စပါးမျိုးသန့်များနှင့် နည်းပညာ

  • Home
  • Myanmar
  • Bogale
  • စပါးမျိုးသန့်များနှင့် နည်းပညာ

စပါးမျိုးသန့်များနှင့် နည်းပညာ Rice Seed Production, Market Linkage and Seed Distribution!

ထုံးထည့်ပေးခြင်းဖြင့် မြေဆီလွှာနှင့်  သီးနှံအထွက်အပေါ် အကျိုးသက်ရောက်မှုယခုနှစ်တွင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ ...
15/08/2023

ထုံးထည့်ပေးခြင်းဖြင့် မြေဆီလွှာနှင့် သီးနှံအထွက်အပေါ် အကျိုးသက်ရောက်မှု

ယခုနှစ်တွင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီနဲ့ ရှမ်းဒေသအချို့မှာ မြေဆီလွှာထုံးထည့်ခြင်းလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာကြတာ တွေ့ရပါတယ်။ ထုံးထည့်ပင်ထည့်သော်လည်းမြေချဉ်၍ ထုံးထည့်တာလို့လောက်သာ သိရှိထားကြပါတယ်။ ထုံးဘာကြောင့်ထည့်ရတယ်၊ ဘယ်လိုအကျိုးပြုမှုတွေရှိတယ်၊ တခြားဘယ်ရည်ရွယ်ချက်တွေနဲ့ ထုံးထည့်ရတယ်၊ ထုံးဘယ်လောက်ထည့်ရမယ်ဆိုတာ အသေးစိတ်ဂဃနဏ သိရှိနားလည်သဘောပေါက်မှုနည်းတာ တွေ့ရပါတယ်။ထုံးကို မြေဆီလွှာထဲ ဘာကြောင့်ထည့်ရတယ်၊ ဘယ်လိုအကျိုးပြုမှုတွေရှိတယ်၊ ထုံးဘယ်လောက်ထည့်ရတယ်ဆိုတာ သိရှိနားလည်သဘောပေါက်ထားမှသာ ထည့်ရကျိုးနပ်မှာဖြစ်ပါတယ်။

ထုံးကို (၁) မြေချဉ်ကိုပြုပြင်ရန် ထည့်သွင်းခြင်း၊ (၂) မြေဆီလွှာအတွင်း အပင်အာဟာရဓာတ်များ ထိန်းချုပ်ခံရမှုက ကင်းလွတ်အောင်ထည့်သွင်းခြင်း၊ (၃) မြေဆီလွှာအတွင်း အပင်အာဟာရဓာတ်များက အပင်များကိုအဆိပ်သင့်ခြင်းက ကင်းလွတ်စေရန် ထည့်သွင်းခြင်း၊ (၄) တချို့ဒေသများတွင် ရွှေခရုအန္တရာယ်က
ကာကွယ်ရန် ထည့်သွင်းခြင်း၊ (၅) သစ်သီးဝလံပင်တွေ အသီးအရည်အသွေးကောင်းစေရန် ထည့်သွင်းခြင်း (ကျွဲ ကော၊ သရက်၊ပန်းသီး၊ လိမ္မော်) ပြုလုပ်ကြတာ တွေ့ရှိရပါတယ်။

သီးနှံစိုက်ပျိုးတဲ့မြေဆီလွှာမှာ မြေချဉ်ခြင်း၊ ငန်ခြင်းဆိုတာ ဖြစ်ပေါ်လေ့ရှိပါတယ်။ မြေချဉ်ခြင်း၊ ငန်ခြင်းကို ယူနစ်နဲ့ပြောရင်တော့ အညွှန်းကိန်း ၄ ဒသမ ၅ အောက်ဆိုရင် အလွန်ချဉ်၊ ၄ ဒသမ ၅ မှ ၅ ဒသမ
၅ ဆိုရင် အချဉ်များ၊ ၅ ဒသမ ၆မှ ၆ ဒသမ ၁ ဆိုရင် အလယ်အလတ်ချဉ်၊ ၆ ဒသမ ၁ မှ ၆ ဒသမ ၅ ဆိုရင် အနည်းငယ်ချဉ်၊ ၆ဒသမ ၅ မှ ၇ ဒသမ ၅ ဆိုရင်သမလုနီးပါး၊ ၇ ဒသမ ၅ မှ ၈ ဒသမ ၅ ဆိုရင်အနည်းငယ်ငန်၊ ၈ ဒသမ ၅ မှ ၉ ဆိုရင်အလယ်အလတ်ငန်၊ ၉ အထက်ဆိုရင် အလွန်ငန်ဆိုပြီး သတ်မှတ်ထားပါတယ်။

အများအားဖြင့် မိုးရေချိန်များတဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီနဲ့ ဂဝံဆန်တဲ့ ရှမ်းပြည်နယ်တချို့ဒေသတွေမှာ မြေချဉ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ နေပြည်တော်ဒေသတွေမှာ တချို့နေရာတွေ မြေငန်တာဖြစ်ပေါ်လေ့ရှိပါတယ်။ မြေချဉ်ငန်ကိန်း သမအခြေအနေမှ ကိန်းဂဏန်း ၁ (တစ်) တိုးသွားတိုင်း ဆယ်ဆငန်သွားပြီး ကိန်းဂဏန်း ၁ (တစ်)လျော့သွားတိုင်း ဆယ်ဆပိုချဉ်သွားခြင်းဖြစ်ပေါ်ပါတယ်။ မြေချဉ်ခြင်းဖြစ်ပေါ်မှု အကြောင်းတရားများမှာ ကောင်းကင်ထက်လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ မီသိန်းဓာတ်ငွေ့၊ နိုက်ထရိတ်ဓာတ်ငွေ့၊ နိုက်ထရပ်ဓာတ်ငွေ့များဟာ မိုးရေနှင့်ပေါင်းစပ်ကာအက်စစ်မိုးများအဖြစ် ကမ္ဘာမြေပေါ်သို့ပြန်ကျလာရာက မြေဆီလွှာချဉ်ခြင်း ဖြစ်ပေါ်စေပါတယ်။

နောက်တစ်ချက် မြေချဉ်စေတဲ့အကြောင်းတရားကတော့ ယူရီးယားဓာတ်မြေသြဇာကို လွန်ကဲစွာအသုံးပြုခြင်း၊ရေနဲ့အတူ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ဆာလ်ဖာ စသောဓာတ်များ စိမ့်ဝင်စီးဆင်းပျောက်ဆုံးခြင်းဖြစ်ပြီး အဲဒီဓာတ်တွေနေရာမှာ ဟိုက်ဒရိုဂျင်အိုင်းယွန်းများနဲ့ အလူ
မီနီယမ်အိုင်းယွန်းများ အစားထိုးဝင်ရောက်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ပြိုကွဲခြင်းကြောင့် ဟိုက်ဒရိုဂျင်အိုင်းယွန်းများ ထွက်လာခြင်းများကြောင့် မြေချဉ်ရခြင်းဖြစ်ရတယ်။ မြေဆီလွှာချဉ်ခြင်းကြောင့် သီးနှံပင်အာဟာရများဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ဆာလ်ဖာဓာတ်များ စားသုံးနိုင်သောအခြေအနေကို အထောက်အကူဖြစ်စေတဲ့ ဇီဝရုပ်များ ရှင်သန်လှုပ်ရှားမှုကို ဟန့်တားသဖြင့် အပင်များက အာဟာရစုပ်ယူရရှိမှုကို ထိခိုက်စေပါတယ်။ မြေဆီလွှာအတွင်းနိုက်ထရိုဂျင်ဓာတ်ကို ဖမ်းပေးသော ဘက်တီးရီးယားများ ရှင်သန်မှု လျော့နည်းခြင်းဖြစ်စေပါတယ်။ အမိုးနီးယားမှ နိုက်ထရိုဂျင်နိုက်ထရိတ်သို့ ဓာတ်တိုးပေးသောဘက်တီးရီးယားများ လျော့နည်းစေပါတယ်။

အော်ဂဲနစ်ပစ္စည်းများကို ပြိုကွဲစေတဲ့ သက်ရှိအဏုဇီဝပိုးများ လျော့နည်းစေပါတယ်။ တစ်ဖန်မြေချဉ်ခြင်းကြောင့် အပင်အာဟာရဓာတ်များ ချို့တဲ့ခြင်း၊ အဆိပ်သင့်ခံရခြင်းများ ခံစားရစေပါတယ်။ မြေဆီလွှာချဉ်ငန်ကိန်း ၄ မှ ၅ ဒသမ ၃ ရှိနေရင်အပင်များကို အလူမီနီယမ်နှင့်မဂ္ဂနီးစ်အဆိပ်သင့်စေပြီး ကယ်လ်စီယမ်၊မဂ္ဂနီစီယမ်၊ မော်လစ်ဘ်ဒီနန်၊ ဖော့စ်ဖရပ်များ ချို့တဲ့စေပါတယ်။ အလူမီနီယမ်အဆိပ်သင့်ခံရပါက သီးနှံသစ်ပင်ဟာ အမြစ်များဆဲလ်ကွဲပွားခြင်း၊ ဆဲလ်ရှည်ထွက်ခြင်းကိုအဟန့်အတားဖြစ်စေပါတယ်။ စပါးရွက်များပေါ်မှာ ရွက်ကြောကြား၌ လိမ္မော်ရောင်ရောင်မညီဖြစ်ပေါ်ပြီး စပါးပင်ကြီးထွားမှုညံ့ဖျင်း၍အပင်ပုစေပါတယ်။ မဂ္ဂနီစီယမ်ချို့တဲ့မှုနဲ့ သွယ်ဝိုက်ပတ်သက်နေပါတယ်။ မဂ္ဂနီးစ်အဆိပ်သင့်ခံရပါက စပါးရွက်ကြောများကြားဝါညိုရောင်အစက်အပြောက်များစတင်ဖြစ်ပွားပြီး ရွက်လယ်ကြောဧရိယာ တစ်ခုလုံးသို့ ပျံ့နှံ့သွားပါတယ်။
အလူမီနီယမ်နဲ့မဂ္ဂနီးစ်အဆိပ်သင့်ခြင်း ကင်းလွတ်စေရန် ထုံးတစ်ဟက်တာ တစ်တန်မှ သုံးတန်ထည့်ပေးခြင်း၊ အမြစ်ကြီးထွားသန်မာစေရန်ဆာလ်ဖိတ် (သို့) နိုက်ထရိတ်ဓာတ်ပါသော ဂျစ်ပဆန်ကျောက်မှုန့်၊ သစ်စိမ်းမြေသြဇာ၊ ကလိုရင်းပါသောမြေသြဇာ၊ ဖော့စ်ဖရပ်ဓာတ်ချို့တဲ့မှု မဖြစ်ပေါ်စေရန် ကျောက်မှုန့်မြေသြဇာတစ်ဟက်တာ တစ်တန်နှုန်း ထည့်ပေးပြီး ကုစားနိုင်ပါတယ်။ မြေချဉ်ငန်ကိန်း ၅ ဒသမ ၆ မှ ၆ ဒသမ၁ အလယ်အလတ်ချဉ်နေပါက ဖော့စ်ဖရပ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ မော်လစ်ဘ်ဒီနန်ဓာတ်များ ချို့တဲ့စေပါတယ်။ ဒီအခြေအနေမှာ ယူရီးယားမြေသြဇာနဲ့ တီစူပါဓာတ်မြေသြဇာ သုံးစွဲခြင်းက ရှောင်ဖို့ လိုအပ်ပါတယ်။

မြေချဉ်ငန်ကိန်း ၆ ဒသမ ၁ မှ ၆ ဒသမ ၅ အနည်းငယ်ချဉ်အခြေအနေမှာသံဓာတ်ချို့တဲ့စေပြီး ဖော့စ်ဖရပ်ဓာတ်ပျော်ဝင်မှု များစေပါတယ်။ မြေချဉ်ငန်ကိန်းအလယ်အလတ်ငန်အခြေအနေမှာ ဖော့စဖရပ်ဓာတ်ပျော်ဝင်မှုများစေပြီး မော်လစ်ဘ်ဒီနန်ဓာတ်ချို့တဲ့စေပါတယ်။ အများအားဖြင့် သီးနှံပင်များကို အာဟာရဓာတ်များက အဆိပ်သင့်ခြင်း၊ အာဟာရချို့တဲ့ခြင်း ဖြစ်ပေါ်ရခြင်းမှာ မြေဆီလွှာချဉ်ခြင်းက တရားခံအစစ်ဖြစ်ပါတယ်။ချဉ်နေတဲ့မြေဆီလွှာဟာ သီးနှံများ ကြီးထွားရှင်သန် အထွက်နှုန်းကောင်းပေးဖို့ အလွန်အဟန့်အတားဖြစ်စေပါတယ်။ တောင်သူ လယ်သမားကြီးများက ချဉ်နေတဲ့မြေဆီလွှာကို မပြုပြင်မမွမ်းမံဘဲသီးနှံများ စိုက်နေကြမယ်ဆိုပါက အပင်လည်းမကြီးထွား၊ အထွက်လည်းမများ၊ အကျိုးစီးပွားလည်းမတိုးပွား အချည်းနှီးသာဖြစ်နေမှာဖြစ်ပါတယ်။ ချဉ်တဲ့မြေကို ပြုပြင်ဖို့တစ်ခုတည်း သော နည်းလမ်းမှာ ထုံးထည့်ပေးခြင်းသာဖြစ်ပါတယ်။

မြေဆီလွှာကို ထုံးထည့်ပေးခြင်းဟာ မြေချဉ်ဖြစ်ပေါ်ခြင်းကိုလည်း ကုစားနိုင်ခြင်း၊ မြေချဉ်မှုကြောင့် သီးနှံပင်များအပေါ် အာဟာရဓာတ်များ အဆိပ်သင့်ခြင်းက ကင်းလွတ်စေခြင်း၊ သီးနှံပင်များအတွက်လိုအပ်သော အာဟာရဓာတ်များ ချို့တဲ့မှုဖြစ်ပေါ်ခြင်းကကင်းဝေးစေခြင်း စတဲ့ တစ်ချက်ခုတ် သုံးချက်ပြတ်လုပ်ငန်းစဉ်ဖြစ်ပါတယ်။ မြေချဉ်စေမှုက လျော့ပါး၊ အဆိပ်သင့်ခြင်းကကင်းလွတ်၊ အာဟာရချို့တဲ့ ခြင်းက ကင်းဝေးသဖြင့် သီးနှံပင်များ အာဟာရပြည့်စုံလုံလောက်စွာ စားသုံးရပြီးအထွက်များအကျိုးပွားစေမှာဖြစ်ပါတယ်။

မြေချဉ်များကို ပြုပြင်ရမဲ့ထုံးကို လေ့လာကြည့်ရင် အမျိုးအစားအမျိုးမျိုးတွေ့နိုင်ပါတယ်။ (က) ထုံးကျောက် (ထုံးအာနိသင်၁၀၀ ရာခိုင်နှုန်း) (CaCO3) ၊ (ခ) မဖောက်ထုံး (ထုံးအာနိသင် ၁၅၀ မှ ၁၇၀ ရာခိုင်နှုန်း) (CaO)၊ (ဂ) ဖောက်ထုံး (ထုံးအာနိသင် ၁၂၀ မှ ၁၃၅ ရာခိုင်နှုန်း) Ca(OH)2၊ ဒိုလိုမိုက် (ထုံးအာနိသင် ၁၀၀ ရာခိုင်နှုန်း) (CaCO3 + MgCO3) တို့ဖြစ်ပါတယ်။ထုံးဟာ မြေချဉ်ကို ပြုပြင်ရုံသာမက မြေဆီလွှာအတွင်း အာဟာရဓာတ်များ ထိန်းချုပ်ခံရမှုက လွတ်ကင်းစေပြီး အပင်ကလွယ်ကူစွာ စားသုံးနိုင်စေရန် ဖန်တီးပေးခြင်း၊ သီးနှံပင်ကို အဆိပ်သင့်စေတဲ့ အလူမီနီယမ်၊ မဂ္ဂနီးစ်၊ သွပ်၊ သံဓာတ်များကင်းဝေးစေတဲ့ အကျိုးများပေးပါတယ်။ မြေဆီလွှာအချဉ် အခြေအနေမှာ ရှင်သန်ပေါက်ဖွားကြီးထွားနိုင်တဲ့ ကပ်ပါးမှိုရောဂါအမျိုးမျိုးကို ထိန်းချုပ်နှိမ်နင်းပေးနိုင်ပါတယ်။

ရွှံ့စေးမြေ၊ သဲမြေများရဲ့ ရူပဂုဏ်သတ္တိကောင်းမွန်အောင်ပြောင်းလဲစေပါတယ်။ အမြစ်အဖွဲ့အစည်း ကြီးထွားဖွံ့ဖြိုးမှုကို အကျိုးပြုစေပါတယ်။သစ်သီးဝလံပင်များကို ထုံးထည့်ပါက သစ်သီးအရသာ ချိုမွှေးပြီး အရည်အသွေးကောင်းစေပါတယ်။ (ဥပမာ - ကျွဲကောသီးချိုမွှေးစေ) ထုံးဆိုသော်လည်း ကယ်လ်စီယမ်ပါဝင်တိုင်း ထုံးမဟုတ်ပါ။ လချေး(ကယ်လ်စီယမ်ဆာလ်ဖိတ်) ဟာ ထုံးမဟုတ်ပါ။ မြေချဉ်ငန်ကိန်းကို ပြောင်းလဲစေရန် မစွမ်းဆောင်နိုင်ပါ။မြေချဉ်ကို ပြုပြင်ဖို့ ထုံးကို ထည့်သွင်းအသုံးပြုရာမှာ မြေအမျိုးအစားအလိုက်၊ မြေချဉ်ငန်ကိန်းအလိုက် ထည့်သွင်းရမဲ့ ထုံးပမာဏကို စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲက သုတေသနပြု သတ်မှတ်ထားပါတယ်။

သဲမြေ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅၊ ၅ ဒသမ ၅ အခြေအနေမှာ တစ်ဟက်တာ ထုံး သုညဒသမ ၇ တန်၊ မြေချဉ်ငန်ကိန်း ၅ ဒသမ ၅ မှ ၆ ဒသမ ၅ ရှိနေပါက တစ်ဟက်တာ ထုံးတစ်တန်၊ နုန်းသမမြေ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅ မှ ၅ဒသမ ၅ ရှိနေပါက တစ်ဟက်တာ ထုံး ၂ ဒသမ ၈ တန်၊ မြေစေးမြေ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅ မှ ၅ ဒသမ ရှိနေပါကတစ်ဟက်တာထုံး ၃ ဒသမ ၇ တန် ထည့်ပေးရန်ဖြစ်ပါတယ်။ (တစ်တန် = ပိဿာ ၆၀၀)။ အထူး သတိပြုရမှာကတော့ထုံးကို မြေဆီလွှာအတွင်း ထည့်မယ်ဆိုပါက သီးနှံမစိုက်ပျိုးမီ အနည်းဆုံး တစ်လကြိုတင်၍ ထည့်ပေးဖို့လိုအပ်ပါတယ်။

သီးနှံစိုက်ပျိုးချိန်နဲ့ နီးကပ်စွာ ထည့်သွင်းပါက ထုံးက သီးနှံပင်ကို လောင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားကြီးများက မိမိရဲ့လယ်ယာမြေ မြေချဉ်များကို ထုံးထည့်ပြုပြင်စိုက်ပျိုးခြင်းဖြင့် သီးနှံများအထွက်တိုး အကျိုးများကြစေကြောင်းတိုက်တွန်းလိုက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

စပါးမျိုးများ၏ အရည်အချင်းလက္ခဏာများအား မျှဝေပါသည်crd., စိုက်ပျိုးရေးသုတေသနဦးစီးဌာန
11/08/2023

စပါးမျိုးများ၏ အရည်အချင်းလက္ခဏာများအား မျှဝေပါသည်
crd., စိုက်ပျိုးရေးသုတေသနဦးစီးဌာန

13/05/2023
Cyclone scale ကိုဖော်ပြထားတာဖြစ်ပါတယ်CATEGORY ကို  CAT ဟု အတိုကောက်သုံးနှုန်းပါတယ် ဥပမာ Cat 1 cat 2 cat 3အစရှိသဖြင့်ပေါ့...
05/05/2023

Cyclone scale ကိုဖော်ပြထားတာဖြစ်ပါတယ်
CATEGORY ကို CAT ဟု အတိုကောက်သုံးနှုန်းပါတယ် ဥပမာ Cat 1 cat 2 cat 3အစရှိသဖြင့်ပေါ့လေ
တစ်နာရီလေတိုက်ခတ်နှုန်း ၇၄မိုင်မှ ၉၅မိုင်အတွင်းတိုက်ခတ်တဲ့မုန်တိုင်းကို CAT 1 အဆင့်မုန်တိုင်းအဆင့်သတ်မှတ်ပါတယ်
တစ်နာရီလေတိုက်ခတ်နှုန်း ၉၆မိုင်မှ ၁၁၀အတွင်းတိုက်ခတ်တဲ့မုန်တိုင်းကို CAT 2 မုန်တိုင်းအဆင့်သတ်မှတ်ပါတယ်
တစ်နာရီ ၁၁၁မိုင်မှ ၁၃၀မိုင်အတွင်းတိုက်ခတ်တဲ့မုန်တိုင်းကို CAT3 မုန်တိုင်းအဆင့်သတ်မှတ်ပါတယ်
တစ်နာရီ ၁၃၁မိုင်မှ ၁၅၅မိုင်အတွင်းတိုက်ခတ်တဲ့မုန်တိုင်းကို CAT 4 မုန်တိုင်းအဆင့်သတ်မှတ်ပါတယ်
တစ်နာရီ ၁၅၅မိုင်အထက်တိုက်ခတ်တဲ့မုန်တိုင်းကြီးကို CAT 5 မုန်တိုင်းအဆင့်သတ်မှတ်ပါတယ် စူပါစူပါမုန်တိုင်းကြီးပေါ့
သတိထားရမှာက CAT 3, CAT 4,CAT 5, မုန်တိုင်းကြီးများသည် အဖျက်စွမ်းအားပြင်းထန်ပါတယ်
ဗဟုသုတအဖြစ်မျှဝေလိုက်တာဖြစ်ပါတယ်
Su Su San မင်း ဂွတ် သီး
𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓.

ဂျပန် အီးအမ်အစစ် (Kyusei EM )   နှင့် လက်ဖြစ်အီးအမ်ဘာတွေကွာသလဲ။ အီးအမ်နဲ့ပတ်သက်လို့ သိသင့်တာ လေးတွေ နည်းနည်းပြောချင်ပါတယ...
02/04/2023

ဂျပန် အီးအမ်အစစ် (Kyusei EM ) နှင့် လက်ဖြစ်အီးအမ်ဘာတွေကွာသလဲ။
အီးအမ်နဲ့ပတ်သက်လို့ သိသင့်တာ လေးတွေ နည်းနည်းပြောချင်ပါတယ်။

အီးအမ်ကို တောင်သူများ သိနေကြပြီဆိုပေမဲ့ အများစုက အရပ်လက်ဖြစ်အီးအမ်နည်းပညာကိုသာ သိနေကြတာများပါသည်။
Kyusei EM သည် အဆင့်မြင့်သိပ္ပံပညာတစ်ခုဖြစ်တဲ့ mixture technology ကို အခြေခံပြီး sterilization လုပ်ထားတဲ့ဓါတ်ခွဲခန်းမှာအစပျိုးလုပ် ယူရတာပါ။ လေဟာနယ်မှာ လုပ်နေတဲ့ လက်ဖြစ်အီးအမ်တွေနဲ့ နည်းပညာအဆင့်အတန်း နိုင်းယှည်လို့မရအောင် ကွာသလို အာနိသင်လည်း အဆပေါင်းများစွာကွာပါတယ်။

ဂျပန်အီးအမ်မှာ လက်မှတ်ရကျွမ်းကျင် အလုပ်သမားများကို ခေါင်းဆောင် အဆင့်ဆင့်ဖြင့်စနစ်တကျ ဖွဲ့စည်းထားသော အင်အားကြီးသော အလုပ်သမားတပ်ဖွဲ့ကြီး ကဲ့သို့ ဖြစ်ပြီး လက်ဖြစ်အီးအမ်မှာ ဒေသတွင်း ရှိ အလုပ် မရှိသော အလုပ်လိုချင်သော အလုပ်သမားများကို စုစည်းထားသော သေးငယ်သော အလုပ်သမား အစုအဝေး တစ်ခုနှင့် တူပါသည်။ ဒါကြောင့် အာနိသင်ချင်း အဆမတန်ကွာခြားပါသည်။ သူတို့လည်း အလုပ်လိုချင်သူများ ဖြစ်၍ အနည်းအကျဉ်း အလုပ်လုပ် နိုင်သော်လည်း လက်မှတ်ရဂုဏ်သရေရှိ အလုပ်သမားများ မဟုတ်သဖြင့် အလုပ်ရှင်ကို ပြန်လည်ရန်ပြုနိုင်သော အခွင့် အလန်းများ လည်းရှိသည်။ ထို့ကဲ့သို့ပင် လက်ဖြစ်အီးအမ်များသည် အနည်းအကျဉ်း အလုပ်ဖြစ်သော်လည်း ပြုလုပ်ရာတွင် သန့်ရှင်းမှု စနစ်ကျမှု အားနည်းလျှင်နည်းသလို သီးနှံပင် ကို ပြန်လည်ရန်ပြုမည့် ရောဂါပိုးများ ပါဝင် လာပြီး ပွားများ ဒုက္ခပေးနိုင်ပါသည်။

ကျွန်တော်ရေးတဲ့ အီးအမ်စာအုပ်ထဲက အီးအမ်သီအိုရီတွေ အယူအဆတွေက EMRO (EM Research Organization) ကထုတ်တဲ့ Kyusei EM နဲ့ဘဲဆိုင်ပါတယ်။ တချို့က ပုံတူကူးချပြီး ဘာတွေပါမှန်းပင်မသိရသောလက်ဖြစ်အီးအမ်တွေနဲ့ ဒီ သီအိုရီတွေကို ရောရေးနေကြပါသည်။ မဖြစ်သင့်ပါ ဟုပြောလိုပါသည်။ တကယ်တော့ EM သည် Kyusei ရဲ့ trade mark ပါ။ တစ်ခြားသူ တွေ ဒီနာမည် ကို trade mark အနေဖြင့် သုံးမရပါ။
လက်ဖြစ်အီးအမ်လုပ်နည်းများကို ကျွန်တော်တို့ကိုယ်တိုင်လည်းတောင်သူများကို သင်ပေးခဲ့ ပါသည်။ ဒါပေမဲ့ Kyusei EM နဲ့ မတူကြောင်းတော့ သင်ပေးရပါသည်။ ကျွန်တော်တို့က တော့ အဲဒါတွေကို အီးအမ်လို့ မခေါ်ပါဘူး။ IM (Indigenous Microorganism )လို့ဘဲခေါ်ပါတယ်။ ယခင်က Kyusei EM ဝယ် ရခက်ခဲသဖြင့် ဝယ်မရသော အစွန်းအဖျားဒေသများအတွက် သင်ပေးခြင်းဖြစ်ပါသည်။ ယခုအခါ စက်ရုံထုတ် အီးအမ်အစစ် ကို တင်သွင်း ရောင်းချနေသူ အများအပြားရှိနေပြီဖြစ်ပါသည်။

ဂျပန်အီးအမ်အစစ်တွင် လေမဲ့စနစ်ဖြင့်သာ မွေးမြူ ၍ရသည့် pure anerobic Photosynthetic Bacteria များပါဝင်ပြီး ၎င်းတို့သည် ပျားဘုရင်မကဲ့သို့ အီးအမ် အဏုဇီဝအားလုံးကို ထိန်းချုပ် အလုပ်လုပ်ပေးပါသည်။ ၎င်းတို့မပါလျှင် အီးအမ်အဏုဇီဝများ ကောင်းစွာအလုပ်မလုပ်နိုင်ပါ။ လေဟာပြင်ထဲတွင် အထိန်း အချုပ်မဲ့ လုပ်ရသော လက်ဖြစ်အီးအမ်အများစု မှာ Photosynthetic Bacteria မပါ ပါ။ ပါလျှင်လည်း Facultative anaerobic (ရံဖန်ရံခါ လေမဲ့) အဆင့်လောက်သာ ပါမည်ဖြစ်ပါသည်။
တကယ်တော့ ဂျပန်အီးအမ်အစစ်သည် အဆင့်ဆင့် အဆများစွာပွားနိုင်သောကြောင့် လက်ဖြစ်အီးအမ် ထက်ပင် ဈေးသက်သာပါသည်။ လက်ဖြစ်အီးအမ်များမှာထိုသို့ မပွားနိုင်ပါ။ ပွားလျှင်လည်း ရေထဲမှ အခြားအဏုဇီဝများ ကိုယှဉ်ပြိုင်မပွားနိုင်သောကြောင့် မလိုအပ်သော အခြားအဏုဇီဝများ ပါလာသည့် အာနိသင် အလွန်နည်းသော မသန့်ရှင်းသောအီးအမ်သာရမည်ဖြစ်ပါသည်။ ဒါကြောင့် စာရေးသူအနေဖြင့် မြန်မာပြည်တွင် လုပ်နေသော လက်ဖြစ်အီးအမ်များအစား စက်ရုံထုတ် ဂျပန်အီးအမ် အစစ်ကို သာ ဝယ်ယူသုံးစွဲသင့်သည်ဟု အကြံပြုလိုပါသည်။

ကျွန်တော့ အနေဖြင့် Kyusei EM (ဂျပန်အီးအမ်အစစ်) အကြောင်း အတော်များများပြောဘူးပါသည်။ ကျွန်တော်ရေးသားပြောဆိုနေသော အီးအမ်နှင့် ပတ်သက်သော အကြောင်းအရာများသည် မြန်မာပြည် အနေအထား၊မြန်မာတောင်သူများအတွက် အသင့် တော်ဆုံးပုံစံများကိုသာ ပြောဆိုနေခြင်းဖြစ်ပါသည်။ ထိုအကြောင်းအရာများသည်လည်း ဂျပန်များမြန်မာပြည်လာရောက်စဉ်က ကျွန်တော့ကို သင်ကြားပေးခဲ့သော အချက်အလက်များ အတိအကျပင်ဖြစ်သည်။ ကျွန်တော့ သဘောနှင့် ပြုပြင်ထားခြင်းမရှိပါ။ အကယ် ၍ မြန်မာလူမျိုးတစ်ယေက်သည် ဂျပန်ရောက်၍ဖြစ်စေ၊ ဂျပန်များပေးသောအီးအမ်သင်တန်းများကို နိုင်ငံခြားတွင် လေ့လာဆည်းပူးလျှင်ဖြစ်စေ ကျွန်တော်၏ပြောဆိုဆွေးနွေးမှု နှင့် ကွာဟချက်အနည်းငယ်တွေ့ရပါမည်။ ထိုသို့ဖြစ်ရခြင်းမှာ ဂျပန်များအနေဖြင့် မိမိတို့၏နည်းပညာဖြန့်ဝေမှု အောင်မြင်မှု လမ်းကြောင်းပေါ်ရောက်ရှိ သွားပြီဖြစ်သဖြင့် Scientific approach မှ Market approachသို့ပြောင်းလည်းလုပ်ကိုင် လာ သောကြောင့် နည်း စနစ် အချို့ကို ပြုပြင်ထားခြင်းဖြစ်ပါ သည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော် ၏ပြောဆိုရေးသားမှုများသည် မြန်မာနိုင်ငံနှင့် မြန်မာတောင်သူများအတွက် ပို၍ သင့်တော်ပါသည်။ ငွေကြေးပြည့်စုံပြီး ကုန်ကျစရိတ်ကို ထည့်မတွက်သူများအနေဖြင့် ဂျပန်ပြည်မှနည်းလမ်းကိုမှ သုံးလိုလျှင်လည်း မိမိ ဆန္ဒ အတိုင်းသာ ရွေးချယ် လုပ်ကိုင်နိုင်ပါသည်။
Credit- Myint Lwin
မူရင်းလင့်-https://m.facebook.com/story.php?story_fbid=6082633181806038&id=100001782501138&mibextid=Nif5oz

စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာ(New Rice-Ratooning Technology)နိဒါန်း ကမ္ဘာပေါ်တွင် စပါးသီးနှံသည် အရေးပါဆုံး နှံစား ...
22/09/2022

စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာ
(New Rice-Ratooning Technology)
နိဒါန်း
ကမ္ဘာပေါ်တွင် စပါးသီးနှံသည် အရေးပါဆုံး နှံစား သီးနှံဖြစ်ပြီး စပါးထုတ်လုပ်မှုတိုးစေရန် စပါးလမိုင်းစနစ် သည် အလားအလာကောင်းသော နည်းစနစ်တစ်ခု ဖြစ်ပါ သည်။ စပါးလမိုင်း စိုက်ပျိုးနည်းပညာသည် တောင်သူများ အတွက် အသစ်အဆန်း မဟုတ်ပေ။ ပူနွေး စွတ်စို သောဒေသ များတွင် စပါးလမိုင်းစိုက်ပျိုးရန် အခြေအနေကောင်းသော် လည်း စိုက်ပျိုးမှုနည်း သည်ကို တွေ့ရှိရပါသည်။ အရှေ့အာရှ ဒေသများတွင် စပါးလမိုင်းစိုက်ပျိုးခြင်းကို (၂၀) ရာစုအစော ပိုင်းကာလများတွင်သာတွေ့ရှိခဲ့ရသည်။ လယ်စပါးစိုက်ပျိုးမှု တွင်ထယ်ထိုးထွန်မွှေ သမန်းပြင်ခြင်း၊ပျိုးခင်းပြင်ခြင်းနှင့် ပျိုးနှုတ် ကောက်စိုက်ခြင်းစရိတ်များမှာ အဓိက ကုန်ကျစရိတ် များဖြစ်သည်။ စပါးလမိုင်းစိုက်ပျိုးခြင်းတွင် ထိုကုန်ကျစရိတ် များကို လျော့ချနိုင်ခြင်းသည် အားသာချက်တစ်ခု ဖြစ်သည်။ သို့သော် အထွက်နည်းခြင်းနှင့် ရင့်မှည့်ချိန်မညီခြင်းတို့ ကြောင့် ကျယ်ကျယ်ပြန့်ပြန့် မစိုက်ကြခြင်းဖြစ်သည်။ စပါးလမိုင်း အထွက်စွမ်းရည်ကောင်းစေရန် မျိုးရွေးချယ်ခြင်း သည်လည်း အဓိက အရေးကြီးသည့်အချက် ဖြစ်ပါသည်။
စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာသည် ယခင်စပါးလမိုင်းနည်းပညာကို ပြန်လည်ပြုပြင် ထားသော စိုက်ပျိုးနည်းပညာ တစ်ခုဖြစ်ပါသည်။ မိခင်အပင်ကဲ့သို့ သားတက် ပင်များမှာလည်း အထွက်ကောင်းပြီး စပါးမျိုး အလိုက်တစ်နှစ်လျှင် ၃ သီးမှ ၄ သီးထိ ရိတ်သိမ်းနိုင်မည် ဖြစ်ပါသည်။ ဤစိုက်ပျိုးနည်းပညာ၏ အဓိကအချက်များမှာ ရိုးပြတ် ဖြတ်ချိန်နှင့်အမြင့်၊ မြေသြဇာ နှင့် ရေအသုံးချမှု တို့ပင်ဖြစ်ပါသည်။
ရိုးပြတ်ဖြတ်ချိန်နှင့် အမြင့်
စပါးလမိုင်းသားတက်များ ထွက်လာစေရန်အတွက် မိခင်ပင်အကောင်းဆုံးရိတ်ချိန်မှာ ဇီဝကမ္မရင့်မှည့်ချိန်ဖြစ်၍ ထိုအချိန်တွင် ပင်စည်များစိမ်းနေဆဲဖြစ်ပြီး ရိုးပြတ်များ လုံးဝ ရင့်မှည့်ချိန်ဝယ် ဝါမသွားချိန်၌ ရိတ်သိမ်းပေးသင့်ပါသည်။ အကယ်၍ ရေသွင်းရေထုတ် ခက်ခဲပြီး လူဖြင့်ရိတ်ရသော စိုက်ကွက်များတွင် ရိုးပြတ်ပင်စည် အမြင့်မှာ (၆) လက်မခန့် ထားပြီး ဖြတ်ပေးခြင်းဖြင့် စပါးလမိုင်းခင်းတွင် အပင်ပျောက် ဖြစ်မှုနည်းသွားပြီး ပေါင်းမြက်ကိုလည်း နှိမ်နင်းနိုင်မည် ဖြစ် သည်။ မိခင်ပင် ရိတ်သိမ်းပြီး (၃-၄) ရက်တွင် လမိုင်း စပါးပင်ကို မြေပြင်အထက် (၂) လက်မချန်၍ ဖြတ်ပေးခြင်း ဖြင့် ပင်ပွားများပြီး ပန်းပွင့်ချိန် ညီညာမည် ဖြစ်ပါသည်။
ရေသွင်းရေထုတ်လွယ်ကူပြီး ရိတ်သိမ်းချွေလှေ့စက် ဖြင့် ရိတ်သိမ်း နိုင်သော အကွက် များတွင် မိခင်ပင်ကို မြေ မျက်နှာပြင်အထက် (၂) လက်မချန်၍ တိုက်ရိုက်ရိတ်သိမ်း ပေးနိုင်ပါသည်။
မြေသြဇာကျွေးခြင်း
မြေဆီသြဇာကောင်းခြင်း မကောင်းခြင်းသည် စပါး လမိုင်းအပင်ကြီးထွားမှုနှင့် အထွက်နှုန်းတို့ကို များစွာ အကျိုး သက်ရောက်မှုဖြစ်စေပါသည်။ နိုက်ထရိုဂျင်နှင့် ဖော့စဖိတ် ဓာတ်များသည် စပါးလမိုင်းပင် ကြီးထွားမှုအတွက် သိသာစွာ အကျိုးသက်ရောက်မှုရှိပြီး အထူးသဖြင့် ဖော့စဖိတ်ဓာတ် မြေသြဇာသည် အမြစ်အားကောင်းမှုကို အကျိုးဖြစ်ထွန်းစေ ပါသည်။ ထို့ကြောင့် နိုက်ထရိုဂျင်မြေသြဇာနှင့် ဖော့စဖိတ် မြေသြဇာများကို မိခင်ပင် မရိတ်သိမ်းမီ (၁၄) ရက်အလိုတွင် ကျွေးပေးခြင်းအားဖြင့် သားတက်များမှာ ကိုယ်ပိုင်အမြစ်များ ဖြင့် ထွက်ရှိလာမည်ဖြစ်ပါသည်။ ဤအချက်သည်ပင်လျှင် ယခင်စပါးလမိုင်းစနစ်နှင့် ကွဲပြား သောအချက်ဖြစ်ပါသည်။ သို့သော် နိုက်ထရိုဂျင်မြေသြဇာကို အလွန်အကျွံကျွေးလျှင် မိခင်ပင်မှာ ဟုန်သွားပြီး လမိုင်းစွမ်းရည်ကို ကျဆင်းစေပါ သည်။
သမားရိုးကျရွေ့ပြောင်းစိုက်ပျိုးရာတွင် ကောက်ပင် လှန်ချိန်၌ မြေဩဇာကျွေး ပေးရသကဲ့သို့ သားတက်ဆင့်ပွား ပင်များ ဖြစ်လာပြီး(၁၀-၁၄) ရက်အတွင်းမြေဩဇာကို စတင် ကျွေးပေးရပါသည်။ သို့မှသာ ပင်ပွားများလာနိုင်မည် ဖြစ်ပါ သည်။ ထို့နောက် ပင်ပွားချိန်၊ မှို့ကပ်ချိန်နှင့် ပန်းပွင့်ချိန်တွင် တစ်ကြိမ်စီကျွေးပေးရပါမည်။
စိုက်ပျိုးရေ စီမံခန့်ခွဲမှု
မိခင်အပင် မရိတ်သိမ်းခင်နှင့်ရိတ်သိမ်းပြီး အခြေ အနေများတွင် စိုက်ပျိုးရေကို စနစ်တကျသွင်းပေးခြင်းသည် စပါးလမိုင်းစွမ်းရည်ကို များစွာအကျိူးသက်ရောက်မှု ရှိပါ သည်။ မိခင်အပင် မရိတ်သိမ်းမီ နှင့် ရိတ်သိမ်းပြီး (၇ - ၁၀) ရက်အတွင်း အခြောက်ခံပေး ထားရမည် ဖြစ် ပါသည် (မိခင်ပင် မညှိုးစေရ)။ စိုက်ပျိုးမြေကို အခြောက်ခံပေးထားခြင်းအား ဖြင့် သားတက်ဆင့်ပွားပင်၏ အမြစ်သည်မြေဆီလွှာ၏ နက်ရှိုင်းသောနေရာမှ ရေကို စုပ်ယူ၍ ရှင်သန်နိုင်သည်။ အစို ဓာတ်များလွန်းလျှင် ရိုးပြတ်ပင်စည်ရှိ အဖူးကလေးများမှာ မှိုတက် ပုပ်ရိပြီး သေသွားနိုင်၍ ပင်သေပင်ပျောက် များသွား နိုင်သည်။ ခြောက်သွေ့သော မြေဆီလွှာသည် အမြစ်ဇုံအတွင်း လေဝင်လေထွက် ကောင်းစေပြီး သားတက်ဆင့်ပွားပင်၏ အမြစ်ရှင်သန်ကြီးထွားမှုကို အားပေးသည်။ သို့မှသာ အစာ အာဟာရဓာတ်စုပ်ယူရာတွင် မိခင်ဟောင်းကို မီခိုအားထားမှု မလိုသော သားတက်ဆင့်ပွားပင်များ ဖြစ်လာပါသည်။ သားတက် ဆင့်ပွား အပင်များထွက်လာပြီး (၇-၁၀) ရက် အတွင်း ရေပါးပါးလွှမ်းပေး ရမည် ဖြစ်ပါသည်။ ရေများလွန်း လျှင်လည်း ပင်ပွားအထွက်နှုန်း နည်းမည်ဖြစ်ပါသည်။

စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာအဆင့်ဆင့်

၁။ မိခင်ပင်ကိုရိတ်သိမ်းရာတွင် အပင်၏ဇီဝကမ္မရင့်မှည့်ချိန် တွင် ရိတ်သိမ်းပေးရပြီး ယင်းအချိန် တွင် ရိုးတံများမှာ စိမ်းနေစေရမည်။
၂။ မရိတ်သိမ်းမီ (၁၀-၁၄) ရက်အတွင်း နိုက်ထရိုဂျင် မြေဩ ဇာ နှင့် ဖော့စဖိတ် ဓာတ်မြေဩဇာ များကို ထည့်သွင်းပေး ရမည်။ သို့မှသာ မိခင်ပင်မှာ အာဟာရဓာတ်ပြည့်ဝပြီး သားတက်များထွက်လာမည်ဖြစ်သည်။
၃။ မရိတ်သိမ်းမီ နှင့် ရိတ်သိမ်းပြီး (၇-၁၀) ရက်အတွင်း မြေဆီလွှာကို အခြောက်ခံ ထားပေး ရမည်။ (မိခင်ပင် မညှိုးစေရ)
၄။ အကယ်၍ ရေသွင်းရေထုတ်ခက်ခဲပါက ရိတ်သိမ်းရာတွင် ရိုးပြတ်ပင်စည်ကို မြေပြင်အထက် (၆) လက်မချန်၍ ရိတ် သိမ်းပေးရမည် ဖြစ်ပြီး ရိတ်သိမ်းပြီး (၃-၄) ရက်အတွင်း ထပ်မံ၍ စပါးလမိုင်းပင်ကို မြေပြင်အထက် (၂) လက်မ ချန်၍ ဒုတိယတစ်ကြိမ် ဖြတ်ပေးရမည်။ ရေသွင်းရေထုတ် လွယ်ကူပါက ရိတ်သိမ်းရာတွင် ရိတ်သိမ်း ချွေလှေ့စက် ဖြင့် ရိုးပြတ်ကို မြေမျက်နှာပြင် အထက် (၂) လက်မ ချန် ၍ တိုက်ရိုက်ရိတ်သိမ်းပေးရမည်။
၅။ ရိတ်သိမ်းပြီးချိန်မှစ၍ (၃-၇) ရက်အတွင်း ပင်စည်အဆစ် များရှိ အဖူးများမှ ပင်ပွားများသည် ၎င်းတို့၏ အမြစ်များ နှင့်အတူ ထွက်လာပြီး အစာအာဟာရဓာတ် စုပ်ယူရာ တွင် မိခင်ပင်ဟောင်းကို မီခိုခြင်းမရှိသော သားတက်ဆင့် ပွားပင်များ ဖြစ်လာပါမည်။
၆။ သားတက်ဆင့်ပွားပင်ထွက်လာပြီး (၇-၁၀) ရက်အတွင်း ရေပါးပါးလွှမ်း ပေးရမည်။
၇။ ပင်သေ၊ ပင်ပျောက်များအတွက် ပင်ပွားများသောအပင်မှ သားတက်များ ခွဲ၍ ဖာပေးရမည် ဖြစ်ပါသည်။
၈။ ထို့နောက် ပေါင်းလိုက်ခြင်း၊ မြေဩဇာကျွေးခြင်းများကို သမားရိုးကျ လုပ်ဆောင် နည်း အတိုင်း ဆောင်ရွက်ပေး လျှင် မိခင်ပင်ကဲ့သို့ အထွက်နှုန်းကို ရရှိမည်ဖြစ်ပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန

နွေ၊မိုး၊​ဆောင်းရာသီ  ☀️🌧❄အချိန်ကာလအလိုက် ⏳🕙⌛သီးနှံစိုက်ပျိုးမူများ။ 🌾🌾🌾🌿🌿🌿🌻🌻🌻🌿🌿 ....
17/07/2022

နွေ၊မိုး၊​ဆောင်းရာသီ ☀️🌧❄
အချိန်ကာလအလိုက် ⏳🕙⌛
သီးနှံစိုက်ပျိုးမူများ။ 🌾🌾🌾🌿🌿🌿🌻🌻🌻🌿🌿

....

စပါးမစိုက်ခင် မြေကြီးကို ဘာလို့ ပြင်ကြတာလဲ? မြေပြင်ခြင်းနဲ့ ပိုးမွှား/ရောဂါ ဆက်စပ်မှု မရှိဘူးလို့ ထင်ပါသလား?ကျွန်တော်တို...
15/07/2022

စပါးမစိုက်ခင် မြေကြီးကို ဘာလို့ ပြင်ကြတာလဲ? မြေပြင်ခြင်းနဲ့ ပိုးမွှား/ရောဂါ ဆက်စပ်မှု မရှိဘူးလို့ ထင်ပါသလား?

ကျွန်တော်တို့စပါးမစိုက်ပျိုးခင် မြေပြင်ကြပါတယ်။ စပါးစိုက်ဖို့ မြေပြင်တယ်လို့ ပြောတဲ့နေရာမှာ နွေစပါးစိုက်ပျိုးခြင်းကိုပဲ အဓိက ထား ပြောချင်ပါတယ်။ မြေပြင်ခြင်း နဲ့ ပိုးမွှား/ရောဂါ ကျရောက်ခြင်း တို့ရဲ့ ဆက်စပ်မှုကို အဓိက ဆွေးနွေးချင်ပါတယ်။
ကျွန်တော်တို့ မြေပြင်တယ်ဆိုတာ နောက်စိုက်မယ့် စပါးအတွက် ပိုကောင်းအောင် ပြင်တယ်။ ပိုကောင်းအောင် ဆိုတဲ့အခါ မျိုးကြဲတဲ့အခါ အပင်ပေါက်ကောင်းအောင်၊ ပေါက်လာတဲ့အပင်လေးတွေ ကောင်းကောင်းမွန်မွန် ရှင်သန်ကြီးထွားလာအောင်၊ စိုက်တဲ့နေရာတွေမှာလည်း စိုက်ဖို့လွယ်ကူအောင်၊ အမြစ်စွဲလွယ်အောင် မြေကြီးကို ပျော့နေအောင် ပြန်လည် ပြုပြင်ကြတာပါ။ နောက်တစ်ချက်က ရိတ်ပြီး ကျန်ခဲ့တဲ့ ရိုးပြတ်တွေကို မရှိတော့အောင်၊ ဆွေးသွား ပြန်လုပ်ရတာ။ ဆွေးသွားမှ အဲဒီရိုးပြတ်တွေထဲမှာ ကျန်နေခဲ့တဲ့ မိမိတို့ ကျွေးခဲ့တဲ့ မိမိတို့ လယ်မြေထဲကနေ ထုတ်ယူသုံးစွဲသွားတဲ့ အာဟာရဓါတ်တွေ ပြန်ရမှာပါ။

ဒါပေမယ့် ကျွန်တော်တို့ တောင်သူတွေ အများစု မြေပြင်ကြတဲ့အခါ အချိန်ရရှိမှုပေါ်အဓိက စဉ်းစားပြီး သမန်းညက်အောင် မပြင်နိုင်ကြပါ။ မိုးစပါးရ်ိတ်ပြီး ရရှိလာသော ကောက်လှိုင်းများကို မခြွေအား၊ ကျန်ရှိသော ရိုးပြတ်များကို စက်မောင်း နင်းမြှပ်ပြီး နွေစပါးစိုက်ရန် မြေပြင်ကြပါတယ်။ တစ်ခါတစ်ရံ မြေပြင်ရန် ရေမတင်နိုင်သဖြင့် လယ်ကွက်၏ တစ်ခြမ်းသာ ထွန်ပြီး တစ်ခြမ်းကို ရိုးပြတ်များအတိုင်း ထားခဲ့ရသည့် အကွက်များလည်းရှိပါတယ်။
ကျွန်တော်တို့ တောင်သူများ၏ လယ်မြေများသည် အချိုးညီညာစွာ ပိုင်းဖြတ်ထားခြင်း မဟုတ်ပါ။ ထို့ကြောင့် လယ်ကန်သင်း ထောင့်နေရာများတွင် စက်များ မဝင်နိုင်သဖြင့် မြေကျန်များရှိလာပါတယ်။ ဤနည်းဖြင့် နှစ်များကြာလာသောအခါ လယ်မြေများဟာ မညီမညာ၊ တစ်ခြမ်းနိမ့် တစ်ခြမ်းမြင့်ပြီး ငါးဘတ်ယက် လယ်မြေများ ဖြစ်လာပါတယ်။ ထိုလယ်မြေများတွင် ရေအသွင်း၊ အထုတ် ခက်ခဲလှပါတယ်။ အနိမ့်ပိုင်းတွင် ရေရှိနေသော်လည်း အခြားတစ်ပိုင်းတွင် ရေပြတ်လျက်ရှိပါတယ်။

သမန်းညက်ခြင်း/ မညက်ခြင်း

ထို့ပြင် ခပ်မြန်မြန် နင်းမြှပ်လိုက်သော ရိုးပြတ်များသည် အပြည့်အဝ မဆွေးမြည့်သေးပါ၊ ဆွေးမြည့်ဆဲကာလတွင်သာ ရှိပါတယ်။ ထိုကဲ့သို့ ဆွေးမြေ့ဆဲကာလတွင် နင်းမြှုပ်လိုက်တဲ့ ရိုးပြတ်များထဲမှ ထွက်လာသည့် သံချေးဓါတ်များ၊ အက်ဆစ်ဓါတ်များကြောင့် စပါးပင် အဆိပ်သင့်ခြင်း ဖြစ်စေပါတယ်။ ၄င်းကဲ့သို့ မညက်သော သမန်းပြင်သည် ကြဲပက်စိုက်ပျိုးထားသော စပါးပင်ငယ်များအား ဒုက္ခပေးပါတော့တယ်။ ကြဲပက်စိုက်ပျိုးထားသော စပါးပင်ငယ်များသည် သံချေးဓါတ်များကို စားသုံးလိုက်ရသောကြောင့် သံချေးဓါတ်အဆိပ်သင့်ခြင်းဖြစ်ပါတယ်။ ဒါကို တောင်သူအများစုက နီတိုဖြစ်တယ်လို့ ခေါ်ကြပါတယ်။
နောက်တစ်ခု…မိုးစပါးမှာ ကျလေ့ရှိတဲ့ ယူဖရာလောင်မီးရောဂါ နဲ့ သမန်းညှက်၊ သမန်းပုပ်ခြင်းပါ။ ဒီရောဂါဖြစ်စေတဲ့ နီမတုတ်ကောင်လေးဟာ ရိုးပြတ်တွေ၊ ကောက်ရိုးတွေမှာပဲ အဓိက ခိုအောင်းနေကြပါတယ်။ ဒီအခင်းတွေကို မြေပြင်တော့မယ်ဆိုရင် ပုံမှန်အခင်းတွေထက် ပိုမိုအချိန်ကြာကြာယူပြီး သမန်းပုပ်၊ သမန်းညက်အောင် ပြင်ပေးခြင်းဖြင့် နီမတုတ်အကောင်ရေအတွက် များစွာလျှော့ချနိုင်ပါတယ်။

သမန်းပြင် ညီညာခြင်း/ မညီညာခြင်း

နောက်တစ်ချက် သမန်းပြင် ညီညာဖို့ ပြင်ရတာပါ။ သမန်းပြင် မညီလို့ ချိုင့်ကွက်တွေ ရှိနေရင် ကြဲထားတဲ့ မျိုးစေ့တွေ ရေဝပ်/ အပူလောင် ပြီး သေကုန်ပါတယ်။
ထိုကဲ့သို့ မညီညာ၍ ရေမနေသော၊ ရေအသွင်းအထုတ် ခက်ခဲသော၊ ရေပြတ်သော လယ်ကွက်များတွင် ကုန်းမြင့်တဲ့နေရာတွေကျ ပေါင်းသည် ဆိုးရွားစွာ ဒုက္ခပေးပါတော့တယ်။

ထို့ပြင် နွေစပါးတွင် ကျရောက်သော မြစ်ဖုနီမတုတ်ရောဂါသည်လည်း ထိုသို့သော လယ်ကွက်များကို အကြိုက်ဆုံးဖြစ်ပါတယ်။ နွေစပါးမှာ ဖြစ်လေ့ရှိတဲ့ မြစ်ဖုနီမတုတ်ရောဂါဟာ လယ်မြေမညီညာလို့ ကုန်းကျတဲ့နေရာတွေမှာ စဖြစ်လေ့ရှိပါတယ်။

ရွှေခရုကာကွယ်နှိမ်နင်းခြင်းမှာလည်း သမန်းပြင် ညီညာမှုဟာ အရေးပါပါတယ်။ ခရုတွေဟာ သမန်းပြင် ညီညာလို့ ရေထုတ်ထားနိုင်ရင် စပါးပင်တွေကို မဖျက်ဆီးနိုင်ပေမယ့် လယ်မြေမညီလို့ ချိုင့့်ကွက်တွေ ဖြစ်နေရင် ရေထုတ်ပေမယ့်လည်း ချိုင့်ကွက်တွေနေရာမှာ၊ အနိမ့်နေရာတွေမှာ ရေကို မထုတ်နိုင်တဲ့အတွက် ထိုနေရာတွေမှာ ပိုမိုဖျက်ဆီးနိုင်ပါတယ်။

စပါးရွက်လိပ်အိမ်ပိုးဟာလည်း စပါးခင်းတွေမှာ ရေအိုင်တဲ့နေရာတွေမှာသာ ကျရောက်ဖျက်ဆီးတတ်တဲ့ ဖျက်ပိုးတစ်မျိုးဖြစ်ပါတယ်။ စပါးတစ်ခင်းတည်းမှာတောင် နိမ့်တဲ့နေရာ၊ ရေရှိနေတဲ့နေရာက စတင်ကျရောက်တတ်ပါတယ်။ ဒီရွက်လိပ်အိမ်ပိုးတွေကို ကာကွယ်နှိမ်နှင်းတဲ့နေရာမှာလည်း သမန်းပြင် ညီညာမှုက အရေးကြီးပြန်ပါတယ်။

ဒါကြောင့် မြေပြင်တဲ့အခါ သမန်းညက်အောင် ပြင်ပါ။ ပြင်ဖို့ အချိန်ပေးပါ။ ယခုနှစ်များတွင် ရက် (၉၀) စပါးမျိုးများနှင့် သက်တမ်းတိုတဲ့ စပါးတွေ အစိုက်များလာတဲ့အတွက်ကြောင့်လည်း အချိန်ယူပြီး မြေပြင်ဖို့ အခြေအနေပေးလာပါတယ်။ အရင်နှစ်တွေလို ရိုးပြတ်တွေ အမြန်နင်းမြှုပ်ပြီး ရိုးပြတ်တွေအပေါ်မှာ စပါးကြဲတာမျိုး မလုပ်ဘဲ မြေကြီးကို စနစ်တကျ အချိန်ပေးပြင်ဆင်ကြည့်ပါ။ ပိုမိုကောင်းမွန်တဲ့ ရလာဒ်တွေ ရရှိလာပါလိမ့်မယ်။

အထက်ပါဆွေးနွေးဖော်ပြခဲ့တာတွေဟာ လယ်မြေညီညာခြင်း၊ သမန်းညှက်ခြင်း နှင့် ပိုးရောဂါ ကာကွယ်နှိမ်နှင်းခြင်းတို့ရဲ့ ဆက်စက်မှုတွေထဲက အနည်းငယ်ပဲဖြစ်ပါတယ်။ သမန်းပြင် ညီညာရင် ပိုး/ရောဂါ ကာကွယ်နှိမ်နှင်းရုံမကဘဲ ပိုမိုအထွက်ကောင်းတဲ့ ခေတ်မှီ နည်းစနစ်တွေ လိုက်နာ ဆောင်ရွက်လို အထွက်တိုးနိုင်ပါတယ်။ ဒါပေမယ့် လယ်မြေကို စနစ်တကျ မပြင်ထားရင် နည်းစနစ်တွေ ဘယ်လောက် ကောင်းကောင်း လိုက်မလုပ်နိုင်တဲ့အတွက် စပါးအထွက်တွေက တဖြည်းဖြည်း ကျဆင်းလာမှာပါ။

ဒါကြောင့် ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်းဆေးတွေ မသုံးခင် သမန်းပြင် ညီညာဖို့လည်း ဆောင်ရွက်သင့်ပါတယ်။ စပါးပင်တွေ ကျန်းမာ သန်စွမ်းနေအောင် လုပ်ဆောင်သင့်တဲ့အချက်တွေထဲမှာ လယ်မြေတွေကို စနစ်တကျ ပြင်တာ သမန်းညှက်၊ သမန်းပြင် ညီညာရန်ဆောင်ရွက်တာတွေက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ကြိုးစားဆောင်ရွက်ကြည့်ပါ။

မူရင်း အောင်ကိုဝင်း
IFDC Myanmar

နှံစုပ်ပိုးခေါ် နှံစုပ်ဂျပိုးဒါက ဖိလစ်ပိုင်လယ်သမားတဦးရဲ့ လုပ်နည်းလေးဖစ်ပါတယ်ခင်ဗျ သူပြောတာကတော့ ပိုက်ကွန်မှာပိုးကောင်တွေ...
16/08/2021

နှံစုပ်ပိုးခေါ် နှံစုပ်ဂျပိုး
ဒါက ဖိလစ်ပိုင်လယ်သမားတဦးရဲ့ လုပ်နည်းလေးဖစ်ပါတယ်ခင်ဗျ
သူပြောတာကတော့ ပိုက်ကွန်မှာပိုးကောင်တွေလာကပ်တဲ့အခါ ပိုးသတ်ဆေးကို လယ်ထဲလျောက်ဖျန်းစရာမလိုတော့ ပါဘူးတဲ့ အ့နေရာလေးကိုဖျန်းရုံပါပဲတဲ့ အချိန်ကုန်သက်သာတာပေါ့
အ့ပိုက်ကွန်ထဲမှာ ငါးအသေတွေ ပုစွန်အသေတွေ စသည်ဖြင့်အပုတ်နံ့ထွတ်မယ့်ဟာတွေထည့်ထားရုံပါပဲတဲ့
နှံစုပ်ပိုးဟာ ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲဆိုတာ လယ်သမားကြီးများသိကြမှာပါခင်ဗျာ အ့တော့ စပ်သပ်လုပ်ကြည့်ကြပါလို့တိုက်တွန်းပါရစေ ကျနော်လည်း ဒီနည်းကိုစမ်းသပ်ဖို့ စိတ်ကူးထားပါတယ်
credit

စိုက်ပျိုးမြေနှင့် မြေဆီအာဟာရ ပြဿနာများ =============================ပြည်ထောင်စုမြန်မာနိုင်ငံတွင်၊မြေအမျိုးအစား၂၄ မျိုးတ...
16/08/2021

စိုက်ပျိုးမြေနှင့် မြေဆီအာဟာရ ပြဿနာများ
=============================

ပြည်ထောင်စုမြန်မာနိုင်ငံတွင်၊မြေအမျိုးအစား၂၄ မျိုးတည်ရှိသော်လည်း၊၎င်းမြေမျိုးထဲမှအဓိမြေမျိုးကြီး၉မျိုးကို၊စိုက်ပျိုးရေးလုပ်ငန်းများတွင်အမှီပြု၍ထုတ်လုပ်သုံးစွဲနေကြရပေသည်။၎င်းမြေမျိုးကြီး ၉ မျိုးတို့၏၊ရုပ်၊ဓာတ်၊ဇီဝဂုဏ်သတ္တိများသည်၊သုံးစွဲသူများ၏လုပ်ကိုင်မှုအပေါ်မူတည်၍ပြောင်းလည်းဖြစ်ပေါ်နေကြောင်းကို၊ဂရုမပြုကြဘဲမိမိစိုက်လိုသောသီးနှံများထုတ်လုပ်ကြရာ၌၊မလိုလားအပ်သောအခြေအနေများဖြစ်ပေါ်ကာ၊မြေဆီလွှာမြေဆီမြေနှစ်ယုတ်လျော့ခြင်း၊ပေါင်းမြက်ထူပြောကာ၊ပိုးမွှားရောဂါများနှင့်အာဟာရချို့တဲ့ခြင်း၊အဆိပ်သင့်ခြင်းများကိုဖြစ်ပေါ်စေကြောင်းမြင်တွေ့ရရှိပါသည်။

ထို့ကြောင့်မိမိတို့စိုက်ပျိုးမြေများ၏မြေချဉ်နေသလား၊မြေငံနေသလားဆိုတာကို၊မီးဖိုချောင်သုံးပစ္စည်းနှစ်မျိုးဖြင့်စမ်းသပ်အတည်ပြုခြင်းနည်းပညာကိုစတင်၍မိတ်ဆက်လိုပါသည်။

မိမိစိုက်ခင်းအတွင်းမှမြေနမူနာအနည်းငယ်ယူပြီး၊ခွက်နှစ်ခုတွင်ထည့်ရပါမည်။၎င်းခွက်နှစ်ခွက်တွင်၊တစ်ခွက်ထဲသို့ရှာလကာရည်ထည့်ရပါမည်။ထိုအခါ၎င်းမြေမှရေမြုတ်ကဲ့သို့ပလုံစီများစွာထွက်လာပါက၎င်းမြေသည်၊မြေငံသောဖက်သို့ရောက်ရှိနေကြောင်းသိရှိမှတ်သားရပါမယ်။
အကယ်၍၊မုန့်ဖုတ်ဆော်ဒါအမှုန့်ကိုရေဖျော်ပြီး၊၎င်းမြေပေါ်တွင်ထည့်ပါက၊ရေမြုတ်ပလုံစီပမာဏမရှိနိုင်ပါ။ရှာလကာရည်ထည့်သကဲ့သို့မမြင်တွေ့နိုင်ပါ။

သို့ရာတွင်၊မိုးများသောဒေသများ၊စပါးပြီးစပါးစိုက်သောဒေသများရှိမြေများကိုနမူနာယူပြီး၊မုန့်ဖုတ်ဆော်ဒါအမှုံကိုရေဖျော်ထည့်ပါက၊ရေမြုတ်ပလုံစီထွက်ရှိလာမှုအနည်းငယ်မဆိုစလောက်ထွက်တာတွေ့မြင်ကာ၊မြေချဉ်သည်ဟုပြောနိုင်ပါတယ်။

ထို့ကြောင့်မိမိမြေသည်ချဉ်နေသလား၊ငံနေသလားဆိုတာကို၊ရှာလကာရည်နှင့်မုန်ဖုတ်ဆော်ဒါအမှုန့်ရေဖျော်၍ခွဲခြားသိရှိနိုင်ကြောင်းတင်ပြလိုက်ပါတယ်။သို့မှသာမိမိစိုက်ပျိုးထုတ်လုပ်လိုသောသီးနှံ၏မြေချဉ်ငံကိန်းကိုသိရှိကာကြိုတင်ပြင်ဆင်ခြင်းအားဖြင့်၊မျှော်မှန်းထားရှိသောအထွက်နှုန်းကိုရရှိနိုင်ပြီးအရည်အသွေးကောင်းများရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပါတယ်။

ယခုဖော်ပြချက်သည်၊သီးနှံစိုက်ပျိုးထုတ်လုပ်ကြသူများအား၊စိုက်ပျိုးရေးအခြေခံမြေမှန်ရရှိရေးနှင့်၊လိုအပ်သောမျိုး၊မြေသြဇာ၊ပေါင်းမြက်ပြဿနာ၊ပိုးမွှားရောဂါများအကြောင်းကိုပွဲမဝင်မှီအပြင်ကကျင်းပဆိုသကဲ့သို့ဖြစ်လာကာ၊မုဆိုးစိုင်သင်ဘဝကိုရယူပိုင်ဆိုင်နိုင်မည်ဖြစ်ပါတယ်။

စာရေးသူအနေဖြင့် အထူးမှာကြားလိုသည်မှာ၊သီးနှံထုတ်လုပ်ကြသူများသည်၊မိမိစိုက်ပျိုးမည့်အချိန်ကာလတွင်တွေ့ကြုံနိုင်သော၊အာဟာရချို့တဲ့ခြင်း၊အဆိပ်သင့်ခြင်း၊ပိုးမွှားကျရောက်ဖျက်ဆီးခြင်း၊ရောဂါကျရောက်ဖျက်ဆီးခြင်းနှင့်ရာသီဥတုဖောက်ပြန်ခြင်းများကိုဂဃနဏခွဲခြားတတ်စေလိုပြီးစနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်မည့်စိုက်ပျိုးရေးပြက္ခဒိန်ရေးဆွဲအကောင်အထည်ဖော်ရန်အကြံပြုအပ်ပါသည်။

ဦးထင်အောင်ရှိန်(ဒုတိယညွှန်ကြားရေးမှူး-ငြိမ်း)

copy : စိုက်ပျိုးရေးနှင့်မွေးမြူရေးဦးစီးဌာန

 #ပိုတက်(ရှ်)မြေဩဇာ အလီလီထည့်ခြင်း အကျိုးရလဒ်>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>ဒီတစ်ပတ် တောင်သူလယ်သမားကြီးများကို ဆွေးနွ...
16/08/2021

#ပိုတက်(ရှ်)မြေဩဇာ အလီလီထည့်ခြင်း အကျိုးရလဒ်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒီတစ်ပတ် တောင်သူလယ်သမားကြီးများကို ဆွေးနွေးချင်တာကတော့ စပါးသီးနှံမှာ ပိုတက်(ရှ်)မြေဩဇာကို တစ်ကြိမ်တည်း ကျွေးခြင်းထက် အလီလီ ခွဲကျွေးခြင်းက ပိုပြီးထိရောက်မှုရှိတဲ့ အချက်ကလေးကို ဆွေးနွေးအကြံပြုလိုခြင်း ဖြစ်ပါတယ်။
စာရေးသူတို့ အလုပ်ထဲမဝင်ခင်ကထဲက ပိုတက်(ရှ်)မြေဩဇာဆိုတာ မြေယာပြုပြင်ချိန်ထဲက တပါတည်း တစ်ကြိမ်ထဲ ထည့်ရမယ်လို့ မှတ်သားခဲ့ရတယ်။ ပညာပေးဟောပြောရင်လဲထည့်ပြီး ဟောပြောခဲ့ရဘူးပါတယ်။ တောင်သူလယ်သမားကြီးတွေလည်း တစ်လျှောက်လုံး ပိုတက်(ရှ်)မြေဩဇာကို မြေယာပြုပြင်ချိန် မြေခံမှာဘဲ ထည့်သုံးခဲ့ကြတာ ဒီနေ့ထိပဲဆိုပါတော့။
စိုက်ပျိုးရေးနည်းပညာတွေဟာ အမြဲတမ်းခေတ်မီဆန်းသစ်နေပါတယ်။ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက နောက်ပိုင်းမှာ ပိုတက်(ရှ်)မြေဩဇာကို မြေခံမှာ တစ်ကြိမ်ထဲ ထည့်လိုက်ခြင်းထက် အပင်ကြီးထွားမှု အဆင့်အလိုက် အလီလီခွဲကျွေးခြင်း သုတေသနကို စမ်းသပ်ခဲ့ပါတယ်။ ဒီလို ပိုတက်(ရှ်)မြေဩဇာကို တစ်ကြိမ်ထဲ မထည့်ဘဲ အလီလီ ခွဲကျွေးခြင်းဟာ ပိုပြီး အပင်အတွက် အကျိုးရှိတာကို တွေ့လာပါတယ်။ ဒီတွေ့ရှိချက်တွေကို သေချာအောင် ၂နှစ်ဆက်တိုက် သုတေသနမှာရော နယ်သုတေသနခြံတွေမှာပါ စမ်းသပ်ခဲ့ပါတယ်။ နောက်နှစ်တွေမှာ မြန်မာပြည်အနှံ့ မြို့နယ်တွေမှာလဲ စမ်းသပ်ကွက်တွေ ပြုလုပ်ပြီး စမ်းသပ်သုတေသန ပြုလုပ်ခဲ့ပါတယ်။
ပိုတက်စီယမ်ဓာတ်ဟာ အပင်ရဲ့ ပရိုတိန်းဖွဲ့စည်းမှုကို အားပေးတယ်။ အပင်ကြီးထွားမှုအတွက်
ကာဗိုဟိုက်ဒရိတ်ကို ဖြိုခွဲပေးတယ်။ အပင်အတွင်း အိုင်းယွန်းဓာတ်တွေညီမျှမှုကို ကူညီဆောင်ရွက်ပေးတယ်။ သံဓာတ်ကဲ့သို့ Heavy Metal တွေရဲ့ တစ်နေရာမှ တစ်နေရာရွေ့လျားမှုကို ကူညီ ဆောင်ရွက်ပေးတယ်။ စပါးရွက်ညိုပြောက်၊ ရွက်ခြောက်၊ ရွက်ဖုံးခြောက်၊ ဂုတ်ကျိုး၊ ပင်စည်ပုတ်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတယ်။ အစေ့အဆံအောင်မြင်မှုအတွက် အားဖြည့်ပေးတယ်။ အအေးဒဏ်လွန်ကဲမှုကို ခံနိုင်ရည်ရှိစေတယ်။ အင်ဇိုင်းအမျိုးပေါင်း ၆၀ ရဲ့ လုပ်ငန်းတာဝန်ကို စွမ်းဆောင်ပေးတယ်။ အရွက်မှာရှိတဲ့ လေရှုပေါက်ကလေးများရဲ့ အပိတ်အဖွင့်လုပ်ငန်းတွေကို အထောက်အကူပေးတယ်။ အလင်းဖြင့် အစာချက်လုပ်မှုလုပ်ငန်းကို အားကောင်းအောင် ကူညီပေးတယ်။ အပင်ယိုင်လဲမှုကို ကာကွယ်ပေးတယ်။ စပါးစေ့ရဲ့ အရောင်တောက်ပမှုကို အကျိုးပြုပေးပါတယ်။ စပါးပင်အမြစ်က စုတ်ယူလိုက်သော အာဟာရများကို အပင်အပေါ်ပိုင်း ပင်စည်၊ အရွက်၊ အနှံထိရောက်အောင် ကူညီပို့ဆောင်ပေးတယ်။
ဒါကြောင့် ပိုတက်စီယမ်ဓာတ်ဟာ စပါးသီးနှံ အပါအဝင် အခြားပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ သစ်သီးဝလံသီးနှံ၊ နှစ်ရှည်သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာပါ မရှိမဖြစ်လိုအပ်တဲ့ အဓိကအာဟာရဓာတ်ဘဲ ဖြစ်ပါတယ်။
ဒီအဓိကကျတဲ့ အာဟာရဓာတ်ကို စပါးပင်ရဲ့ သက်တမ်းအလိုက်ဖြစ်ပေါ်တဲ့ ဇီဝကမ္မဖြစ်စဉ်ပေါ် မူတည်ပြီး၊ အပင်ရဲ့ စိုက်ပျိုးချိန်၊ ပင်ပွားချိန်၊ မှိုကပ်ချိန်စတဲ့ ၃ကြိမ်ကို ပိုတက်(ရှ်)မြေဩဇာအား အလီလီခွဲ၍ ထည့်သွင်းစမ်းသပ်သုတေသန တွေ့ရှိချက်မှာ မြေခံမှာ တစ်ကြိမ်တည်း ထည့်ကျွေးခြင်းထက် တစ်ဧက စပါး ၉တင်း ၁၁%ထိ တိုးတက်ထွက်ရှိကြောင်း ဖော်ပြထားပါတယ်။
သို့ပါ၍ တောင်သူလယ်သမားကြီးများ အနေနှင့် မိမိတို့စိုက်ပျိုးသော စပါးသီးနှံအပြင် အခြားသီးနှံများကိုလည်း ပိုတက်(ရှ်) မြေဩဇာကို မြေခံတစ်ကြိမ်တည်း ထည့်သွင်းအသုံးမပြုကြတော့ဘဲ ဖော်ပြပါအတိုင်း အလီလီ ထည့်သွင်းကျွေးကြပါရန် အကြံပြုလိုက်ရပါတယ်ဗျာ။

Credit - အောင်ဆန်း(စိုက်ပျိုးရေး)

ထုံးထည့်ပေးခြင်းဖြင့် မြေဆီလွှာနှင့်  သီးနှံအထွက်အပေါ် အကျိုးသက်ရောက်မှုယခုနှစ်တွင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ ...
16/01/2021

ထုံးထည့်ပေးခြင်းဖြင့် မြေဆီလွှာနှင့် သီးနှံအထွက်အပေါ် အကျိုးသက်ရောက်မှု

ယခုနှစ်တွင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီနဲ့ ရှမ်းဒေသအချို့မှာ မြေဆီလွှာထုံးထည့်ခြင်းလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာကြတာ တွေ့ရပါတယ်။ ထုံးထည့်ပင်ထည့်သော်လည်းမြေချဉ်၍ ထုံးထည့်တာလို့လောက်သာ သိရှိထားကြပါတယ်။ ထုံးဘာကြောင့်ထည့်ရတယ်၊ ဘယ်လိုအကျိုးပြုမှုတွေရှိတယ်၊ တခြားဘယ်ရည်ရွယ်ချက်တွေနဲ့ ထုံးထည့်ရတယ်၊ ထုံးဘယ်လောက်ထည့်ရမယ်ဆိုတာ အသေးစိတ်ဂဃနဏ သိရှိနားလည်သဘောပေါက်မှုနည်းတာ တွေ့ရပါတယ်။ထုံးကို မြေဆီလွှာထဲ ဘာကြောင့်ထည့်ရတယ်၊ ဘယ်လိုအကျိုးပြုမှုတွေရှိတယ်၊ ထုံးဘယ်လောက်ထည့်ရတယ်ဆိုတာ သိရှိနားလည်သဘောပေါက်ထားမှသာ ထည့်ရကျိုးနပ်မှာဖြစ်ပါတယ်။

ထုံးကို (၁) မြေချဉ်ကိုပြုပြင်ရန် ထည့်သွင်းခြင်း၊ (၂) မြေဆီလွှာအတွင်း အပင်အာဟာရဓာတ်များ ထိန်းချုပ်ခံရမှုက ကင်းလွတ်အောင်ထည့်သွင်းခြင်း၊ (၃) မြေဆီလွှာအတွင်း အပင်အာဟာရဓာတ်များက အပင်များကိုအဆိပ်သင့်ခြင်းက ကင်းလွတ်စေရန် ထည့်သွင်းခြင်း၊ (၄) တချို့ဒေသများတွင် ရွှေခရုအန္တရာယ်က
ကာကွယ်ရန် ထည့်သွင်းခြင်း၊ (၅) သစ်သီးဝလံပင်တွေ အသီးအရည်အသွေးကောင်းစေရန် ထည့်သွင်းခြင်း (ကျွဲ ကော၊ သရက်၊ပန်းသီး၊ လိမ္မော်) ပြုလုပ်ကြတာ တွေ့ရှိရပါတယ်။

သီးနှံစိုက်ပျိုးတဲ့မြေဆီလွှာမှာ မြေချဉ်ခြင်း၊ ငန်ခြင်းဆိုတာ ဖြစ်ပေါ်လေ့ရှိပါတယ်။ မြေချဉ်ခြင်း၊ ငန်ခြင်းကို ယူနစ်နဲ့ပြောရင်တော့ အညွှန်းကိန်း ၄ ဒသမ ၅ အောက်ဆိုရင် အလွန်ချဉ်၊ ၄ ဒသမ ၅ မှ ၅ ဒသမ
၅ ဆိုရင် အချဉ်များ၊ ၅ ဒသမ ၆မှ ၆ ဒသမ ၁ ဆိုရင် အလယ်အလတ်ချဉ်၊ ၆ ဒသမ ၁ မှ ၆ ဒသမ ၅ ဆိုရင် အနည်းငယ်ချဉ်၊ ၆ဒသမ ၅ မှ ၇ ဒသမ ၅ ဆိုရင်သမလုနီးပါး၊ ၇ ဒသမ ၅ မှ ၈ ဒသမ ၅ ဆိုရင်အနည်းငယ်ငန်၊ ၈ ဒသမ ၅ မှ ၉ ဆိုရင်အလယ်အလတ်ငန်၊ ၉ အထက်ဆိုရင် အလွန်ငန်ဆိုပြီး သတ်မှတ်ထားပါတယ်။

အများအားဖြင့် မိုးရေချိန်များတဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီနဲ့ ဂဝံဆန်တဲ့ ရှမ်းပြည်နယ်တချို့ဒေသတွေမှာ မြေချဉ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ နေပြည်တော်ဒေသတွေမှာ တချို့နေရာတွေ မြေငန်တာဖြစ်ပေါ်လေ့ရှိပါတယ်။ မြေချဉ်ငန်ကိန်း သမအခြေအနေမှ ကိန်းဂဏန်း ၁ (တစ်) တိုးသွားတိုင်း ဆယ်ဆငန်သွားပြီး ကိန်းဂဏန်း ၁ (တစ်)လျော့သွားတိုင်း ဆယ်ဆပိုချဉ်သွားခြင်းဖြစ်ပေါ်ပါတယ်။ မြေချဉ်ခြင်းဖြစ်ပေါ်မှု အကြောင်းတရားများမှာ ကောင်းကင်ထက်လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ မီသိန်းဓာတ်ငွေ့၊ နိုက်ထရိတ်ဓာတ်ငွေ့၊ နိုက်ထရပ်ဓာတ်ငွေ့များဟာ မိုးရေနှင့်ပေါင်းစပ်ကာအက်စစ်မိုးများအဖြစ် ကမ္ဘာမြေပေါ်သို့ပြန်ကျလာရာက မြေဆီလွှာချဉ်ခြင်း ဖြစ်ပေါ်စေပါတယ်။

နောက်တစ်ချက် မြေချဉ်စေတဲ့အကြောင်းတရားကတော့ ယူရီးယားဓာတ်မြေသြဇာကို လွန်ကဲစွာအသုံးပြုခြင်း၊ရေနဲ့အတူ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ဆာလ်ဖာ စသောဓာတ်များ စိမ့်ဝင်စီးဆင်းပျောက်ဆုံးခြင်းဖြစ်ပြီး အဲဒီဓာတ်တွေနေရာမှာ ဟိုက်ဒရိုဂျင်အိုင်းယွန်းများနဲ့ အလူ
မီနီယမ်အိုင်းယွန်းများ အစားထိုးဝင်ရောက်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ပြိုကွဲခြင်းကြောင့် ဟိုက်ဒရိုဂျင်အိုင်းယွန်းများ ထွက်လာခြင်းများကြောင့် မြေချဉ်ရခြင်းဖြစ်ရတယ်။ မြေဆီလွှာချဉ်ခြင်းကြောင့် သီးနှံပင်အာဟာရများဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ဆာလ်ဖာဓာတ်များ စားသုံးနိုင်သောအခြေအနေကို အထောက်အကူဖြစ်စေတဲ့ ဇီဝရုပ်များ ရှင်သန်လှုပ်ရှားမှုကို ဟန့်တားသဖြင့် အပင်များက အာဟာရစုပ်ယူရရှိမှုကို ထိခိုက်စေပါတယ်။ မြေဆီလွှာအတွင်းနိုက်ထရိုဂျင်ဓာတ်ကို ဖမ်းပေးသော ဘက်တီးရီးယားများ ရှင်သန်မှု လျော့နည်းခြင်းဖြစ်စေပါတယ်။ အမိုးနီးယားမှ နိုက်ထရိုဂျင်နိုက်ထရိတ်သို့ ဓာတ်တိုးပေးသောဘက်တီးရီးယားများ လျော့နည်းစေပါတယ်။

အော်ဂဲနစ်ပစ္စည်းများကို ပြိုကွဲစေတဲ့ သက်ရှိအဏုဇီဝပိုးများ လျော့နည်းစေပါတယ်။ တစ်ဖန်မြေချဉ်ခြင်းကြောင့် အပင်အာဟာရဓာတ်များ ချို့တဲ့ခြင်း၊ အဆိပ်သင့်ခံရခြင်းများ ခံစားရစေပါတယ်။ မြေဆီလွှာချဉ်ငန်ကိန်း ၄ မှ ၅ ဒသမ ၃ ရှိနေရင်အပင်များကို အလူမီနီယမ်နှင့်မဂ္ဂနီးစ်အဆိပ်သင့်စေပြီး ကယ်လ်စီယမ်၊မဂ္ဂနီစီယမ်၊ မော်လစ်ဘ်ဒီနန်၊ ဖော့စ်ဖရပ်များ ချို့တဲ့စေပါတယ်။ အလူမီနီယမ်အဆိပ်သင့်ခံရပါက သီးနှံသစ်ပင်ဟာ အမြစ်များဆဲလ်ကွဲပွားခြင်း၊ ဆဲလ်ရှည်ထွက်ခြင်းကိုအဟန့်အတားဖြစ်စေပါတယ်။ စပါးရွက်များပေါ်မှာ ရွက်ကြောကြား၌ လိမ္မော်ရောင်ရောင်မညီဖြစ်ပေါ်ပြီး စပါးပင်ကြီးထွားမှုညံ့ဖျင်း၍အပင်ပုစေပါတယ်။ မဂ္ဂနီစီယမ်ချို့တဲ့မှုနဲ့ သွယ်ဝိုက်ပတ်သက်နေပါတယ်။ မဂ္ဂနီးစ်အဆိပ်သင့်ခံရပါက စပါးရွက်ကြောများကြားဝါညိုရောင်အစက်အပြောက်များစတင်ဖြစ်ပွားပြီး ရွက်လယ်ကြောဧရိယာ တစ်ခုလုံးသို့ ပျံ့နှံ့သွားပါတယ်။

အလူမီနီယမ်နဲ့မဂ္ဂနီးစ်အဆိပ်သင့်ခြင်း ကင်းလွတ်စေရန် ထုံးတစ်ဟက်တာ တစ်တန်မှ သုံးတန်ထည့်ပေးခြင်း၊ အမြစ်ကြီးထွားသန်မာစေရန်ဆာလ်ဖိတ် (သို့) နိုက်ထရိတ်ဓာတ်ပါသော ဂျစ်ပဆန်ကျောက်မှုန့်၊ သစ်စိမ်းမြေသြဇာ၊ ကလိုရင်းပါသောမြေသြဇာ၊ ဖော့စ်ဖရပ်ဓာတ်ချို့တဲ့မှု မဖြစ်ပေါ်စေရန် ကျောက်မှုန့်မြေသြဇာတစ်ဟက်တာ တစ်တန်နှုန်း ထည့်ပေးပြီး ကုစားနိုင်ပါတယ်။ မြေချဉ်ငန်ကိန်း ၅ ဒသမ ၆ မှ ၆ ဒသမ၁ အလယ်အလတ်ချဉ်နေပါက ဖော့စ်ဖရပ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ မော်လစ်ဘ်ဒီနန်ဓာတ်များ ချို့တဲ့စေပါတယ်။ ဒီအခြေအနေမှာ ယူရီးယားမြေသြဇာနဲ့ တီစူပါဓာတ်မြေသြဇာ သုံးစွဲခြင်းက ရှောင်ဖို့ လိုအပ်ပါတယ်။

မြေချဉ်ငန်ကိန်း ၆ ဒသမ ၁ မှ ၆ ဒသမ ၅ အနည်းငယ်ချဉ်အခြေအနေမှာသံဓာတ်ချို့တဲ့စေပြီး ဖော့စ်ဖရပ်ဓာတ်ပျော်ဝင်မှု များစေပါတယ်။ မြေချဉ်ငန်ကိန်းအလယ်အလတ်ငန်အခြေအနေမှာ ဖော့စဖရပ်ဓာတ်ပျော်ဝင်မှုများစေပြီး မော်လစ်ဘ်ဒီနန်ဓာတ်ချို့တဲ့စေပါတယ်။ အများအားဖြင့် သီးနှံပင်များကို အာဟာရဓာတ်များက အဆိပ်သင့်ခြင်း၊ အာဟာရချို့တဲ့ခြင်း ဖြစ်ပေါ်ရခြင်းမှာ မြေဆီလွှာချဉ်ခြင်းက တရားခံအစစ်ဖြစ်ပါတယ်။ချဉ်နေတဲ့မြေဆီလွှာဟာ သီးနှံများ ကြီးထွားရှင်သန် အထွက်နှုန်းကောင်းပေးဖို့ အလွန်အဟန့်အတားဖြစ်စေပါတယ်။ တောင်သူ လယ်သမားကြီးများက ချဉ်နေတဲ့မြေဆီလွှာကို မပြုပြင်မမွမ်းမံဘဲသီးနှံများ စိုက်နေကြမယ်ဆိုပါက အပင်လည်းမကြီးထွား၊ အထွက်လည်းမများ၊ အကျိုးစီးပွားလည်းမတိုးပွား အချည်းနှီးသာဖြစ်နေမှာဖြစ်ပါတယ်။ ချဉ်တဲ့မြေကို ပြုပြင်ဖို့တစ်ခုတည်း သော နည်းလမ်းမှာ ထုံးထည့်ပေးခြင်းသာဖြစ်ပါတယ်။

မြေဆီလွှာကို ထုံးထည့်ပေးခြင်းဟာ မြေချဉ်ဖြစ်ပေါ်ခြင်းကိုလည်း ကုစားနိုင်ခြင်း၊ မြေချဉ်မှုကြောင့် သီးနှံပင်များအပေါ် အာဟာရဓာတ်များ အဆိပ်သင့်ခြင်းက ကင်းလွတ်စေခြင်း၊ သီးနှံပင်များအတွက်လိုအပ်သော အာဟာရဓာတ်များ ချို့တဲ့မှုဖြစ်ပေါ်ခြင်းကကင်းဝေးစေခြင်း စတဲ့ တစ်ချက်ခုတ် သုံးချက်ပြတ်လုပ်ငန်းစဉ်ဖြစ်ပါတယ်။ မြေချဉ်စေမှုက လျော့ပါး၊ အဆိပ်သင့်ခြင်းကကင်းလွတ်၊ အာဟာရချို့တဲ့ ခြင်းက ကင်းဝေးသဖြင့် သီးနှံပင်များ အာဟာရပြည့်စုံလုံလောက်စွာ စားသုံးရပြီးအထွက်များအကျိုးပွားစေမှာဖြစ်ပါတယ်။

မြေချဉ်များကို ပြုပြင်ရမဲ့ထုံးကို လေ့လာကြည့်ရင် အမျိုးအစားအမျိုးမျိုးတွေ့နိုင်ပါတယ်။ (က) ထုံးကျောက် (ထုံးအာနိသင်၁၀၀ ရာခိုင်နှုန်း) (CaCO3) ၊ (ခ) မဖောက်ထုံး (ထုံးအာနိသင် ၁၅၀ မှ ၁၇၀ ရာခိုင်နှုန်း) (CaO)၊ (ဂ) ဖောက်ထုံး (ထုံးအာနိသင် ၁၂၀ မှ ၁၃၅ ရာခိုင်နှုန်း) Ca(OH)2၊ ဒိုလိုမိုက် (ထုံးအာနိသင် ၁၀၀ ရာခိုင်နှုန်း) (CaCO3 + MgCO3) တို့ဖြစ်ပါတယ်။ထုံးဟာ မြေချဉ်ကို ပြုပြင်ရုံသာမက မြေဆီလွှာအတွင်း အာဟာရဓာတ်များ ထိန်းချုပ်ခံရမှုက လွတ်ကင်းစေပြီး အပင်ကလွယ်ကူစွာ စားသုံးနိုင်စေရန် ဖန်တီးပေးခြင်း၊ သီးနှံပင်ကို အဆိပ်သင့်စေတဲ့ အလူမီနီယမ်၊ မဂ္ဂနီးစ်၊ သွပ်၊ သံဓာတ်များကင်းဝေးစေတဲ့ အကျိုးများပေးပါတယ်။ မြေဆီလွှာအချဉ် အခြေအနေမှာ ရှင်သန်ပေါက်ဖွားကြီးထွားနိုင်တဲ့ ကပ်ပါးမှိုရောဂါအမျိုးမျိုးကို ထိန်းချုပ်နှိမ်နင်းပေးနိုင်ပါတယ်။

ရွှံ့စေးမြေ၊ သဲမြေများရဲ့ ရူပဂုဏ်သတ္တိကောင်းမွန်အောင်ပြောင်းလဲစေပါတယ်။ အမြစ်အဖွဲ့အစည်း ကြီးထွားဖွံ့ဖြိုးမှုကို အကျိုးပြုစေပါတယ်။သစ်သီးဝလံပင်များကို ထုံးထည့်ပါက သစ်သီးအရသာ ချိုမွှေးပြီး အရည်အသွေးကောင်းစေပါတယ်။ (ဥပမာ - ကျွဲကောသီးချိုမွှေးစေ) ထုံးဆိုသော်လည်း ကယ်လ်စီယမ်ပါဝင်တိုင်း ထုံးမဟုတ်ပါ။ လချေး(ကယ်လ်စီယမ်ဆာလ်ဖိတ်) ဟာ ထုံးမဟုတ်ပါ။ မြေချဉ်ငန်ကိန်းကို ပြောင်းလဲစေရန် မစွမ်းဆောင်နိုင်ပါ။မြေချဉ်ကို ပြုပြင်ဖို့ ထုံးကို ထည့်သွင်းအသုံးပြုရာမှာ မြေအမျိုးအစားအလိုက်၊ မြေချဉ်ငန်ကိန်းအလိုက် ထည့်သွင်းရမဲ့ ထုံးပမာဏကို စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲက သုတေသနပြု သတ်မှတ်ထားပါတယ်။

သဲမြေ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅၊ ၅ ဒသမ ၅ အခြေအနေမှာ တစ်ဟက်တာ ထုံး သုညဒသမ ၇ တန်၊ မြေချဉ်ငန်ကိန်း ၅ ဒသမ ၅ မှ ၆ ဒသမ ၅ ရှိနေပါက တစ်ဟက်တာ ထုံးတစ်တန်၊ နုန်းသမမြေ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅ မှ ၅ဒသမ ၅ ရှိနေပါက တစ်ဟက်တာ ထုံး ၂ ဒသမ ၈ တန်၊ မြေစေးမြေ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅ မှ ၅ ဒသမ ရှိနေပါကတစ်ဟက်တာထုံး ၃ ဒသမ ၇ တန် ထည့်ပေးရန်ဖြစ်ပါတယ်။ (တစ်တန် = ပိဿာ ၆၀၀)။ အထူး သတိပြုရမှာကတော့ထုံးကို မြေဆီလွှာအတွင်း ထည့်မယ်ဆိုပါက သီးနှံမစိုက်ပျိုးမီ အနည်းဆုံး တစ်လကြိုတင်၍ ထည့်ပေးဖို့လိုအပ်ပါတယ်။

သီးနှံစိုက်ပျိုးချိန်နဲ့ နီးကပ်စွာ ထည့်သွင်းပါက ထုံးက သီးနှံပင်ကို လောင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားကြီးများက မိမိရဲ့လယ်ယာမြေ မြေချဉ်များကို ထုံးထည့်ပြုပြင်စိုက်ပျိုးခြင်းဖြင့် သီးနှံများအထွက်တိုး အကျိုးများကြစေကြောင်းတိုက်တွန်းလိုက်ပါတယ်။
လေးစားစွာဖြင့် credit

- အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်

Address

18th Street
Bogale
10231

Telephone

+959254800455

Website

Alerts

Be the first to know and let us send you an email when စပါးမျိုးသန့်များနှင့် နည်းပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to စပါးမျိုးသန့်များနှင့် နည်းပညာ:

Share