08/10/2020
# # #ဒဏ္ဍာရီလာရှေးရိုးရာပုံပြင်တွေနဲ့
# # #ဆန်းကြယ်လှတဲ့သဘာဝတရားရဲ့
# # #နယ်မြို့လေး
Ⓜ️ℹ️Y🅰️Z🅰️Kℹ️
# # #ဒီခရီးစဉ်လေးကို ကိုသွားချင်နေခဲ့တာတော့ ကြာပါပီ ကိုနေတဲ့ နေရာကနေ အရမ်းဝေးတာရယ် ပိတ်ရက်ရှည်လည်းမရသေးတာကြောင့် အခွင့်ရေးကိုစောင့်နေခဲ့တာ
# # #ဒီခရီးစဉ်က ကို့အတွက် တကယ်ကို တန်ဖိုးကြီးမားတဲ့ခရီးစဉ်တခုဖြစ်ခဲ့တယ်
ဂျပန်မာနေရင်း အလုပ်လုပ် အလုပ်ကပြန်လာ
ထမင်းစားရေချိုးပီးအိပ် မနက်ရောက်လို့ alarm မြည်လာရင်မျက်နှာသစ်အလုပ်သွား ဒီလိုပဲနေ့နေ့ညည တက်နိုင်သမျှ ရသမျှလစာ စည်းနဲ့ကမ်းနဲ့ စုရင်း ဖြတ်သန်းလာခဲ့တာ ၂နှစ်ကျော်လာခဲ့ပါပီ ဘဝဆိုတာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတဲ့နေရာတခု ကျနော်တို့ရဲ့ စိတ်ကိုတဒင်္ဂလေးဖွင့်ကြည့်မိလိုက်ဖို့ပဲ လိုတယ်ဆိုတာကို မေ့နေခဲ့တာ ဒီခရီးစဉ်ထွက်ပီး ဘဝရဲ့ ပျော်ရွှင်မှုတေကို ခံစားသိမြင်လာခဲ့တယ် ကင်မရာဓာတ်ပုံရိုက်နည်းေတွကအစသင်ခန်းစာရခဲ့တယ် တယောက်တည်း GPS ကိုသာ အကောင်းဆုံးအဖော်ပြုရင်း ထွက်လာခဲ့ပေမယ့် ဒီမြို့လေးရဲ့ သဘာဝတရားကြီးက ကို့အတွက်တော့ ပြီးပြည့်စုံ တဲ့အဖော်မွန်ကောင်းတယောက်ဖြစ်ခဲ့တယ်
# # #ကဲခရီးစဉ်လေးအကြောင်း
စပြောရအောင်
# # #ကိုက ကိုပိုင်ကားနဲ့ မသွားဘူးဆိုတော့ miyazaki မသွားခင် ကို့အိမ်မာကတည်းက ဟိုမှာနောက်တပတ်အတွက် မိုးလေဝသဘလိုရှိမယ် ဘယ်hotel မှာ တည်းမယ် ဘယ်နှရက်နေမယ် ဘယ်တွေကိုလည်ပတ်မယ် လည်ပတ်စရာနေရာတေကိုမနက်ဘယ်နှနာရီကနေ
ထသွားမယ် သွားရမယ့် ခရီးစဉ်လမ်းကြောင်းကအစ Google map မှာ အချိန်နဲ့ စီးရမယ့်ရထား bus ကြာချိန်ရယ် နောက်ဆုံး ဘယ်နှနာရီထိ ရထား bus ကားရှိလဲ တွက်ချက်ပီးစာနဲ့သေချာရေးထားပီးမှ ခရီးစဉ်ထွက်ခဲ့တယ်အဲ့လိုမလုပ်ထားရင် သေချာပေါက်တိုင်ပတ်လိမ့်မယ် bus တေရထားတေ အတော်ရှားပါးလို့ပါ
# # #ပထမ မိုးလေဝသကြည့်တော့ ကိုလည်ပတ်မယ့် နှရက်က တရက်က မိုးရွာနိုင်ခြေ ၄၀% နောက်တရက်က ၇၀% နှရက်ဆက်တိုက် ရွာမာ နဲနဲတော့ စိတ်ထင့်ပေမယ့် မိုးအရမ်းရွာ ရင် မလည်ဘူး hotel မှာ ဆက်တည်းမယ် မရွာမှ ဒိုးမယ်ဆိုပီး ဆုံးဖြတ်ပီး Apa hotel မှာ booking လုပ်ခဲ့တယ် ဂျပန်အစိုးရရဲ့ Go to travel campaign ကြောင့် ယန်း၁သောင်းနဲ့ သုံးညအိပ်လေးရက်ရခဲ့တယ်
# # ကို အမျိုးမျိုးသွားလို့ရပေမဲ့ ကိုက Fukuoka ခရ်ိုင်Kokuraမြို့ နဲ့ နီးတဲ့ဘက်မှာနေတာဆိုတော့ kokuraကနေ တဆင့်တည်းနဲ့ ရောက်တဲ့ JR ရထားလိုင်းကိုပဲ အသုံးပြုခဲ့တယ် covid ကာလမို့လားမသိဘူး
Kokura ~miyazaki ရထားခရီးစဉ်က မနက် ၈:၃၃ မှာထွက်တဲ့ ခရီးစဉ်တခုပဲ ရှိတယ် အဲ့ခရီးစဉ်မမှီရင် ကိုနေတဲ့ နေရာကနေ သွားဖို့ နှဆင့်သုံးဆင့်စီးရမာ ဒါကြောင့် အဲ့ခရီးစဉ်မှီအောင်သွား
ရထားနဲ့4နာရီခွဲကျော်စီးခဲ့ပီး miyazaki ရောက်ခဲ့တယ်
# # ရောက်တဲ့ အချိန်မှာ
နေ့လည်၁:၀၀ကျော်နေပီ hotel က ၃:၀၀ မှာ check in ဝင်လို့ရမှာ ဆိုတော့ ၃:၀၀ထိ ခရီးဆောင်အိတ်ဆွဲပီး မြို့ထဲပဲ ဓာတ်ပုံပတ်ရိုက်နေလိုက်တယ် အဲ့လိုနဲ့ပဲ ၃:၀၀ ထိုး hotel check in ဝင်ပီး ခရီးပန်းလို့ တရေးအိပ် နိုးလာတော့ ညနေ ၇:၀၀ ညနေစာစား hotel ပြန်လာ အဲ့နေ့က အဲ့လိုပဲ ပီးသွားခဲ့တယ်
# # #ပထမနေ့ခရီးစဉ်
❣️Takachiho gorge နဲ့ Amano Iwato Shrine❣️
ပထမလမ်းကြောင်း
❣️Miyazaki station ~Takachiho gorge❣️
Miyazaki~Nobeoka (ရထား)
Nobeoka~takachiho bus centre (bus)
Takachiho bus centre~takachiho gorge (taxi)
ဒုတိယလမ်းကြောင်း
❣️Takachiho gorge~amano iwato shrine (taxi)❣️
ဒီနေ့ကစပီးခရီးထွက်တော့မာဆိုတော့ကိုစီစဉ်ထားခဲ့တဲ့အတိုင်း မနက် ၅နာရီalarm မြည်လာတာနဲ့အိပ်ယာထပီး အဓိကဖြစ်တဲ့ camera ဖုန်းတေ ပိုက်ဆံအိတ်တွေ ခရီးစဉ်လမ်းကြောင်းတွေ စစ်ပီး ဘူတာသွား ရထားက ၆:၀၀ မှာ ရောက်လာပီး အဲ့ရထားနဲ့ nobeoka ဘူတာထိသွား ဘူတာရောက်တော့ takachiho ဘက်သွားမယ့် bus စောင့်ပီး takachiho bus centre ထိစီး ဟိုရောက်တော့ taxi စီးပီး takachiho gorge ကို taxi နဲ့ ၅ မိနစ်ပဲကြာခဲ့တယ်
# # gorge ရောက်ပီ ဝင်ပေါက်ရဲ့ မလှမ်းမကမ်းမှာ takachiho gorge အနီးတဝိုက် လမ်းကြောင်းရေးပေးထားတဲ့ဟာဖတ်ကြည့်လိုရတယ် ဘယ်နေရာမှာ boat စီးလို့ရလဲ ပီးဘယ်တေလည်ပတ်လို့ရတာရယ်ပေါ့ အဲ့လိုနဲ့ ကိုက boat စီးချင်လို့ boat ငှားတဲ့ နေရာမှာ တန်းစီပီး boat ငှားခဲ့တယ် boat ငှားမယ်ဆိုရင် boat ငှားခက 3000 လူကတယောက်ဆို 1000 ကြာချိန် နာရီဝက်စီးလို့ရတယ် ငှားပီးboat စစီး စတိုင်ပတ်တာပဲ အဲ့boat ငှားတဲ့ နေရာက ဦးလေးကြီးက ဒီလိုစီးဟိုလိုစီးနဲ့ သင်ပေးရှာပါတယ် ကိုကလည်း စိတ်တေ ခုန်နေတော့ ကြားတချက်မကြားတချက်နဲ့ လှော်လိုက်တာ ဘယ်ဘက်လှော်ညာရောက် ညာလှော်ဘယ်ရောက်နဲ့ ဒီဘက်မသွားရဆိုပီး ကြိုးနဲ့တားထားတဲ့ နေရာအောက်ထိ ရောက်သွားတယ် မဖစ်တော့ဘူးဟဆိုပီး ကို့ဘာကို စမ်းကြည့်ရင်းက အထာသိလာပီး စီးတက်လာခဲ့တယ် တော်တော်လေးစိတ်ခုန်ဖို့ ကောင်းသလို တော်တော်ကိုပျော်စရာကြီးပါ မလုပ်တက်တဲ့ မလုပ်ဖူးတဲ့အရာတခု ကိုကြိုးစားလို့ လုပ်နိုင်ခဲ့တာဟာ ဘယ်လောက်သေးငယ်တဲ့အရာဖစ်ဖစ် တကယ်ကို ပျော်ရွှင်ဖို့ကောင်းပါတယ် စိတ်ခုန်ရင်ခုန်နဲ့ပဲtakachiho ချောက်ကြီး ထဲ လှော်ပတ်ရင်း သဘာဝရဲ့ အလှတရားစစ် အေးမြတဲ့ ပတ်ဝန်းကျင်အနေထားကို ခံစားရင်း ကိုရဲ့ဘဝကြီးဟာတော်တော်ကိုစိတ်ချမ်းသာစရာကောင်းခဲ့ပါတယ် အဲ့ ချောက်ကြီးရဲ့ နံရံတွေသေချာသတိထားကြည့်ပါ ထူးခြားနေပါတယ် မီးတောင်ပေါက်ကွဲပီးထွက်လာတဲ့ ချော်ရည်တွေက အဲ့ ချောက်ထိ စီးကျလာပီး ချောက်ကမ်းပါးနံရံ မှာ ချော်ရည်တေက ခြောက်သွားပီး ထူးခြားတဲ့ ကမ်းပါးနံရံတေဖြစ်နေတာပါ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ် အဲ့လိုနဲ့ takachiho gorge မှာ သဘာဝအလှတရားကိုခံစားရင်း ဓာတ်ပုံတွေရိုက်ရင်း နောက်တနေရာသွားရဖို့ အချိန်ရောက်လာတော့ နောက်တနေရာကိုသွားခဲ့တယ်
# # #နောက်တနေရာက Amano Iwato shrine
Takachiho gorge ကနေ Amano iwato shrine ကို လမ်းလျှောက်သွားလည်းရပါတယ် 1နာရီကျော်ကြာလျှောက်ရမယ် ကိုအတွက် အချိန်ကအရေးကြီးတာမို့ taxi နဲ့ပဲ သွားခဲ့တယ် amano iwato shrine ရောက်ပါပီ စစချင်း ဂျပန်တွေရဲ့ shrine တွေပုံစံတေအတိုင်း ဝင်ပေါက်ကြီးကိုတွေ့ရမယ် အဲ့တိုင်းလမ်းလျှောက်သွား လမ်းတလျှောက်မှာလည်း မုန့်ဆိုင်တွေရှိလို့ အဆာပြေ အမောပြေစားသောက်လို့ရတယ် ဈေးမကြီးပါဘူး တဖြေးဖြေးနဲ့ တောထဲရောက်လာမယ့် မြေပြင်အနေထားအရ တယောက်တည်းဆိုတော့ နဲနဲ စိတ်ခုန်ပီး ကြောက်တော့ကြောက်မိတယ် ပတ်ဝန်းကျင်ကလည်းအုံ့မှိုင်းနေပီး နဲနဲလေးအေးမြနေတော့ ကြက်သီးမွှေးညင်းလေးတေတောင်ထမိတယ် ဒါပေမဲ့လည်း အဲ့ ဒီ shrine သွားတဲ့ လမ်းတလျှောက် လျှောက်လမ်းဘေးမှာ ရေတေစီးဆင်းနေတာတွေ တောတောင်ထဲက ကျေးငှက်တိုရဲ့အသံတေကြောင့် တမူထူးခြားတဲ့ခံစားချက်ကလေးက ကြက်သီးမွှေးညင်းလေးထပီးစိတ်လှုပ်ရှားနေပေမဲ့ ခံစားလို့တော့တော်တော်ကောင်းသား အဲ့လိုနဲ့ amano iwato shrine ကိုရောက်လာတယ် ဒီ shrine ရဲ့ထူးခြားချက်က တမျိုးပဲ လှိုဏ်ဂူပုံစံမျိုးကြီးဖစ်နေပီးတော့ အထဲမှာ ကျောင်းဆောင်ပုံစံမျိုးရှိတယ် လှိုင်ဂူအဝင်ဝမှာ လည်း လာရောက်လည်ပတ်တဲ့ လူတွေ ဆုတောင်းပီးစီထားတဲ့ ကျောက်ခဲလေးတွေ စီတန်းနေတာကိုတွေ့ရတယ် ဒီနေရာကိုဂျပန်တွေက power spot လို့ခေါ်ကြတယ် ဒဏ္ဍာရီလာယုံတမ်းပုံပြင်လေးလည်းရှိတယ် ဒီshrine က amaterasu နတ်ဘုရားမရဲ့ shrine amaterasu နတ်ဘုရားဆိုတာ နေနတ်ဘုရား တနေ့မှာ သူအကိုကအရမ်းနောက်ပြောင်ကျီစယ်လွန်းလို့ ဂူထဲဝင်ပုန်းနေပီး အပြင်ထွက်မလာတော့ဘူး နေနတ်ဘုရားမဆိုတာ ကမ္ဘာကြီးနဲ့ကောင်းကင်ဘုံကိုအလင်းပေးနေတာ နေနတ်ဘုရားမမရှိတော့ အလင်းရောင်မရှိတော့တာကြောင့်အမျိုးမျိုးသောဘေးအန္တရယ်တွေကျရောက်လာမယ် အဲ့တာကိုသိနေတဲ့ တခြားသောနတ်ဘုရားတေက အမျိုးမျိုးဖျောင်းဖျ တောင်းဆိုပီးတဲ့နောက် နောက်ဆုံးမှာ နေနတ်ဘုရားမက အဲ့ဂူကြီးထဲက ထွက်လာခဲ့တယ် ကမ္ဘာကြီးနဲ့ ကောင်းကင်ဘုံကလည်း တဖန်ပြန်လည်ငြိမ်းချမ်းလာခဲ့တယ် အဲ့လိုသောအကြောင်းရင်းတေကြောင့် ဒီနေရာက ထူးခြားဆန်းပြားနေပီးရောက်လာတဲ့သူတိုင်း power တခုခုရဲ့ သက်ရောက်မှုကိုရနေသလိုမျိုးခံစားရတယ် ဒါကြောင့်ဒီရောက်လာတဲ့ လူတိုင်းက ကျောက်ခဲလေးတေစီပီး ဆုတောင်းကြတယ် ရေစီးသံလေးတွေ ကျေးငှက်တို့ရဲ့မြည်ကြွေးသံတွေကလွဲပီးတကယ်ကိုတိတ်ဆိတ်ပီးတမူထူးခြားနေတဲ့နေရာလေးတခု ရောက်လာသူအပေါင်းကို ထူးခြားတဲ့ ခံစားချက် စွမ်းအင်သက်ရောက်မှုတွေ ပေးစွမ်းနေတဲ့နေရာလေးတခု လို့ဆိုနိုင်တယ် ပတ်ဝန်းကျင်ပတ်ချာလည်ကိုကြည့်ပီးတွေးရင်တွေးကြည့်သလောက် ခံစားကြည့်ရင်ခံစားကြည့်သလောက် အမျိုးမျိုးသော အကြောင်းအရာ အတွေးထဲထိ ဝင်ရောက်လာနိုင်တဲ့ နေရာတခုလိုဆိုရင်ကို့အတွက်တော့ မမှားနိုင်ပါဘူး
# # #ကဲဟုတ်ပီ အဲ့လိုနဲ့ အဲ့တနေ့တာအတွက် ခရီးစဉ်ပီးဆုံးပီး ပြန်ဖို့အချိန်ရောက်လာပီ amano iwato shrine ကနေ takachiho bus centre ထိသွားပီး bus နဲ့ nobeoka ဘူတာထိ စီးပီးပြန်လာခဲ့တယ် ကိုပြန်လာနေတဲ့ အချ်ိန်ဟာ ညနေစောင်းနေဝင်ချိန်ဖြစ်တာကြောင့် နေလုံးကြီးအနောက်ဘက်အရပ်ကိုတဖြည်းဖြည်းဆင်းတော်မူနေတဲ့ ပုံရိပ်နဲ့အတူ ညနေခင်းဆည်းဆာနေေရာင်ကြောင့် တမူထူးခြားစွာ အရောင်တွေလဲ့ထွက်နေတဲ့ လမ်းတလျှောက်က စပါးခင်းကြီးတွေရဲ့ အလှတရားကလည်း ကျနော့်ရဲ့ အပြန်ခရီးကို နှုတ်ခွန်းဆက်သနေသယောင် မြင်ယောင်လာစေတယ် ကမ္ဘာကြီးဟာတကယ်တော့ အလှတရားတွေနဲ့ပြည့်နှက်နေတာပါ ကိုဘဝဖြစ်တည်နေစဉ်အချိန်ခဏလေးမှာ ရုန်းကန်နေရတဲ့အနေထားကနေ ခဏလောက်ကို့စိတ်ကိုဖွင့်ကြည့်လိုက်ရင် ကျနော်တို့တွေ လှပတဲ့ အရာရာကိုမြင်နိုင်တော့မှာပါ
# # #တွေးစရာတွေဆွေးစရာတွေကိုတွေးဆွေးရင်း hotel ပြန်ရောက်လာရေမိုးချိုးပီး ကိုရိုက်လာတဲ့ ပုံလေးတွေထုတ်ကြည့် edit လေးတွေလုပ်ရင်းကြည်နူးပိီတိဖြစ်ရင်း အဲ့ဒီညဟာ ကျနော်အတွက်တော့ တကယ်ကိုလှပတဲ့ ညတညဖစ်ခဲ့ပါတယ်
# # #နောက်တနေ့ခရီးစဉ်ကတော့ Aoshima Island, Sun Messe Nichinan,Udo- Shrineပါ နောက်တနေ့ခရီးစဉ်အတွက်ကတော့ စာစိီပီးတော့ နောက်နေ့မှပြန်လာခဲ့ပါမယ် 😅😅😅
# # #အောက်ကဓာတ်ပုံတွေဟာ ကျနော်ကိုတိုင် ကြိုးစား ရိုက်ကူး edit ထားတဲ့ ပုံတွေပါ ကို့ရဲ့ကြိုးစားအားထုတ်မှုကိုတော့ ကျေနပ်အားရမှုရှိပေမဲ့beginner ပဲရှိသေးတာကြောင့် လိုအပ်ချက်ရှိနိုင်ပါတယ် ကျေးဇူးပြုပီးဝေဖန်သုံးသပ်ပေးပါ
❣️ကျေးဇူးအများကြီးတင်ပါတယ် ❣️