24/05/2026
ခစုဒိုး ဗီဇာ တကယ်တင်းကြပ်လာတော့မှာပါ
ခုဆို လွှတ်တော်ရဲ့ ကောင်စီဝင်တွေဆီကနေ
ခစုဒိုး ဗီဇာ များပြားလွန်းလာတာကြောင့် အချက်အလက်တွေက အရမ်းကို ကမောက်ကမဖြစ်ရတယ်
ကျောင်းသားနဲ့လာပြီး ကျောင်းမတက်ပဲ ခစုဒိုးပြောင်းလိုက်တဲ့ သူတွေများတယ်
ဒါမျိုးတွေကြောင့် ပြန်လည်ဆန်းစစ် ပြင်ဆင်ဖို့ အချိန်တန်ပြီလို့ တင်ပြနေကြပါပြီ
ခုနောက်ပိုင်းဆို Tokutei Gino Visa, Work Visaတွေကပါ ခစုဒိုးတွေ အလွယ်ပြောင်းနေကြလို့ လွှတ်တော်ကလဲ မျက်စိနောက်နေကြပြီလို့ ထင်တယ်
ဒီကာလမှာ ဗီဇာလုပ်ငန်းစဉ်တွေ အပြောင်းလဲဆုံး အတင်းကြပ်ဆုံးဖြစ်လို့ ရှိတဲ့အလုပ်လေးမှာ ငြိမ်ငြိမ်လေး အလုပ်လုပ်ကြရင် ကောင်းမှာပါ
နိုင်ငံရေး၊ ကိုရိုနာ၊ အရေးပေါ်အပြောင်းအလဲကိစ္စတွေအတွက်ပေးထားတဲ့ ခစုဒိုးကို အလွဲသုံးစားလျှောက်တင်ယူနေတာတွေများလာလို့ ပြန်လည်စီစစ်လာတော့မှာပါ
အသေးစိတ်video
https://www.facebook.com/share/r/19Di4E5SEP/?mibextid=wwXIfr