Go Laos Adventure Travel

Go Laos Adventure Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Go Laos Adventure Travel, Travel and transport, Xaythana, Vientiane.

Affordable Adventure for Every Traveller
Explore the beauty of Laos with unforgettable experiences — hot air balloons, ziplines, blue lagoons, mountain hikes & more!

🤝 လူအများအတွက် စီစဉ်ရတဲ့ ခရီးစဉ်တိုင်းအတွက် "အထူးသက်သာခွင့်"ကို GO LAOS နဲ့ Partnership ရယူနိုင်ပါပြီ ✨လူကြီးမင်းတို့ရဲ့...
21/04/2026

🤝 လူအများအတွက် စီစဉ်ရတဲ့ ခရီးစဉ်တိုင်းအတွက် "အထူးသက်သာခွင့်"ကို GO LAOS နဲ့ Partnership ရယူနိုင်ပါပြီ ✨

လူကြီးမင်းတို့ရဲ့ လုပ်ငန်း၊ ကျောင်း (သို့မဟုတ်) အေဂျင်စီအတွက် အဖွဲ့လိုက်ခရီးစဉ်တွေ စီစဉ်ဖို့ လေယာဉ်လက်မှတ်ဖြတ်တာမှာ သက်သာချင်တယ် ဆိုရင် ... ✈️

Go LAOS နဲ့ Partnership Program ကိုရယူပြီး စိတ်ချရတဲ့ ဝန်ဆောင်မှုနဲ့အတူ အထူးသက်သာတဲ့ ဈေးနှုန်းတွေနဲ့ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။

💼 ဘယ်သူတွေအတွက် သင့်တော်လဲ?

✅ Job Agencies
အလုပ်သမားတွေအတွက် အစုအဖွဲ့လိုက် ဝယ်ရ/ စီစဉ်ရတဲ့ အေဂျင်စီတွေ။

✅ Schools / Universities
လေ့လာရေးခရီးစဉ် / သို့ ကျောင်းသွားတက်ရောက်ရမယ့် ကျောင်းသားအုပ်စုတွေ။

✅ Business Organizations
ဝန်ထမ်းများအတွက် Incentive Trips (သို့မဟုတ်) Business Trips စီစဉ်လိုသော ကုမ္ပဏီများ။

✅ Travel Partners
ခရီးစဉ်များကို လက်တွဲဖော်ဆောင်လိုသော ခရီးသွားအေဂျင်စီများ။

❓Go LAOS နဲ့ လက်တွဲရင် ဘာတွေရမလဲ?

Group Rate Discount: အများအပြား (Group) ဝယ်ယူသူများအတွက် တစ်ဦးချင်းဝယ်ယူခြင်းထက် သိသိသာသာ သက်သာစေမယ့် ဈေးနှုန်းများ။

Dedicated Support: လက်မှတ်ဖြတ်ခြင်း၊ အချိန်ပြောင်းလဲခြင်းနှင့် အချက်အလက်ပြင်ဆင်ခြင်းများကို ဦးစားပေးဝန်ဆောင်မှုပေးခြင်း။

Multiple Destinations: လာအိုနိုင်ငံတွင်းသာမက Korea, Japan, Singapore, Cambodia စတဲ့ နိုင်ငံတကာခရီးစဉ်များအတွက်ပါ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း။

Professional Management: လူကြီးမင်းတို့ရဲ့ ခရီးစဉ်လိုအပ်ချက်များကို တိကျသေချာစွာ စီမံခန့်ခွဲပေးခြင်း။

ဒါ့ကြောင့် “အဖွဲ့လိုက် ခရီးသွားဖို့အတွက် စရိတ်သက်သာပြီး စိတ်အေးရတဲ့ လက်တွဲဖော်ကို ရှာနေတယ်ဆိုရင် Go LAOS က အသင့်ရှိနေပါတယ်"

🤝 Partnership အသေးစိတ်ကို ဆွေးနွေးလိုပါက ကျွန်တော်တို့ရဲ့ Page Messenger သို့မဟုတ် ဖုန်းနံပါတ်မှတစ်ဆင့် တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါပြီ။ ✨📩

Pi Mai Lao to all the wonderful Lao people 🇱🇦From all of us at GO Laos Adventure Travel Agency, we hope this new beginni...
13/04/2026

Pi Mai Lao to all the wonderful Lao people 🇱🇦

From all of us at GO Laos Adventure Travel Agency, we hope this new beginning brings you fresh blessings, good health, and endless happiness in the year ahead.

တောင်တန်းတွေရဲ့အလှတွေ၊ Chill လို့သိပ်ကောင်းတဲ့ ရာသီဥတုလေးတွေ၊ စွန့်စားခရီးသွားလို့ကောင်းတဲ့ နေရာမျိုးတွေ. . .စတဲ့ စိတ်လှ...
12/04/2026

တောင်တန်းတွေရဲ့အလှတွေ၊ Chill လို့သိပ်ကောင်းတဲ့ ရာသီဥတုလေးတွေ၊ စွန့်စားခရီးသွားလို့ကောင်းတဲ့ နေရာမျိုးတွေ. . .

စတဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအရာတွေနဲ့ ဝန်းရံထားတဲ့ “လာအိုနိုင်ငံ” ကို ခရီးထွက်ချင်တဲ့အခါ ခရီးစဥ် အစ၊ အလယ်၊ အဆုံး အဆင်ပြေစေရအောင် စီစဥ်လိုက်ပို့ပေးဖို့ Go Laos Travel Agency ရှိနေပြီနော်။

လာအိုမှာ လည်ဖို့၊ သွားဖို့ကို ဘာလို့ “Go Laos” နဲ့မှ သွားသင့်တာလဲလို့မေးရင်. . .

✅ ပထမအချက်က ကိုယ်ပေးလိုက်ရတဲ့နှုန်းထားထက် ပိုတန်၊ ပိုအမှတ်ရစေမဲ့ နေရာတွေကို အစီအစဥ်တကျ သေချာလိုက်ပို့ပြသပေးသွားမှာမို့လို့ပါပဲ။

✅ နောက်တစ်ချက်က Vang Vieng နဲ့ Luang Prabang မြို့တွေမှာ စွန့်စားခရီးသွားလုပ်ချင်တဲ့ Traveller လေးတို့အတွက် Helicopter Tour ၊ Buggy ကားမောင်း၊Paramotor၊ Zip Line စတဲ့ Adventure Activites တွေကို နှုန်းထားအသက်သာဆုံး စီးနိုင်အောင် ဖန်တီးပေးနိုင်တာပါပဲ။

✅ နောက်ဆုံးအချက်အနေနဲ့ကတော့ Go Laos မှာ Service ယူဖူးသူ Traveller လေးတို့အသိဆုံးဖြစ်တဲ့ Go Laos ရဲ့ စိတ်ချအရဆုံးနဲ့ Memorable ဖြစ်စေရမဲ့ ဝန်ဆောင်မှုပါပဲ။

ဒါကြောင့် လာအိုကို အတန်ဆုံးနဲ့ အပျော်ရွှင်ရဆုံး ခရီးထွက်ချင်တဲ့အခါ Go Laos ကို ယုံကြည်စိတ်ချစွာနဲ့ ဆက်သွယ်နိုင်ပါတယ်နော်။

ခရီးစဉ်အသေးစိတ်နဲ့ Package တွေကိုတော့ အောက်ပါဖုန်းနံပါတ်မှဖြစ်စေ Chatbox မှဖြစ်စေ အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
To contact us,

☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber Number)
✉️ Email: [email protected]

လာအိုနိုင်ငံရဲ့ အလှဆုံး မြို့ (၃) မြို့ကို (၇) ရက်တာအတွင်း အစုံလင်ဆုံးနဲ့ အမိုက်ဆုံး ပတ်ချင်သူတွေအတွက် Go LAOS ရဲ့ Speci...
09/04/2026

လာအိုနိုင်ငံရဲ့ အလှဆုံး မြို့ (၃) မြို့ကို (၇) ရက်တာအတွင်း အစုံလင်ဆုံးနဲ့ အမိုက်ဆုံး ပတ်ချင်သူတွေအတွက် Go LAOS ရဲ့ Special Package ကြီး ရှိတယ်နော်။ 🎒⛰️

သွားလာရေး၊ တည်းခိုရေး အားလုံးကို စနစ်တကျ စီစဉ်ပေးထားတာမို့ မိတ်ဆွေတို့က အထုပ်ပြင်ထားရုံပဲ👇

📍 ခရီးစဉ်အသေးစိတ်

✨Vientiane (၂ ညအိပ်): မြို့တော်ရဲ့ သမိုင်းဝင် နေရာစုံနဲ့ ညဈေးတန်းအလှ။

✨Vang Vieng (၂ ညအိပ်): Adventure အပြည့်နဲ့ တောင်တန်းကြီးတွေကြားက Blue Lagoon အလှ။

✨Luang Prabang (၂ ညအိပ်): UNESCO စာရင်းဝင် ရှေးဟောင်းမြို့တော်ရဲ့ ငြိမ်းချမ်းမှု။

✅ Go LAOS ကို ဘာကြောင့် ရွေးချယ်သင့်လဲ?

✅Time Saving: မြို့ (၃) မြို့ကို အချိန်မပုပ်ဘဲ အကျိုးရှိရှိ လည်ပတ်နိုင်မယ်။

✅Best Service: လူကြီးမင်းတို့ရဲ့ အဆင်ပြေချောမွေ့မှုက ကျွန်တော်တို့ရဲ့ ပထမဦးစားပေး။

✅Reasonable Price: ဝန်ဆောင်မှုနဲ့ ထိုက်တန်တဲ့ ဈေးနှုန်းမှန်ကန်မှု။

ဒါ့ကြောင့်"လာအိုကို တစ်ခေါက်သွားရုံနဲ့ အစုံအလင် ရောက်ချင်တယ်ဆိုရင်တော့ Go LAOS နဲ့သာ အခုပဲ လက်တွဲလိုက်ပါ!"

📩 Booking တင်ရန်နှင့် အသေးစိတ်သိရှိလိုပါက Messenger သို့ အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ။ 🔗 ✨

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber Number)

✉️ Email: [email protected]

အခုခေတ်က Japan ခေတ် ဖြစ်နေတာဆိုတော့❗အလည်သွားဖို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စသွားဖို့ပဲဖြစ်ဖြစ်၊ ကျောင်းကိစ္စအတွက်ပဲဖြစ်ဖြစ် ချ...
06/04/2026

အခုခေတ်က Japan ခေတ် ဖြစ်နေတာဆိုတော့❗

အလည်သွားဖို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စသွားဖို့ပဲဖြစ်ဖြစ်၊ ကျောင်းကိစ္စအတွက်ပဲဖြစ်ဖြစ် ချယ်ရီမြေသို့သွားလိုတဲ့အခါ ပထမဆုံး လုပ်ဖို့လိုတာက Air Ticket ဖြတ်ဖို့ပါပဲ။

ကိုယ်တိုင်က တခြားအရေးကြီး စာရွက်စာတမ်းတွေ လုပ်စရာတွေရှိလို့ ခေါင်းရှုပ်မခံချင်ဘူး၊ Ticket နဲ့ ပတ်သက်လို့လည်း အမှားအယွင်း မခံနိုင်ဘူးဆိုရင်တော့. . .

🇯🇵 Go Laos မှာ အတန်ဆုံးနှုန်းထား၊ စိတ်အချရဆုံး ဝန်ဆောင်မှုတွေနဲ့ ချယ်ရီမြေအတွက် Air Ticket တွေ ဖြတ်ပေးနေပါပြီ ဆိုတဲ့အကြောင်းကို အသိပေး အကြောင်းကြားလိုက်ပါတယ်နော်။

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber Number)

✉️ Email: [email protected]

ကမ္ဘာအနှံ့ပတ်ဖို့ Go LAOS မှာ လေယာဉ်လက်မှတ်တွေဖြတ်စို့✈️လာအိုခရီးစဉ်တွေတင်မကဘဲ အခုဆိုရင် Go LAOS ကနေတစ်ဆင့် ကမ္ဘာ့နိုင်င...
04/04/2026

ကမ္ဘာအနှံ့ပတ်ဖို့ Go LAOS မှာ လေယာဉ်လက်မှတ်တွေဖြတ်စို့✈️

လာအိုခရီးစဉ်တွေတင်မကဘဲ အခုဆိုရင် Go LAOS ကနေတစ်ဆင့် ကမ္ဘာ့နိုင်ငံအသီးသီးကို အလွယ်တကူ ပျံသန်းနိုင်ဖို့ လေယာဉ်လက်မှတ် ဝန်ဆောင်မှုကိုပါ ရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ ✨

ဘယ်သွားသွား စိတ်ချရတဲ့ ဈေးနှုန်းမှန်ကန်မှုနဲ့ အမြန်ဆုံး ဝန်ဆောင်မှုအတွက် ကျွန်တော်တို့ဆီမှာ အောက်ပါခရီးစဉ်တွေကို လက်မှတ်ဖြတ်နိုင်ပါပြီ


🇰🇷 Yangon - Korea
🇯🇵 Yangon - Japan

🇸🇬 Bangkok - Singapore

🇰🇭 Yangon - Cambodia
🌍 Yangon - Other Countries

💡 ဘာကြောင့် Go LAOS မှာ လက်မှတ်ဖြတ်သင့်တာလဲ?

Budget Friendly: ဈေးနှုန်းအသက်သာဆုံး Flight တွေကို ရှာဖွေပေးခြင်း။

Easy Booking: Messenger ကနေ တစ်ဆင့်တင် ရိုးရှင်းလွယ်ကူစွာ ဝယ်ယူနိုင်ခြင်း။

Reliable: ခရီးစဉ်အပြောင်းအလဲနဲ့ အချက်အလက်တွေကို တိကျစွာ အကြံပေးခြင်း။

ဒါ့ကြောင့် ခရီးသွားဖို့ စိတ်ကူးရှိတာနဲ့ Go LAOS ကိုသာ အမှတ်ရလိုက်ပါ။ မိတ်ဆွေသွားချင်တဲ့ ခရီးစဉ်ကို အခုပဲ Page Messenger မှာ လာရောက်စုံစမ်းနိုင်ပါပြီ။ 📩✈️

✈️ Go Laos Adventure မှ ခရီးသွားမိဘပြည်သူများအတွက် အရေးကြီး အသိပေးကြေညာချက် ✈️ချစ်ခင်ရပါသော Go Laos Adventure ၏ Customer...
03/04/2026

✈️ Go Laos Adventure မှ ခရီးသွားမိဘပြည်သူများအတွက် အရေးကြီး အသိပေးကြေညာချက် ✈️
ချစ်ခင်ရပါသော Go Laos Adventure ၏ Customer များရှင် -
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon International Airport) ၏ လတ်တလော ထုတ်ပြန်ထားသော လုံခြုံရေးစည်းမျဉ်းသစ်များအရ ပြည်တွင်း/ပြည်ပ ခရီးစဉ်များအတွက် လေကြောင်းရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပိုမိုတင်းကျပ်စွာ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့နှင့်အတူ ခရီးသွားမည့် ဧည့်သည်တော်များအနေဖြင့် ခရီးစဉ်နှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပေါ်စေရန် အောက်ပါအချက်များကို မပျက်မကွက် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
• လက်မှတ်ဝယ်ယူရာတွင် (Ticket Booking): လေယာဉ်လက်မှတ် ဝယ်ယူ/ဘိုကင်တင်သည့်အခါ ခရီးသည်များ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) နံပါတ် အပြည့်အစုံ ကို မဖြစ်မနေ ပေးပို့ရမည် ဖြစ်ပါသည်။
• လေဆိပ် Check-In ဝင်ရာတွင် (Airport Check-in): လေဆိပ် Check-in ကောင်တာများတွင် စစ်ဆေးမှုများပြုလုပ်မည့်အတွက် ခရီးသွားမည့်သူများအနေဖြင့် မိမိတို့၏ မှတ်ပုံတင် (မူရင်း) အား မဖြစ်မနေ တစ်ပါတည်း ယူဆောင်လာခဲ့ရန် လိုအပ်ပါသည်။
မှတ်ပုံတင်မူရင်း မပါရှိခြင်း သို့မဟုတ် အချက်အလက် မပြည့်စုံခြင်းများကြောင့် လေဆိပ်တွင် အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ခရီးသည်၏ တာဝန်သာဖြစ်ပါကြောင်းကိုလည်း ကြိုတင်အသိပေးအပ်ပါသည်။
ခရီးသွားဧည့်သည်တော်များ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် Go Laos Adventure မှ အမြဲတမ်း အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ လိုအပ်သည့်အချက်အလက်များကို ပူးပေါင်းပါဝင် ကူညီပေးကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။
ပိုမိုသိရှိလိုသည်များရှိပါက ကျွန်ုပ်တို့၏ Page Messenger သို့မဟုတ် ဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
Go Laos Adventure Travel Agency

အရှေ့တောင်အာရှရဲ့ အမွေအနှစ် Kuang Si Waterfall ဆိုတာ! 🇱🇦တောအုပ်စိမ်းစိမ်းတွေကြားထဲကနေ နို့နှစ်ရောင်သန်းနေတဲ့ ရေပြာပြာလေး...
02/04/2026

အရှေ့တောင်အာရှရဲ့ အမွေအနှစ် Kuang Si Waterfall ဆိုတာ! 🇱🇦

တောအုပ်စိမ်းစိမ်းတွေကြားထဲကနေ နို့နှစ်ရောင်သန်းနေတဲ့ ရေပြာပြာလေးတွေ စီးဆင်းနေတာကို မြင်လိုက်တာနဲ့ ဒါဟာ Kuang Si Waterfall လို့ တန်းသိရလောက်အောင်ကို လှတာပါ။

Kuang Si Waterfall ကို အရှေ့တောင်အာရှမှာတင်မက ကမ္ဘာလှည့်ခရီးသွားတွေအထိပါ မျက်စိကျရတဲ့ အဓိက အကြောင်းအရင်းက ထုံးကျောက်တောင်တွေကြားက စီးဆင်းပြီး ရရှိလာတဲ့ "Turquoise Blue" ခေါ်တဲ့ နို့နှစ်ရောင်သန်းနေတဲ့ ရေပြာကြည်ကြည်လေးတွေကြောင့်ပါပဲ။

ဒီလို အဆင့်ဆင့် စီးဆင်းနေတဲ့ ရေကန်ငယ်လေးတွေမှာလည်း စိတ်ကြိုက် ရေကူးအပန်းဖြေနိုင်သလို၊ ရေတံခွန်ကြီးရဲ့ အပေါ်ဆုံးအထိ တက်ပြီး သဘာဝတောတောင်အလှကို ခံစားနိုင်တာကလည်း စွန့်စားရတာ ကြိုက်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။

လာအိုရဲ့ အေးချမ်းတဲ့ ရာသီဥတု၊ စိမ်းလန်းတဲ့ သစ်တောရနံ့နဲ့ ကြည်လင်တဲ့ ရေတံခွန်အသံတွေ ပေါင်းစပ်လိုက်တဲ့အခါ Kuang Si ဟာ Treveller တိုင်းအတွက် တကယ်ကို Heaven ဖြစ်နေမှာ သေချာပါတယ်။

ဒီလို လာအိုနိုင်ငံ၊ Luang Prabang မြို့ရဲ့ အသည်းနှလုံးလို့ ခေါ်ရမယ့် Kuang Si Waterfall မှာ သဘာဝတရားရဲ့ အလှအပတွေကို တဝကြီး ခံစားရင်း ဘဝအမောတွေကို ပြေပျောက်ချင်တယ်ဆိုရင်တော့ အတန်ဆုံး Package နှုန်းထားများနဲ့ Go Laos က လိုက်ပို့ပေးနေပါပြီနော်။

ခရီးစဉ်အသေးစိတ်နဲ့ Package တွေကိုတော့ အောက်ပါဖုန်းနံပါတ်မှဖြစ်စေ Chatbox မှဖြစ်စေ အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber Number)

✉️ Email: [email protected]

🇱🇦 လာအိုနိုင်ငံ Vientiane မြို့ပေါ်က အထင်ကရ ဘုရား Pha That Luang Pagoda ကို ဘာကြောင့်သွားလည်သင့်တာလဲ?ရွှေရောင်တွေဝင်းလက်...
25/03/2026

🇱🇦 လာအိုနိုင်ငံ Vientiane မြို့ပေါ်က အထင်ကရ ဘုရား Pha That Luang Pagoda ကို ဘာကြောင့်သွားလည်သင့်တာလဲ?

ရွှေရောင်တွေဝင်းလက်နေတဲ့ ဒီ Pha That Luang (ဖသတ်လွမ်) စေတီတော်ကြီးမှာ ဘာတွေရှိလို့လဲ?

လာအိုလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ ဒီစေတီတော်ကြီးကို ဘာကြောင့် မဖြစ်မနေ သွားသင့်တာလဲဆိုတဲ့ အချက် (၅) ချက်ကို ကျွန်တော်တို့ Go Laos ကနေ မျှဝေပေးလိုက်ရပါတယ်။

(1) အံ့မခန်း ဗိသုကာလက်ရာ

ပထမအချက်အနေနဲ့ မြင်တွေ့ရမှာကတော့ ပြောင်မြောက်လှတဲ့ ဗိသုကာလက်ရာကိုပါပဲ။ ဒီလို နေရောင်အောက်မှာ တောက်ပနေတဲ့ ရွှေရောင်စေတီတော်ကြီးရဲ့ ဒီဇိုင်းဟာ လာအိုရိုးရာနဲ့ ဗုဒ္ဓဘာသာ ဗိသုကာပညာရပ် နှစ်ခု အလှဆုံးပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။

(2) သမိုင်းကြောင်းနဲ့ National Symbol

ဒီစေတီတော်ကြီးဟာ လာအိုနိုင်ငံရဲ့ National Symbol တစ်ခုဖြစ်ပြီး တိုင်းပြည်ရဲ့ ခမ်းနားတဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု အနှစ်သာရတွေကို အနီးကပ် လေ့လာခံစားနိုင်ပါတယ်။

(3) အေးချမ်းတည်ငြိမ်သော ပတ်ဝန်းကျင်

စေတီတော်ကြီးရဲ့ ပရဝုဏ်ထဲမှာ လမ်းလျှောက်ရင်း စိတ်အေးချမ်းမှုကို အပြည့်အဝရရှိနိုင်ပြီး ခရီးသွားရင်း ငြိမ်းချမ်းမှုကို ရှာဖွေချင်သူတွေအတွက် အကောင်းဆုံးနေရာလေးတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

(4) ဓာတ်ပုံရိုက် မှတ်တမ်းတင်လို့ကောင်းသော နေရာတစ်ခု

ရွှေရောင်တောက်ပနေတဲ့ နောက်ခံနဲ့အတူ အလှပဆုံး အမှတ်တရပုံရိပ်တွေကို ဖန်တီးနိုင်ပါတယ်။ အထူးသဖြင့် ညနေခင်း နေဝင်ဆည်းဆာအချိန်လေးက အလှဆုံးပါပဲ။

(5) ဒေသခံတွေရဲ့ ယုံကြည်ကိုးကွယ်မှု ဓလေ့ကို လေ့လာနိုင်ခြင်း

လာအိုလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဘာသာရေးဓလေ့စရိုက်တွေနဲ့ နေ့စဉ်ဘဝကို အနီးကပ် ထိတွေ့လေ့လာနိုင်ပါတယ်။

ဒါကြောင့် သင့်ရဲ့ လာအိုခရီးစဉ်မှာ Vientiane မြို့ရဲ့ သမိုင်ဝင်ဘုရားတွေအပြင် Vientiane မြို့ရဲ့ သဘာဝအလှတရားစစ်စစ်တွေကိုပါ အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ Go Laos Adventure နဲ့အတူ စိတ်ကြိုက် Customized Tour လေးတွေလည်း ပြုလုပ်နိုင်ပါတယ်နော် ✈️🇱🇦

ခရီးစဉ်အသေးစိတ်နဲ့ Package တွေကိုတော့ အောက်ပါဖုန်းနံပါတ်မှဖြစ်စေ Chatbox မှဖြစ်စေ အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Zip Line စီးရင်း တိမ်တွေပေါ်မှာ ပျံသန်းကြည့်မလား?တောင်တန်းကြီးတွေရဲ့ အထက်၊ စိမ်းစိုနေတဲ့ သစ်တောအုပ်ကြီးတွေရဲ့ အပေါ်မှာ င...
23/03/2026

Zip Line စီးရင်း တိမ်တွေပေါ်မှာ ပျံသန်းကြည့်မလား?

တောင်တန်းကြီးတွေရဲ့ အထက်၊ စိမ်းစိုနေတဲ့ သစ်တောအုပ်ကြီးတွေရဲ့ အပေါ်မှာ ငှက်တစ်ကောင်လို လွတ်လပ်စွာ ပျံသန်းရတဲ့ အရသာကို ခံစားကြည့်ချင်လား?

Zip Line စီးရတာဟာ ရိုးရိုးခရီးသွားတာထက်ပိုတဲ့...

✨ရင်ခုန်သံတွေကို မြန်ဆန်စေမယ့် Adrenaline Rush အပြည့်နဲ့ အရသာ!
✨လေတိုးသံနဲ့အတူ မြင်တွေ့ရမယ့် Vang Vieng ရဲ့ ရင်သပ်ရှုမောဖွယ် တောင်တန်းအလှအပတွေ!
✨ကြောက်စိတ်ကို ကျော်လွှားပြီး ရရှိလာမယ့် လွတ်လပ်ပေါ့ပါးမှုတွေ

စတဲ့ စတဲ့ ဒီလိုခံစားချက်တွေကို တစ်ချိန်တည်းမှာပဲ ရရှိခံစားချင်တယ်ဆိုရင်တော့ Zip Live Activity က Must try ပါနော်။

📩 အသေးစိတ် ဈေးနှုန်းနဲ့ ခရီးစဉ်ဇယားကို သိရှိလိုပါက Messenger ကနေ အခုပဲ မေးမြန်းနိုင်ပါပြီ။

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber Number)

✉️ Email: [email protected]

📢 [ခရီးသွားသူများအတွက် အသိပေးချက်]၂၀၂၆ မတ်လ ၂၂ ရက်နေ့မှ စတင်၍  မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော Jet A1 လေယာဉ်ဆီ မလုံလောက်...
23/03/2026

📢 [ခရီးသွားသူများအတွက် အသိပေးချက်]

၂၀၂၆ မတ်လ ၂၂ ရက်နေ့မှ စတင်၍
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော Jet A1 လေယာဉ်ဆီ မလုံလောက်မှုအခြေအနေကြောင့်
Myanmar Airways International (MAI) ၏ နိုင်ငံတကာလေကြောင်းခရီးစဉ်များတွင်
ခရီးဆောင်အလေးချိန် (Baggage Allowance) ကို ယာယီလျှော့ချသတ်မှတ်ထားပါသည်။

🔻 ပြင်ဆင်ထားသော Baggage Allowance အသစ်များမှာ —

• Economy Class – 20KG (တစ်အိတ်သာ)
• Business Class – 30KG (တစ်အိတ်သာ)
• Hand Carry – 7KG (အများဆုံး ၂ အိတ်)
• Excess Baggage – အများဆုံး 5KGသာခွင့်ပြု

📌 မှတ်ချက်များ
• Extra baggage လက်ခံ/မလက်ခံကို လေဆိပ်ဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပါသည်
• စည်းကမ်းမလိုက်နာသော luggage များကို လေဆိပ်တွင် မတင်ဆောင်နိုင်ခြင်း ဖြစ်နိုင်ပါသည်
• မတင်နိုင်ခဲ့သော luggage များကို 72 နာရီအတွင်း ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်
• ကြိုတင်ဝယ်ယူထားသော excess baggage များကို refund ပြန်လည်ပေးအပ်မည်ဖြစ်ပါသည်

✈️ Go Laos Adventure Travel Agency

Address

Xaythana
Vientiane
10100

Alerts

Be the first to know and let us send you an email when Go Laos Adventure Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share