𝙃𝙚𝙡𝙡𝙤 𝙎𝙖𝙞𝙜𝙤𝙣

𝙃𝙚𝙡𝙡𝙤 𝙎𝙖𝙞𝙜𝙤𝙣 🅗🅔🅛🅛🅞 🅢🅐🅘🅖🅞🅝 🇻🇳
Exploring Vietnam one trip at a time 🇻🇳
Travel • Transport • Real experiences 🤍
Let’s explore together ✨

26/02/2026

🇻🇳 Vietnam Traffic Jam – chaotic but alive!
Busy roads. Fast life. Strong people.

𝘊𝘩𝘦𝘳𝘳𝘺 𝘉𝘭𝘰𝘴𝘴𝘰𝘮𝘴 𝘪𝘯 𝘋𝘢 𝘓𝘢𝘵, 𝘝𝘪𝘦𝘵𝘯𝘢𝘮 🌸🇻🇳Da Lat မြို့လေးဟာဆိုရင် အမြင့်ပေ ၄၉၀၀ ရှိပြီး မြန်မာနိုင်ငံက မေမြို့ လိုပဲ ပန်းမြိ...
13/02/2026

𝘊𝘩𝘦𝘳𝘳𝘺 𝘉𝘭𝘰𝘴𝘴𝘰𝘮𝘴 𝘪𝘯 𝘋𝘢 𝘓𝘢𝘵, 𝘝𝘪𝘦𝘵𝘯𝘢𝘮 🌸🇻🇳

Da Lat မြို့လေးဟာဆိုရင် အမြင့်ပေ ၄၉၀၀ ရှိပြီး မြန်မာနိုင်ငံက မေမြို့ လိုပဲ ပန်းမြို့တော် လို့ ခေါ်ဆိုကြပြီး အရမ်းအေးပါတယ် 😍 နေရာတိုင်း လမ်းတိုင်း အိမ်တိုင်းမှာ cherry ပန်းပင်တွေရှိပြီး ပန်းမျိုးစုံ အရောင်မျိုးစုံ ရှိပါတယ် တကယ်အေးချမ်းပြီး သာယာတဲ့ Tourist Attraction မြို့လေးဖြစ်လို့ တစ်ခေါက်လောက်တော့ မဖြစ်မနေ သွားလည်သင့်ပါတယ်နော် 😍😍

🍜 Bánh Canh Cá Lóc & Hủ Tiếu 🍜🇻🇳 ဗီယက်နမ်ရောက်တဲ့အခါ အမဲသားမစားတဲ့သူတွေ try ကြည့်သင့်တဲ့ ခေါက်ဆွဲ နှစ်မျိုး 🇻🇳👋 HellO!! ...
07/02/2026

🍜 Bánh Canh Cá Lóc & Hủ Tiếu 🍜

🇻🇳 ဗီယက်နမ်ရောက်တဲ့အခါ အမဲသားမစားတဲ့သူတွေ try ကြည့်သင့်တဲ့ ခေါက်ဆွဲ နှစ်မျိုး 🇻🇳
👋 HellO!! HellO!! မင်မင်ပါရှင် 😍 ဒီနေ့တော့ မင်မင့်လို အစားအသောက်ဂျီးများပြီး beef မစားတဲ့သူတွေ အတွက် မင်မင်အမြဲစားဖြစ်နေတဲ့ မင်မင့်အကြိုက်ဆုံးဗီယက်နမ်ခေါက်ဆွဲလေးတွေအကြောင်း ပြောပြချင်ပါတယ် ☺️ တကယ်လို့ ကိုယ်က အမဲသားလည်း မစားဘူး ကိုယ်မစားဖူးတဲ့အရာတစ်ခုကို စမ်းစားကြည့်ရမှာလည်း မဝံ့ရဲဘူဆို ဒီခေါက်ဆွဲလေးတွေ try ကြည့်နော် ဘာလို့ဆို ဒီ ၂ မျိုးက လွတ်လွတ်ကျွတ်ကျွတ်ကို အမဲသားကင်းလို့ပါပဲ
🐟 Bánh Canh ဆို ငါးကိုမှ menu အမျိုးမျိုးရှိတာမို့ Bánh Canh လို့ မှာလိုက်တာနဲ့ ငါးနဲ့ပတ်သက်တာတွေပဲ လာချပေးမှာပါနော် ( menu မဖတ်တတ်လို့ မစားဖူးလို့ ဘာအသားတွေနဲ့လုပ်ထားမလဲ စိတ်ပူစရာမလိုပါဘူး 😁)
🐖 နောက်တစ်မျိုးက Hủ Tiếu သူက pork အပြင် seafood နဲ့လည်းရတယ် သူလည်း pork ကိုမှ ခြေထောက်နဲ့လား နံရိုး နဲ့လား စတဲ့ menu အမျိုးမျိုးရှိတာပေါ့နော် (buy စိတ်ပူစရာမလိုဘူး pork and seafood only မို့လို့ 😅) သူက အရည်နဲ့မစားချင်ရင် အသုတ်လည်း ရှိတယ် မင်မင့်အတွက်တော့ အသုတ်ကို သိပ်မကြိုက်ဘူးရယ်
🍜တစ်ခုကလည်း fish only နောက်တစ်ခုကလည်း pork and seafood only မို့ မင်မင့်လို လူမျိုးတွေနဲ့ ကွက်တိ 👍
တခြားအစားအစာတွေလည်း try ကြည့်ပေမယ့် မင်မင်တော့ ဒီ ၂ မျိုးကို အကြိုက်ဆုံးပဲ

22/01/2026

Central Vietnam

ဘယ်နားလဲ သိရင် ဖြေပါအုံး

🇻🇳🇻🇳🇻🇳

ဘယ် လက်ဝါးတံတားကို အကြိုက်ဆုံးလဲ😁😁😁 ပရိတ်သတ်ကြီး အယောက် ၁၀၀ ရဲ့ အဖြေက👇👇👇👇👇👇👇🇻🇳🇻🇳🇻🇳💚💚💚
20/01/2026

ဘယ် လက်ဝါးတံတားကို အကြိုက်ဆုံးလဲ

😁😁😁 ပရိတ်သတ်ကြီး အယောက် ၁၀၀ ရဲ့ အဖြေက

👇
👇
👇
👇
👇
👇
👇

🇻🇳🇻🇳🇻🇳💚💚💚

အာရှမှာ "နဂါးတစ်ကောင်လို နိုးထလာတဲ့" ဗီယက်နမ်နိုင်ငံပြာပုံဘဝကနေ ဆယ်စုနှစ် တစ်ခု အတွင်း ဘယ်လိုကြောင့် တိုးတက်လာတာလဲ၊ ဘယ်လ...
19/01/2026

အာရှမှာ "နဂါးတစ်ကောင်လို နိုးထလာတဲ့" ဗီယက်နမ်နိုင်ငံ

ပြာပုံဘဝကနေ ဆယ်စုနှစ် တစ်ခု အတွင်း ဘယ်လိုကြောင့် တိုးတက်လာတာလဲ၊ ဘယ်လိုပြောင်းလဲမှုတွေလုပ်ခဲ့လဲ လေ့လာကြည့်ရအောင်

🇻🇳 Vietnam: From Zero to Hero (ဗီယက်နမ်နိုင်ငံ၏ တိုးတက်မှု ခရီးစဉ်)

အပိုင်း ၁) အမှောင်မိုက်ဆုံး အချိန်များနှင့် အချိုးအကွေ့ (Post-War & Doi Moi) စစ်ပြီးကာလ အခြေအနေ:

၁၉၇၅ ခုနှစ် စစ်ပွဲပြီးဆုံးချိန်မှာ ဗီယက်နမ်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ စစ်ဒဏ်ကြောင့် အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ရသလို၊ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု (Embargo) ဒဏ်ကိုလည်းအကြီးအကျယ် ခံခဲ့ရပါတယ်။

ဆင်းရဲမွဲတေမှု: ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ငွေကြေးဖောင်းပွမှု (Inflation) ဟာ ၇၀၀% အထိ ရှိခဲ့ပြီး ပြည်သူတွေဟာ ထမင်းဝအောင် မစားနိုင်ဘဲ ပြောင်းဖူး၊ ကန်စွန်းဥတွေကို ဆန်နဲ့ ရောနှောစားသောက်ခဲ့ရတဲ့ အခြေအနေပါ။

Bao Cap စနစ်: အစိုးရက အရာရာကို ဗဟိုမှချုပ်ကိုင်တဲ့ စီးပွားရေးစနစ် (Subsidized Economy) ကျင့်သုံးခဲ့တာကြောင့် ထုတ်လုပ်မှု ကျဆင်းပြီး စားနပ်ရိက္ခာ ရှားပါးခဲ့ပါတယ်။

စတင်ပြောင်းလဲခြင်း (Doi Moi - ၁၉၈၆):
အလှည့်အပြောင်းကတော့ ၁၉၈၆ ခုနှစ်မှာ စတင်ခဲ့တဲ့ "Doi Moi" (Renovation) လို့ခေါ်တဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒပါ။

ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး "ဆိုရှယ်လစ် ဦးတည်ချက်ပါတဲ့ ဈေးကွက်စီးပွားရေးစနစ်" (Socialist-oriented market economy) ကို ကူးပြောင်းခဲ့ပါတယ်။

လယ်သမားတွေကို ကိုယ်ပိုင်လယ်လုပ်ခွင့်ပေးလိုက်တာကြောင့် စားနပ်ရိက္ခာဖူလုံလာပြီး ကမ္ဘာ့ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အပိုင်း ၂) ကို ဆက်ကြည့်မယ်နော်

15/01/2026

Let's go to Vung Tau with private. 😍


Hello!! Hello!! မင်မင့်ရဲ့ followers တွေကို inform လုပ်ပေးချင်တာလေးရှိလို့ပါ ☺️ ဒီရက်ပိုင်း မင်မင်တို့ကို အမေးများနေတဲ့ ...
15/01/2026

Hello!! Hello!! မင်မင့်ရဲ့ followers တွေကို inform လုပ်ပေးချင်တာလေးရှိလို့ပါ ☺️ ဒီရက်ပိုင်း မင်မင်တို့ကို အမေးများနေတဲ့ Vung Tau ကိုလည်း သွားလည်ချင်တယ် but တစ်ယောက်ထဲဖြစ်နေတော့ transportion fees များမှာလည်းစိုးတယ် အဲ့လိုဖြစ်နေတဲ့ တစ်ယောက်ထဲသမား cus; တွေကို ပြောချင်တာက မင်မင်ရဲ့ page messenger or zalo or whatsApp ကို လာပြောပေးပါ အဲ့ဒီလိုလာပြောတဲ့ တစ်ယောက်ထဲသမားတွေကို မင်မင်က 4 ယောက်ပြည့်တာနဲ့ HCM to Vung Tau Budget Trip ကို စီစဉ်ပေးပါမယ် Trip က Vung Tau Trip ဆိုပေမယ့် မင်မင်တို့က ဖားအောက်တောရကျောင်းကိုပါ ရောက်ဖူးအောင် ၀င်‌ပေးမှာဖြစ်လို့ budget နဲနဲ နဲ့ 2 နေရာ သွားဖြစ်သွားတာပေါ့နော် ပြီးတော့ Hotel မေးတဲ့ cus; တွေအတွက်ပါ အဆင်ပြေအောင် estimate တွက်ပြပေးထားပါတယ်နော် Singapore မှ stay လာရှောင်ကြတဲ့ cus; များအတွက် SDG cost ပါ တွက်ပြပေးထားလို့ One Stop ပဲနော် 😍 ကဲ ဒါဆို ဘာလိုသေးလဲနော် ဆိုတော့ solo or 4 people GP အတွက် လာရောက် စုံစမ်းလို့ ရပါပြီရှင် 😘😘

Zalo or whatsApp - +84 86253833
Viber - +95 962110186

Hello!! Hello!! ဒီနေ့မှာတော့ မင်မင်က တစ်ခါမှမကြားဖူးသေးတဲ့ (မင်မင် မကြားဖူးတာပါနော် တခြားသူတွေ သိကြလားတော့ မသိဘူး) ဗီယက်...
08/01/2026

Hello!! Hello!! ဒီနေ့မှာတော့ မင်မင်က တစ်ခါမှမကြားဖူးသေးတဲ့ (မင်မင် မကြားဖူးတာပါနော် တခြားသူတွေ သိကြလားတော့ မသိဘူး) ဗီယက်နမ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ Tay Ninh မြို့ရဲ့ Cao Dai Holy See ဆိုတဲ့ religion အကြောင်း sharing လုပ်ပေးချင်ပါတယ် 🙏
ဒီ religion က မင်မင့်အတွက်တော့ အရမ်းထူးခြားပြီး တိတ်ဆိတ်နေရော စိတ်အေးချမ်းပြီး တကယ်လေးစားဖို့ကောင်းတယ် အထဲ၀င်လိုက်တာနဲ့ ဂေါပကတွေလို့ ပြောရမလား သူတို့က စည်းကမ်းတကျ ဘယ်လိုဦးချရမယ် ဘယ်လိုလေ့လာရမယ် ဘယ်လိုသွားရမယ်ဆိုတာ လမ်းညွှန်ပေးနေတာက သူတို့ဘာသာရဲ့ ထူးခြားချက်လိုပဲ ပြီးတော့ သူတို့ရဲ့ ဘုရားကျောင်းပုံစံကလည်း ထူးခြားပြီး ဓါတ်ပုံရိုက်လို့လည်းကောင်းတယ် ☘️
မင်မင် Google မှာ ရှာတွေ့ရသလောက်ကတော့ ဒီဘာသာက ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ တာဝါအို စတဲ့ ဘာသာတွေကို ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ ဘာသာရေးယဉ်ကျေးမှု တစ်ခုလို့ ပြောတာပဲ ဘယ်လိုပဲဆိုဆို တကယ်ကို ဆိတ်ငြိမ်ပြီး လေးစားဖို့ကောင်းတဲ့ religion တစ်ခုပါ 🙏
Foreigner တွေ Tay Ninh မြို့ကို အလည်သွားရင် Ba Den Mountain အပြင် ဒီ ဘုရားကျောင်း ကိုလည်း မ၀င်မဖြစ် ၀င်ကြတယ် ဒီမြို့ရဲ့ အထင်ကရနေရာလေး တစ်ခုဆိုလည်းမမှားဘူးပေါ့
Tay Ninh မြို့ကို အလည်သွားရတာ တစ်ကယ်တန်တယ် စိတ်အပန်းပြေစေတယ် 😍 သွားပြီးလေ့လာချင်တယ်ဆို မင်မင် လိုက်ပို့ပေးပါတယ်နော် 😍


Hello!! Hello!! မင်မင်ပါရှင် 🤭 🍀 Feb လထဲ ဗီယက်နမ်ကို အလည်လာမယ့်သူများအတွက် Feb-14 ကနေ Feb-22 ထိက သူတို့ရဲ့ နှစ်သစ်ကူး Vi...
07/01/2026

Hello!! Hello!! မင်မင်ပါရှင် 🤭

🍀 Feb လထဲ ဗီယက်နမ်ကို အလည်လာမယ့်သူများအတွက် Feb-14 ကနေ Feb-22 ထိက သူတို့ရဲ့ နှစ်သစ်ကူး Vietnam Tet Holiday ဆိုတာလေး ပြောပြချင်လို့ပါ
🍀 ပြီးတော့ မင်မင်တို့ရဲ့ Private car service လေးဟာဆိုရင်လည်း ဒီ holiday ရက်တွေကို နားမှာဖြစ်တယ်ဆိုတဲ့အကြောင်း ကြိုတင်အသိပေးအပ်ပါတယ်နော်
🍀 တကယ်လို့ အဲ့ဒီရက်နားနီး လာဖြစ်ခဲ့မယ်ဆိုရင် ကြိုပြီးတော့ book လုပ်ထားပေးဖို့ အကြံပြုချင်ပါတယ်ရှင့်
🍀 မင်မင်တို့ရဲ့ Private car service ဟာဆိုရင်ဖြင့် 4 seats car ဖြစ်ပြီး တကယ်ကို Private ဖြစ်ပြီး ကိုယ်ပိုင်ကားကို driver က မောင်းပို့ပေးနေသလို feeling မျိုးရစေမှာပါနော်
🍀 HCM Airport Pickup, HCM city visit, HCM to Da Lat, HCM to Vung Tau, HCM to Cu Chi Tunnel, HCM to Ba Den Mountain စတဲ့ နေရာတွေကိုလည်း လိုက်ပို့ပေးပါတယ်နော်
🍀 ဆက်သွယ်ရမယ့်လိပ်စာကတော့ CB ကိုလည်း လာလို့ရသလို Zalo, Viber ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင်

Zalo - +84 86253833
Viber - +95 962110186

Address

Hlaing

Website

Alerts

Be the first to know and let us send you an email when 𝙃𝙚𝙡𝙡𝙤 𝙎𝙖𝙞𝙜𝙤𝙣 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share