18/08/2026
တိတ်ဆိတ်ခြင်း
၁၁"×၁၅"လက်မ
Watercolor on cold press paper
Artist KD Thu
လပြည့်ကျော်တစ်ရက်နေ့မနက်နှစ်နာရီနှင့်လေးနာရီကြားက ပုဂံရဲ့အရမ်းလှတဲ့အချိန်လေးပေါ့။အညာလေရဲအေးမြတဲ့အထိအတွေ့တိတ်ဆိတ်နေတဲ့ ပုဂံညတွေဆိုတာ ဘယ်တော့မှမေ့လို့မရတဲ့ အချိန်တွေပါပဲ။
လရောင်အောက်မှ ခန့်ညားထည်ဝါနေတဲ့
သဗ္ဗုညုဘုရားကြီး၊ပုဂံရဲ့ဉာဏ်တော်အမြင့်ဆုံးဘုရားဆိုလည်းမမှားပေ။
သရပါတံခါးဘေးက သရဗေတံခါးနား
က
ပုတ္တလင် ဘုရားလေးကလည်း
အတိတ်ကသမိုင်းတစ်ခုကိုပြန်တွေးမိသလို
၅၂၈နှင့်၁၅၀၀စစ်ခင်းတော့ မြောက်ပြင်သည်မိဖုရားကြီး ရင်ဝတ်ပုဝါကျွတ်အပြေးအလွှားပြေးနေသလား
မြို့ရိုးပေါ်ကရဲမက်တွေရဲ့အော်သံများကြားရလေမလား
တကယ်အမှန်တရားကတော့
လေနုအေးအေးရယ်
တရုတ်ဆိုင်ကယ်သံရယ်
ကင်မရာရှပ်တာကျတဲ့အသံရယ်
ကလွဲ ဘာမှမရှိ
ဟိုးအဝေးအတိတ်က ပုဂံသားကြီးတွေလည်း .......
အိပ်မောကျနေရောပေါ့......
#အညတရကုဋေ