်ကူကြတာဖြစ်လို့ လယ်ယာများကို ထွန်ယက်စိုက်ပျိုးပြီးချိန် အလုပ်ပါးတဲ့ဝါခေါင်လမှာ ကျင်းပပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။

နောက် ဝါဆိုလွန်ပြီ ဝါခေါင်လရောက်တာနဲ့ အိမ်တွေ ရွာတွေမှာ စားဖို့သောက်ဖို့ ရိက္ခာတွေက လျှော့နည်းလာတတ်ကြတယ်။ အိမ်ထောင်စုအလိုက် ရွာအလိုက် တောင်ယာ လယ်ခင်းမှ သီးနှံမပေါ်ခင်ထိ ရိက္ခာတွေမပြတ်စေဖို့ ရိက္ခာတွေကို ချွေချွေတာတာ စားသုံးကြဖို့ သတိပေးတဲ့အနေနဲ့လည်း ဝါခေါင်လကိုရွေးပြီလုပ်တာဖြစ်ပါတယ်။

မိုးလရာသီတွေထဲမှာ ဝါခေါင်လဟာ အခြားလတွေထက် မတူမိုးပိုများတတ်တဲ့လဖြစ်တယ် အအေးဓာတ်တွေ လွန်ကဲတဲ့လဖြစ်တယ်၊ ချောင်းရေ မြစ်ရေများလျှံပြီ ရေကြီးတတ်တဲ့လဖြစ်တယ်။ အဲဒီလိုဖြစ်တော့ ရောဂါတွေလည်းထူပြောလာပြီ မကျန်းမာ ဖျားနာတတ်တဲ့ ကာလဖြစ်တာကြောင့် ဒီလ ဒီရက်တွေမှာ အသြားအလာ အနေအထိုင် အစားအသောက် ဆင်ခြင်ကြဖို့ သတိပေးခြင်တဲ့အနေနဲ့ ဝါခေါင်လမှာပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့်လည်းပဲ ဝါခေါင်လ ချည်ဖြူဖွဲ့ပွဲကျင်းပတဲ့အခါ ဘိုးဘြားမ်ားက "သားငယ် သမီးငယ်တို့ ဝါခေါင်လဟာ မိုးများသည်းထန်ပြီ အအေးဓာတ်တွေပိုနေတယ် ဒီလိုကာလမွာ စားစရာတွေ ရိက္ခာတွေ လျှော့နည်းလာတယ်၊ ရောဂါတွေလည်းထူပြောတတ်တဲ့လဖြစ်တယ်၊ ရိက္ခာပေါ်တဲ့ထိ အလျှင်မီစေဖို့ချွေတာကြ ရောဂါတွေ မဖြစ်အောင် အနေအထိုင် အစားအသောက် အသွားအလာတွေဆင်ခြင်ကြ"ဆိုပြီ ဆုံးမစကားပြောဆိုကြခြင်းပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ဝါခေါင်လချည်ဖြူဖွဲ့ခြင်းအကြောင်းနဲ့ ရည်ရွယ်ချက်ကို နားလည်သိရှိလောက်ပြီလို့ ထင်ပါတယ်။ဒီထက်ပိုပြီ
ပြည့်ပြည့်စုံစုံသိချင်သေးတယ်ဆိုရင်တော့ ၂၇၄၁ခုထုတ်ကရင့်ကြေးမုံစာစောင်နဲ့ မန်းလင်းမြတ်ကျော်ရေးတဲ့"ကရင်အမျိုးသား လက်ရစ်ချည်လိပ်ပြာခေါ်ခြင်း ရိုးရာဓေလ့"စာအုပ်လေ့လာဖတ်ရှုပါလို့ လမ်းညွန်လိုက်ရပါတယ်။

ဝါခေါင်လချည်ဖြူဖွဲ့ရခြင်း ရည်ရွယ်ချက်အတိုင်း အားလုံးလိုက်နာဆောင်ရွက်နိုင်ပါစေလို့ တိုက်တွန်းရင်း

အမျိုးများအားလုံးကျန်းမာ ချမ်းသာကြပါစေ။
Credit>>>>>>

ဒီနှစ်မှာ Covid 19 ကြောင့် ပွဲတော်များအားရပ်နားထားပါတယ်။
#အားလုံးဂရုစိုက်ကြပါ။။
တပ်ပေးကြပါ။
#ကျန်းမာရေးအသိပေးချက်များလိုက်နာဆောင်ရွက်ကြပါ။

ချစ်စရာ ကရင့်ရိုးရာဓလေ့❤️🇳🇱
29/08/2020

ချစ်စရာ ကရင့်ရိုးရာဓလေ့❤️🇳🇱

29/08/2020

ကျမ အလုပ်ပြောင်းရတယ်။
အညာဒေသဘက်ကို
မေမေကတော့ အညာစာကြိုက်တဲ့ ညည်း အဆင်ပြေသွားတာပေါ့တဲ့
ဟုတ်တယ် မေမေပြောသလို ကျမက ရန်ကုန်မြို့လယ်မှာ မွေးပေမယ့် အညာစာတော့ သိပ်ကြိုက်တာ။
တကယ့်တကယ်ရောက်သွားတော့ဖတ်ဖူးတဲ့ စာတွေနဲ့ နည်းနည်းကွဲတယ်။
နေပူပူရယ် အညာပင်တွေရယ် လေပူပူဝှေ့လိုက်ရင် အနွေးထည်ကို ခပ်တင်းတင်းဆွဲရတာ အမော
ဒီလိုနဲ့ အညာမြေကို မယ်ရေဇယ် အခြေချခဲ့တယ်ပေါ့
ရုံးနဲ့နီးတဲ့ အိမ်မှာ ထားပေးတယ်။
နှစ်ထပ်အိမ်ခပ်ကြီးကြီးပါပဲ။
အပေါ်ထပ်မှာ အသက်ရှစ်ဆယ်အရွယ်အဖိုးတစ်ယောက်နေတယ်။ခြံထောင့်က သစ်သားအိမ်သေးသေးလေးထဲမှာတော့ မိလုံးနဲ့ ဖိုးထူး မောင်နှမနေတယ်။
မြို့နဲ့တော့ ဝေးတာပေါ့။ဒီခြံကြီးကလည်း မြို့အစွန်မှာရှိတဲ့အပြင် လူမရှိတော့ အသံလည်းမထွက် အေးစိမ့်စိမ့်နဲ့။
အပင်ကြီးတွေက တစ်ခြံလုံးကို အုပ်မိုးထားတော့ အညာနွေပူတယ်ဆိုတာ သိပ်မခံစားရပါဘူး။
အဖိုးကတော့ ချင်းစောင်ကို အမြဲခြုံထားတယ်။
နည်းနည်းတော့ ထူးဆန်းတာပေါ့။
အသက်ကြီးတဲ့သူတွေက ဒီလိုပဲမလား
ကျမအဖွားဆို ချည်အနွေးထည်လေး အမြဲ၀တ်ထားတတ်တော့
သိပ်တော့ ထွေထွေထူးထူးမတွေးလိုက်ပါဘူး။
အဖိုးက သူ့ဟာသူ အပေါ်ထပ်မှာနေတယ်။
ကျမကိုမြင်ရင် ဘာလုပ်ပေးရမလဲ အားမနာနဲ့ပြောနော်နဲ့ ဖော်ရွေရှာတယ်။ညည့်ဦးပိုင်းတွေမှာ မယ်ဒလင်သံ ခပ်သဲ့သဲ့ကြားရတယ်။
အရင်ကဆို နားကြပ်တတ်ပြီး အိပ်တတ်ပေမယ့် အညာရောက်ပြီးနှစ်ညလောက်မှာ မယ်ဒလင်သံနဲ့မှ အိပ်တတ်တော့တယ်။
အဖိုးလက်ရာက သိပ်ကောင်းတော့ ငယ်ငယ်ကဆို အပျိုတွေ ဝုိင်းနေမှာပဲဆိုတော့ အဖိုးက ခပ်ပြုံးပြုံးပဲ။
အဖိုးက သနပ်ခါးခြံတွေလည်း ပိုင်တယ်။
ရှမ်းပြည်မှာ လက်ဖက်ခင်းတွေလည်း ပိုင်ပြီး ရွှေချောင်းတွေပါ အခန်းအပြည့်ရှိတယ်လို့ မိလုံးက တိုးတိုးပြောတယ်။
ကလေးသာသာအရွယ်မို့ စိတ်ထဲတော့ မထားပါဘူး။
မောင်ထူးကတော့ ကျုပ်ကတော့ အိမ်မကြီးပေါ် မတတ်ဖူးလို့ မသိဘူးဗျာတဲ့။
လကုန်တော့ မန္တလေးသွားပြီး လိုတာ၀ယ်ဖို့ ပြင်နေတုန်း အပြင်က ခေါ်သံကြားရတယ်။
အဖိုးအသံ။
လက်ထဲမှာ စာအိတ်အဖြူလေးကို ကိုင်ထားတယ်။
ဒါလေးကို ဒီလိပ်စာလေးကို လွှဲပေးပါတဲ့။
ဒေါ်တင်မေလတ်တဲ့
အဖိုးညီမလားဆိုတော့ ဘာမှ ပြန်မပြောဘူး။
စာအိတ်က ခပ်ထူထူဆိုတော့ သိပ်မစပ်စုတော့ပါဘူး။
ဒီလိုနဲ့ လေးနှစ်နီးပါးကြာသွားတယ်။
အဖိုးရဲ့မြေးမလေးလိုဖြစ်နေတော့ အိမ်ကိုတောင် ပုန်ကန်နေတတ်ပြီ။မိလုံးရော ဖိုးထူးရော အိမ်ထောင်ကျသွားလို့ သူတို့ကို ပိုင်ဆိုင်မှုအချို့တောင် ခွဲပေးသေးလို့ ဟိုမောင်နှမရဲ့ အံ့အားသင့်မှုအပြင် အပျော်တွေပါ ကူးစက်ခဲ့သးတယ်။
ဘယ်အရာမဆို ခဏတာပါပဲ
ပျော်ရွှင်မှု ဖြစ်ဖြစ်
၀မ်းနည်းမှုဖြစ်ဖြစ်
အဲ့နေ့က အဖိုး ထမင်းထွက်မစားဘူး။
အခန်းထဲက မထွက်တော့ ညနေစောင်းမှာ စိတ်ပူပြီး ၀င်သွားတော့ အဖိုးက အပြင်းဖျားနေတယ်။
ဆရာ၀န်ဆီ အတင်းဖုန်းဆက် ပျာယာခတ်ခဲ့တဲ့နေ့ပေါ့။
ဖျားလေ့မရှိတဲ့ အဖိုးဟာ ဖျားတာ တော်တော်ကြာတယ်။
မိလုံးကလဲ ပြန်လာပြီး ပြုစုတယ်။
အဲ့ရက် နွေခေါင်ခေါင်မှာ မိုးရွာတယ်။
အဖိုးက ခြံထဲဆင်းထိုင်ချင်တယ်ဆိုလို့
ထီးမိုးပြီး ထိုင်စောင့်နေရသေးတယ်။
ယုဇနပင်အောက်မှာ
အဖိုးက ခပ်တိုးတိုးပြောတယ်။
အဖိုးမှာ ငယ်ချစ်ဦးရှိခဲ့ဖူးတယ်တဲ့။
ဒေါ်တင်မေလတ်မလားဆိုတော့ အဖိုးက အဝေးကိုပဲ ငေးနေတယ်။
အိမ်က သဘောမတူလို့လားဆိုတော့
လတ်က သဘောမတူတာပါတဲ့။
အဖိုးထက် ချစ်တဲ့သူကို လတ်က ရွေးသွားခဲ့တာတဲ့။
အဖိုး စိတ်နာနေရမှာ မလားဆိုတော့
အချစ်မှာ စိတ်နာတယ်ဆိုတာ ရှိမလား မယ်ရေဇာရဲ့
စိတ်နာမှတော့ အတ္တပေါ့တဲ့
အဖိုးက ဘာလို့ သူ့ကို ဆက်ထောက်ပံ့နေရတာလဲဆိုတော့
ကိုယ်ချစ်ရတဲ့သူ ဒုက္ခရောက်နေတာ ဘယ်သူက ထိုင်ကြည့်နေနိုင်လဲတဲ့့။
အဖိုးက စကားဆက်မပြောတော့ဘူး။
အဝေးကိုပဲ ငေးနေတော့တယ်။
မိုးက သည်းလာတော့ အဖိုးကို အထဲ၀င်ရအောင် ပြောတော့
အဖိုးက ကျမလက်ကို ကိုင်တယ်။
မယ်ရေဇယ် ကျုပ်မရှိတော့ရင် လတ်ကို ဒီအိမ်လေးကို ရအောင်ခေါ်လာပေးနော်တဲ့ ဘိုးဘွားရိပ်သာထက် သူကြိုက်တဲ့အရာတွေပြည့်နေတဲ့ အိမ်က ပိုနွေးထွေးနေမှာမလား နောက်ပြီး ဒီချင်းစောင်လေးပေးလိုက်ပါကွာ ဒါ လတ်ရဲ့ နောက်ဆုံးလက်ဆောင်ပဲ
အကယ်၍ ညည်း ကျုပ်ကို ချစ်ရင် သူ့ကို ဆက်စောင့်ရှောက်ပေးပါကွာ သိပ်မစောင့်ရှောက်ရပါဘူး အလွန်ဆုံး ငါးနှစ်ပေါ့တဲ့
ကျမခေါင်းညိမ့်လိုက်တော့မှ အဖိုးက သက်ပြင်းချတယ်။
ယုဇနပင်မှာ သူရောက်လာရင် ဖဲကြိုးဝါလေး ချည်ပေးမှာတဲ့
၀မ်းနည်းစရာပါပဲ
အဲ့ညက အဖိုးဆုံးတယ်။ အဖိုးရက်လည်ပြီးတော့
ရန်ကုန်ကို ပြန်လာတယ်။
ဒေါ်တင်မေလတ်ရှာပုံတော်ပေါ့။
ဘိုးဘွားရိပ်သာ တစ်ခုမှာ ညှိုးငယ်နေတဲ့ သွင်ပြင်နဲ့ အဖိုးရဲ့ လတ်ကိုတွေ့တယ်။ချင်းစောင်လေးကို ထိုးပေးတော့ အဖွားအိုက တုန်ယင်နေတဲ့ လက်နဲ့ လှမ်းယူတယ်။
အဖိုးဆုံးသွားကြောင်းနဲ့ အဖွားကို ခေါ်ဖို့လာတာ ဖြစ်တဲ့အကြောင်းကို ခပ်မြန်မြန်ရှင်းပြတယ်။
အဖွားလတ်က ငိုတယ်။
နင့်နင့်သည်းသည်း။
အကိုမောင်က လတ်ကို သိပ်ချစ်တာပဲနော်တဲ့
အညာကိုပြန်တဲ့ လမ်းမှာ အဖွားလတ်က တိတ်ဆိတ်နေတယ်။
မြို့အ၀င်လမ်းမှာတော့ အဖွားလတ်အသံလေးထွက်လာတယ်။
ဒီနေရာမှာ ကိုကိုမောင်နဲ့ လတ် လမ်းခွဲတာတဲ့။
ဘာတွေ ဘယ်လိုဖြစ်ခဲ့တာလဲဆိုတော့ မေးခွန်းတွေတော့ မမေးတော့ပါဘူး။
စာနာသလိုလို ဖေးမသလိုလိုနဲ့ သူများအနာဟောင်းကို ပြန်မဆွချင်ပါဘူး။

ခြံထဲ၀င်တာနဲ့ အဖွားလတ်ဟာ တုန်တုန်ယင်ယင်နဲ့ ငိုတော့တယ်။
ဒါ လတ်သိပ်ကြိုက်တဲ့ အပင်တွေပဲ တဲ့
လတ်က သူ့သေတ္တာကို ဖွင့်ခိုင်းတယ်။
ဖဲကြိုးအဝါလေး

မြေးမ ချည်ပေးမလားတဲ့ ...
အဖိုးကတော့ ၀မ်းသာနေမှာပဲ
အလည်လွန်တဲ့ ချစ်ခြင်းက အရောက်နောက်ကျပေမယ့် ပြည့်စုံနွေးထွေးနေဆဲပါပဲ။
စောင့်နေရတဲ့ အဖိုးအတွက် ၀မ်းသာရသလို
ပြန်လာပေးတဲ့ အဖွားလတ်ကိုလည်း ကျေးဇူးတင်ရပါတယ်။
မနက်ဖြန်တော့ ယုဇနပင်မှာ ဖဲကြိုးတွေ ဝေနေအောင် ချည်ဦးမယ်။



#28.08.2020

25 August 2020Hpa An Townshipဒေသနေကရင်လူထုတို့သည်သဘာဝနှင့်အတူယှဉ်တွဲနေထိုင်လျှက် သဘာဝမှ ထွက်သောအရင်းအမြစ်တွေကိုမှီခိုကာအ...
28/08/2020

25 August 2020
Hpa An Township
ဒေသနေကရင်လူထုတို့သည်သဘာဝနှင့်အတူယှဉ်တွဲနေထိုင်လျှက် သဘာဝမှ ထွက်သောအရင်းအမြစ်တွေကိုမှီခိုကာအသက်မွေး၀မ်းကျောင်းပြုကြသည်။ ဤပြန်လည်ဖြည့်တင်းနိုင်သော သဘာ၀အရင်းအမြစ်များကို စဉ်ဆက်မပြတ်ရရှိနိုင်ရန်နှင့် ပျက်ဆီမပျောက်ကွယ်သွားစေရန် ဘိုးဘွားလက်ထက်ကတည်းက အခြေတည် ကာကျင့်သုံးခဲ့သည့် ဌာနေအသိပညာဗဟုသုတများဖြင့် ထိန်းသိမ်းလျှက် အပြန်အလှန်မှီခိုပြီး အကျိုးပြုနေကြသည်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့၊ ကရင်ပြည်နယ်၊ ရောမဲကလိုဒေသတွင် နေထိုင်သောဒေသနေလူထုတို့သည် မိမိတို့၏ ဘ၀ရှင်သန်မှုပုံစံ နှင့် ရိုးရာယဉ်ကျေးမှုကို နေတဓူ၀ တိုက်ရိုက်ချိတ်ဆက်နေသည့် အစားအစာကို ထုတ်ဖော်ပြသခြင်းနှင့် နောင်မျိုးဆက်များနဲ့ကင်းကွာ သွားခြင်းမရှိအောင် အိမ်မှတစ်ပိုင်တစ်နိုင် မွေးမြူးထားသောတိရိစ္ဆာန်များ၊ ရပ်ရွာပိုင်အများဆိုင် သဘာ၀အရင်းအများမှ ရရှိသည့် အသီးအရွက်၊ သားငါးပုဇွန်များဖြင့် ရိုးရာဟင်းချက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

သဘာဝအရင်းအမြစ်သည် ဒေသနေလူထုများ၏ ဘ၀ရပ်တည်ရှင်သန်မှုအတွက် အ
ဓိကအရေးကြီးသည့်လိုအပ်ချက်များဖြစ်သည်ကိုဖော်ညွန်းလျှက် သက်ရှိသတ္တဝါအားလုံးအတွက် ဂေဟစနစ်ကို ထိန်းညှိပေးသောအရာလည်းဖြစ်သည်။ ထို့ကြောင့် လူသာများ၏ အသက်ရှင်သန်မှုနှင့် ဂေဟစနစ်ကို ထိခိုက်ပျောက်ကွယ်သွားစေမည့် သဘာ၀အရင်းအမြစ်များကို ထုတ်ယူသုံးစွဲသည့် အကြီးစားစီမံကိန်းများ မလုပ်ဆောင်သင့်ပါ။ နိုင်ငံတကာမှာ ကာဗွန်ထုတ်လွှင့်နှုန်းမြင့်မားသောစီမံကိန်းများကို ဖျက်သိမ်းနေချိန်တွင် မြန်မာနိုင်ငံသည် လူမှုရေးနှင့် သဘာ၀ပတ်၀န်းကျင်ကို ကြီးမားစွာအကျိုးသက်ရောက်နေသည့် လုပ်ဆောင်ချက်များ ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်နေရသောကြောင့် တာ၀န်ရှိသူများအနေဖြင့် အလေးအနက်ထား ပြန်လည်သုံးသပ်သင့်သည်။

Local Karen communities live together with nature as their livelihoods rely on resources obtained from the natural environment. To maintain and protect the sustainability of these natural resources, local Karen people use customary knowledge and practices passed down from their ancestors.

The local people from Yaw Meh Klo Area, Karen State, held a Traditional Cooking Event on August 25th 2020. The cooking event focused on utilizing resources obtained from the local environment such as vegetables, fish, shrimp and livestock reared at home to strengthen the connection between their livelihoods, culture and the environment. This event will play an important role in reminding and teaching the youth about Karen traditional cooking techniques so they are prepared to pass these practices on to future generations.

All living things, including people, rely on balanced ecosystems for the natural resources they need to sustain themselves. This is why mega projects that extract natural resources and destroy ecosystems will also impact human beings, and should not be done. Internationally, countries are cancelling and banning the mega carbon extraction projects; however, Myanmar continues to live under the threat of mega projects that will overuse our natural resources. In light of this, Myanmar authorities should carefully reconsider actions which have potential negative consequences for the community, the environment and social wellbeing.


ဘားအံမြို့ရဲ့ လည်ပတ်စရာနေရာ အချို့တွေ ပိတ်ပါပြီလာလည်မယ့်သူတွေလည်း အရင်လိုလာလို့မရတော့ပါဘူးဘားအံကိုလာမယ်ဆိုရင် ရပ်ကွက်အုပ...
27/08/2020

ဘားအံမြို့ရဲ့ လည်ပတ်စရာနေရာ အချို့တွေ ပိတ်ပါပြီ
လာလည်မယ့်သူတွေလည်း အရင်လိုလာလို့မရတော့ပါဘူး
ဘားအံကိုလာမယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ နေထိုင်ကြောင်းထောက်ခံချက်
ရောဂါကင်းရှင်းကြောင်း ထောက်ခံစာအပြင်
ခရီးသွားရာဇဝင်တွေကိုပါ ပြရမှာဖြစ်ပါတယ်
ဒီရက်ပိုင်းထဲမှာလည်း သံလွင်မြစ်ရေကစိုးရိမ်ရေမှတ်ကျော်နေတာကြောင့်
သံလွင်မြစ်ကိုလှေစီးပြီးသွားရတဲ့ ဖားပုတောင်သွားတက်တာမျိုး မလုပ်ဖို့အကြံပေးပါတယ်ဗျာ
လောလောဆယ်မှာတော့
လွန်းညရေပြာအိုင်
ချစ်သူမြိုင်နဲ့
ရသေ့ပျံဂူ တို့ကို ပိတ်ထားလိုက်ပါပြီ
ဘားအံကို ရောက်ပြီးမှ ဘယ်မှမသွားရ မလည်ရမဖြစ်ရအောင်
လာလည်မယ့် အကိုအမတွေအနေနဲ့ ကိုယ်တည်းမယ့် ဟိုတယ်ကို သေချာစုံစမ်းပြီးမှ လာကြပါလို့
အသိမိတ်ဆွေအိမ်တွေမှာနေမယ်ဆိုရင်လည်း ရပ်ကွက်ရုံးကိုသေချာစုံစမ်းပြီးမှ လာကြပါ
တချို့ရပ်ကွက်တွေမှာ တခြားမြို့ကလာတဲ့သူတွေကို ပေးမအိပ်တာမျိုးရှိခဲ့ဖူးပါတယ်
ကိုဗစ်ကာလမှာ ကျန်းမာရေးသတိနဲ့နေပြီး Mask တပ် လက်အမြဲဆေးကြပါ
ကိုဗစ်ပြီးရင် ကျွန်တော်တို့ အတူတူခရီးပြန်သွားကြရအောင်
.com
ကရင်ပြည်နယ်အကျိုးပြု ခရီးသွားလုပ်ငန်း

Address

No. 6 MyoTawOolan
Hpa-an

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959682045205

Website

Alerts

Be the first to know and let us send you an email when Hpa. An Amature posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hpa. An Amature:

Share

Category