SEEK Travel UK & Europe

  • Home
  • SEEK Travel UK & Europe

SEEK Travel UK & Europe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SEEK Travel UK & Europe, Travel and transport, .

🌍 တစ်ခါရောက်ဖူးရင် နောက်တစ်ခါ ထပ်သွားဖို့ အမြဲတမ်း တမ်းတနေရမယ့်မြို့ဟာ Barcelona ပါတဲ့.. 🇪🇸ဒီအိမ်မက်မြို့တော်ကြီးကို အရေ...
31/01/2026

🌍 တစ်ခါရောက်ဖူးရင် နောက်တစ်ခါ ထပ်သွားဖို့ အမြဲတမ်း တမ်းတနေရမယ့်မြို့ဟာ Barcelona ပါတဲ့.. 🇪🇸

ဒီအိမ်မက်မြို့တော်ကြီးကို အရောက်သွားပြီး အလှဆုံးနေရာတွေကို နှလုံးသားနဲ့ခံစားဖို့ အဆင်သင့်ပဲလား? 🎒✨



ဂရိရာဇဝင်ထဲက ​အေသင်မြို့ဆီ အလည်အပတ် သွားမယ်ဆိုရင် .. ✈️🇬🇷
20/01/2026

ဂရိရာဇဝင်ထဲက ​အေသင်မြို့ဆီ အလည်အပတ် သွားမယ်ဆိုရင် .. ✈️🇬🇷



အင်္ဂလန်က Oxford မြို့ကို ရောက်ရင် Potterheads တွေအတွက်တော့ တကယ့် Hogwarts ထဲ ရောက်သွားသလိုပါပဲ! ✨🪄Harry Potter ရဲ့ မှော...
15/01/2026

အင်္ဂလန်က Oxford မြို့ကို ရောက်ရင် Potterheads တွေအတွက်တော့ တကယ့် Hogwarts ထဲ ရောက်သွားသလိုပါပဲ! ✨🪄

Harry Potter ရဲ့ မှော်ကမ္ဘာကို အပြင်လောကမှာ ခံစားချင်တယ်ဆိုရင် Oxford မှာရှိတဲ့ ဒီ ၆ နေရာကို လုံးဝ (လုံးဝ) မကျော်သွားနဲ့နော် 😉

1️⃣ Christ Church Staircase: ကလေးတွေ Hogwarts ကို စရောက်ရောက်ချင်း တက်ခဲ့တဲ့ လှေကားထစ်ကြီးတွေပေါ့။ ပထမဆုံးအကြိမ် Professor McGonagall နဲ့ တွေ့တဲ့နေရာလေးပေါ့။ 🏰

2️⃣ New College Cloisters: ဒါကတော့ ပါမောက္ခ Moody က Draco Malfoy ကို မြွေပါရုပ် (ferret) အဖြစ် ပြောင်းလိုက်တဲ့ ဝက်သစ်ချပင်ကြီး ရှိတဲ့နေရာပါ။ 🌳🪄

3️⃣ Divinity School (Bodleian Library): Hogwarts ရဲ့ ဆေးရုံဆောင်ဖြစ်သလို၊ ပါမောက္ခ McGonagall က Ron ကို ကခုန်သင်ပေးခဲ့တဲ့ နေရာလေးလည်း ဖြစ်ပါတယ်။ 💃🕺

4️⃣ Christ Church Dining Hall: တကယ့် Great Hall ကြီးကို ဒီ Dining Hall ရဲ့ ပုံစံကိုယူပြီး စိတ်ကူးပုံဖော်ခဲ့တာပါ။ အထဲကို ဝင်လိုက်တာနဲ့ မှော်ဆန်တဲ့ အငွေ့အသက်ကို အပြည့်ရမှာနော်။ 🕯️✨

5️⃣ Duke Humfrey's Library: Harry တစ်ယောက် မမြင်ရတဲ့ ဝတ်ရုံခြုံပြီး ခိုးဝင်ခဲ့တဲ့ "တားမြစ်ထားတဲ့ စာအုပ်စင်တန်း"တွေရှိတဲ့ နေရာပါ။ 📚🤫

6️⃣ Christ Church Cloisters: Hogwarts ရဲ့ စင်္ကြံလမ်းတွေအဖြစ် မြင်တွေ့ခဲ့ရတဲ့ နေရာလေးတွေပေါ့။

Harry Potter Fan တစ်ယောက်ဆိုရင်တော့ Oxford က ဒီနေရာလေးတွေဟာ Bucket List ထဲမှာ မရှိမဖြစ် ပါသင့်တဲ့ နေရာတွေပါပဲနော်။ 🇬🇧🎒

UK နဲ့ Europe က လည်ပတ်သွားလာလို့ အကောင်းဆုံး နေရာတွေအကြောင်း အသေးစိတ် ပိုမိုသိရှိချင်တယ်ဆိုရင်လည်း SEEK Travel UK & Europe ကို အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ် 🌍






"Normal People" ထဲက Marianne နဲ့ Connell တို့ရဲ့ အပြန်အလှန် လိုလားတောင့်တမှုတွေ၊ တိတ်ဆိတ်တဲ့ နားလည်မှုတွေနဲ့ သူတို့ရဲ့ က...
08/01/2026

"Normal People" ထဲက Marianne နဲ့ Connell တို့ရဲ့ အပြန်အလှန် လိုလားတောင့်တမှုတွေ၊ တိတ်ဆိတ်တဲ့ နားလည်မှုတွေနဲ့ သူတို့ရဲ့ ကြီးပြင်းရာ ဇာတ်ခုံဖြစ်တဲ့ Dublin...

အိုင်ယာလန်ရဲ့ ဒီမြို့တော်လေးဟာ သာမန်ခရီးစဉ်တစ်ခုထက် ပိုပါတယ်။

Dublin ကို သွားရောက်လည်ပတ်တဲ့အခါ ဘာတွေကို ခံစားရမလဲ?

📍 ဇာတ်လမ်းထဲက ဇာတ်ကောင်နှစ်ယောက် ပညာသင်ကြားခဲ့တဲ့ Trinity College ရဲ့ လွမ်းမောဖွယ်ရာတွေ..
📍 Dublin ရဲ့ ခပ်အုံ့အုံ့ မိုးကောင်းကင်၊ အုတ်နီခဲနံရံဟောင်းတွေ..
📍 မြို့လယ်ခေါင်က စိမ်းလန်းတဲ့ ပန်းခြံလေးထဲမှာ ထိုင်ရင်း Marianne နဲ့ Connell တို့ရဲ့ အတူတူရှိခဲ့တဲ့ အခိုက်အတန့်တွေကို ပြန်လည်အမှတ်ရရင်း စာအုပ်တစ်အုပ်နဲ့ အချိန်ကုန်ဆုံးကြည့်တာ..
📍 ညနေစောင်းမှာတော့ သမိုင်းဝင် Pub လေးတစ်ခုမှာ ထိုင်ရင်း အိုင်ယာလန်ရဲ့ နာမည်ကျော် Guinness ဘီယာကို မြည်းစမ်းတာမျိုး..

Marianne နဲ့ Connell တို့လို ပုံပြင်လှလှလေးတစ်ပုဒ် ဖန်တီးချင်တယ်ဆိုရင် SEEK Travel UK & Europe က ပြောပြပေးခဲ့တဲ့ Dublin ကို သွားရောက်လည်ပတ်ကြည့်ဖို့ မမေ့ပါနဲ့နော် ✈️



🇩🇰 State of mind တစ်ခုလို့ တင်စားရမယ့် Denmark 🇩🇰ဒိန်းမတ်နိုင်ငံကိုရောက်ရင် ဘယ်လိုစိတ်အခြေအနေမျိုးကို ခံစားရမလဲဆိုတာကို ...
03/01/2026

🇩🇰 State of mind တစ်ခုလို့ တင်စားရမယ့် Denmark 🇩🇰

ဒိန်းမတ်နိုင်ငံကိုရောက်ရင် ဘယ်လိုစိတ်အခြေအနေမျိုးကို ခံစားရမလဲဆိုတာကို ပိုမိုသိရှိနိုင်ဖို့ ပုံလေးတွေ တစ်ပုံချင်းစီကို ဝင်ကြည့်လိုက်တော့နော်



Scotland ဆိုတာ ကျယ်ပြောလှတဲ့ ကောင်းကင်ပြာကြီးတွေ၊ ရှေးဟောင်းရဲတိုက်တွေနဲ့ သဘာဝရဲ့ အလှဆုံး အရောင်အသွေးတွေ စုစည်းရာနေရာပါ ...
27/12/2025

Scotland ဆိုတာ ကျယ်ပြောလှတဲ့ ကောင်းကင်ပြာကြီးတွေ၊ ရှေးဟောင်းရဲတိုက်တွေနဲ့ သဘာဝရဲ့ အလှဆုံး အရောင်အသွေးတွေ စုစည်းရာနေရာပါ 🏴󠁧󠁢󠁳󠁣󠁴󠁿

ဒါ့အပြင် Scotland က အီဂျစ်ပိရမစ်တွေထက်တောင် ပိုအိုမင်းတဲ့နေရာတွေ ရှိပါသေးတယ် ..

🇪🇬 ပိရမစ်တွေထက် သက်တမ်းပိုရင့်တဲ့ Skara Brae က ကျောက်ခေတ်အိမ်ရာတွေ..

သမိုင်းဦးခေတ်ကို ပြန်ရောက်သွားသလိုမျိုး Maeshowe ရဲ့ ရှေးဟောင်းသင်္ချိုင်းဂူတွေထဲ လမ်းလျှောက်ရတာ..

⛪️ Rosslyn Chapel ထဲက ထူးဆန်းတဲ့ ကျောက်ဆစ်လက်ရာတွေ..

Stirling Castle ရဲ့ ရဲတိုက်နံရံပေါ်ကနေ စကော့တလန်ရဲ့ ခံ့ညားမှု..

🚢 ဘုရင်မကြီးကိုယ်တိုင် စီးနင်းခဲ့တဲ့ Royal Yacht Britannia သင်္ဘောကြီး

Glasgow Cathedral ရဲ့ တိတ်ဆိတ်မှုကနေ ခေတ်သစ်အနုပညာတွေ စုဝေးရာ Scottish National Gallery နဲ့ အနာဂတ်ဆန်တဲ့ Riverside Museum အထိ ..

ဒါ့အပြင် လတ်ဆတ်လွန်းတဲ့ Seafood တွေနဲ့ ရိုးသားဖြူစင်တဲ့ ဒေသခံတွေနဲ့ စကားပြောရတဲ့ အခိုက်အတန့်တွေကလည်း တန်ဖိုးရှိလှတယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်မှာ Scotland ရဲ့ မြူခိုးတွေကြားထဲ အပန်းဖြေဖို့ စိတ်ကူးရှိရင် SEEK Travel UK & Europe မှာ အသေးစိတ် လာရောက်မေးမြန်းဖို့လည်း မမေ့ပါနဲ့နော် .. 🥰



သြစတြီးယားအကြောင်း တစေ့တစောင်း ဥရောပအလယ်ပိုင်းက ဩစတြီးယားနဲ့ပတ်သက်ပြီး ခရီးသွားသူတိုင်းရဲ့ "Must Visit List" ထဲမှာ မပါမဖ...
23/12/2025

သြစတြီးယားအကြောင်း တစေ့တစောင်း

ဥရောပအလယ်ပိုင်းက ဩစတြီးယားနဲ့ပတ်သက်ပြီး ခရီးသွားသူတိုင်းရဲ့ "Must Visit List" ထဲမှာ မပါမဖြစ် ပါဝင်သင့်တဲ့ အချက် (၃) ချက်ကို တင်ပြပေးလိုက်ပါတယ် 👇

🎻 ဂန္တဝင်ဂီတမြို့တော် Vienna 🎻

ကမ္ဘာကျော် ဂီတပညာရှင် Mozart နဲ့ Beethoven တို့ရဲ့ ခြေရာတွေကို လိုက်လျှောက်ကြည့်ချင်သူတို့အတွက် ဗီယင်နာမြို့ဟာ ကမ္ဘာ့အကောင်းဆုံး အော်ပရာရုံတွေနဲ့ ဖီးလ်ဟာမိုနစ် တီးဝိုင်းတွေရဲ့ မွေးရပ်မြေပါ။ မြို့ရဲ့လမ်းတွေပေါ်မှာတောင် ဂန္တဝင်သံစဉ်တွေ ပျံ့လွင့်နေသလို ခံစားရစေမှာပါ။

🏞️ Alps တောင်တန်းရဲ့ ကြီးကျယ်ခမ်းနားမှု 🏞️

ဩစတြီးယားမြေရဲ့ သုံးပုံနှစ်ပုံကျော်ကို ဖုံးလွှမ်းထားတဲ့ Alps တောင်တန်းတွေဟာ ရင်သပ်ရှုမောစရာကောင်းလောက်အောင် လှပပါတယ်။ ဆောင်းရာသီမှာ Ski Resorts မှာ လည်ပတ်နိုင်သလို၊ နွေရာသီမှာတော့ စိမ်းလန်းတဲ့ တောင်တက်လမ်းတွေနဲ့ ရေကန်တွေရဲ့ အလှကို ခံစားနိုင်ပါတယ်။

☕ Habsburgs နန်းတော်တွေနဲ့ ကော်ဖီဆိုင် ယဉ်ကျေးမှု ☕

တစ်ချိန်က ဥရောပကို လွှမ်းမိုးခဲ့တဲ့ Habsburg မင်းဆက်ရဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်တွေ (ဥပမာ- Schönbrunn Palace) ကို တွေ့ရမှာပါ။ ဒါ့အပြင် ဩစတြီးယားရဲ့ ထူးခြားတဲ့ "Kaffeehauskultur" လို့ခေါ်တဲ့ ကော်ဖီဆိုင် ယဉ်ကျေးမှု) ကိုလည်း လက်မလွတ်သင့်ပါဘူး။ Wiener Schnitzel စားရင်း၊ ကော်ဖီကောင်းကောင်းတစ်ခွက် သောက်ရင်း စာဖတ်သူတွေနဲ့ စကားပြောရတာဟာ သူတို့ရဲ့ နေ့စဉ်ဘဝပါပဲ။

တကယ်လို့ ကိုယ်တိုင်သာ သြစတြီးယားကို သွားရောက်လည်ပတ်ရမယ်ဆိုရင် ဘယ်မြို့ကို အရင်ဆုံးသွားရမလဲ သေချာမသိရင် SEEK Travel UK & Europe page ကို စောင့်ကြည့်ပြီး ရွေးချယ်ဖို့ မမေ့ပါနဲ့နော် 😉



Amsterdam ဆိုတာ ဘယ်လိုမြို့မျိုးလဲ? 🌲🇳🇱 Netherlands ရဲ့မြို့တော် Amsterdam ဟာ အနုပညာဆန်တဲ့ အဆောက်အဦးပုံစံတွေ၊ ထူးထူးခြာ...
20/12/2025

Amsterdam ဆိုတာ ဘယ်လိုမြို့မျိုးလဲ? 🌲

🇳🇱 Netherlands ရဲ့မြို့တော် Amsterdam ဟာ အနုပညာဆန်တဲ့ အဆောက်အဦးပုံစံတွေ၊ ထူးထူးခြားခြား လှနေတတ်တဲ့ နေဝင်ချိန်တွေ၊ ဘယ်သွားသွား မြင်နေရတဲ့ စက်ဘီးလေးတွေ၊ တူးမြောင်းရှည်ကြီးတွေပေါ်က ဖြတ်လျှောက်ကြတဲ့ ဒေသခံတွေနဲ့ အလှဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။

Amsterdam မြို့အကြောင်း ပိုမိုသိရှိနိုင်ဖို့ SEEK Travel UK & Europe ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် 🇳🇱



🏔️ Switzerland ကို သွားလည်ကြည့်သင့်တဲ့ အကြောင်းအရင်းများ 🇨🇭၁။ သွားလာရေး လွယ်ကူမှု 🚋ခရီးသွားတစ်ယောက်အတွက် ဆွစ်ဇာလန်ဟာ သွာ...
13/12/2025

🏔️ Switzerland ကို သွားလည်ကြည့်သင့်တဲ့ အကြောင်းအရင်းများ 🇨🇭

၁။ သွားလာရေး လွယ်ကူမှု 🚋
ခရီးသွားတစ်ယောက်အတွက် ဆွစ်ဇာလန်ဟာ သွားလာရ အလွယ်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ရထားတွေက အချိန်မှန်တယ်၊ သန့်ရှင်းတယ်၊ လမ်းတစ်လျှောက် ရှုခင်းတွေကလည်း ရင်ထဲအေးချမ်းသွားလောက်အောင်ကို လှပပြီးတော့ လမ်းပျောက်မှာ စိုးရိမ်ရတာမျိုး မရှိဘဲ ငြိမ်ငြိမ်လေးထိုင်ပြီး ရှုခင်းတွေကြည့်ရင်း Holiday Vibe အပြည့်ရစေတဲ့ နေရာဖြစ်ပါတယ်။

၂။ ခရီးတစ်ခုတည်းမှာ အတွေ့အကြုံမျိုးစုံ ရရှိခြင်း 🛶
ဆွစ်ဇာလန်ကို သွားလည်မယ်ဆိုရင် ရက်နည်းနည်းလောက်တည်းနဲ့ မြို့ကြီးပြကြီးကိုလည်း မြင်ရမယ်၊ ပြီးရင် အေးချမ်းတဲ့ ရေကန်တွေပေါ် လှေစီးနေရတာမျိုးလည်း လုပ်ရမယ်၊ နှင်းဖုံးနေတဲ့ တောင်တန်းတွေရှေ့မှာ မတ်တပ်ရပ်မိနေတာမျိုးလည်း ဖြစ်မယ်။ တစ်နေရာကနေ တစ်နေရာကို လည်ပတ်သွားလာဖို့အတွက် ခရီးသွားချိန် အကြာကြီး ပေးစရာ မလိုပါဘူး။

၃။ စိတ်ချလုံခြုံပြီး စနစ်တကျရှိတဲ့ ပတ်ဝန်းကျင် 💯
လူတွေ ဆွစ်ဇာလန်ကို ချစ်ရတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုက ပတ်ဝန်းကျင်ဖြစ်ပါတယ်။ လေက လတ်ဆတ်တယ်၊ လမ်းတွေက သန့်ရှင်းတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက ငြိမ်သက်ပြီး သူ့ဟာနဲ့သူ စနစ်တကျလေး ရှိနေတာမျိုး။ ဒီအချက်က ခရီးသွားတွေကို စိတ်ချမ်းသာစေပေးပြီးတော့ သွားရတာလည်း ပိုပျော်စေပါတယ်။

၄။ အရည်အသွေးမြင့်မားမှု 📈
Quality ကို ကြိုက်တဲ့ ခရီးသွားတွေဆိုရင် ဆွစ်ဇာလန်က အသင့်တော်ဆုံးလို့ ပြောလို့ရပါတယ်။ နေရာထိုင်ခင်းတွေ၊ Public Service တွေ၊ အစားအသောက် Standard တွေ၊ အားလုံးက အမြဲတမ်း Quality မြင့်တဲ့ထဲပါတဲ့ နေရာပါ။ ဆူညံတာ၊ ရှုပ်ထွေးတာမျိုး မရှိဘဲ သပ်ရပ်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်းလေးပါ။

၅။ မမေ့နိုင်စရာ သဘာဝအလှ 🌲
နောက်ဆုံးအနေနဲ့ ဆွစ်ဇာလန်ဟာ သူ့ရဲ့ သဘာဝအလှကြောင့် မမေ့နိုင်စရာကောင်းပါတယ်။ Lucerne နဲ့ Geneva လို ရေကန်တွေ၊ Alpine ကျေးရွာလေးတွေနဲ့ တောင်ပေါ် ရှုခင်းတွေဟာ ဓာတ်ပုံထဲမှာတင် လှတာမဟုတ်ဘဲ ခရီးစဉ်ပြီးဆုံးသွားပြီးနောက်မှာလည်း နှလုံးသားထဲမှာ စွဲမြဲနေမှာမျိုး။

ဒီအချက်တွေကတော့ ခရီးသွားမယ်ဆိုရင် ဆွစ်ဇာလန်ကို ရွေးချယ်သင့်တဲ့ အဓိကအချက်တွေပဲ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုပါက SEEK Travel UK & Europe ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် 💖



🗼 ပဲရစ်သာ လူတစ်ယောက်ဖြစ်မယ်ဆိုရင် .. 🗼စာပြန်တာ မမြန်ပေမယ့် စောင့်ရကျိုးနပ်စေတဲ့သူ..သီချင်းလေးညည်းရင်း ညစာကို ကောင်းကောင်...
04/12/2025

🗼 ပဲရစ်သာ လူတစ်ယောက်ဖြစ်မယ်ဆိုရင် .. 🗼

စာပြန်တာ မမြန်ပေမယ့် စောင့်ရကျိုးနပ်စေတဲ့သူ..

သီချင်းလေးညည်းရင်း ညစာကို ကောင်းကောင်းမွန်မွန်နဲ့ အရသာရှိရှိ စားတတ်သူ..

အဝတ်အစားလှလှလေးတွေ ရွေးဝတ်ပြီး အမြဲ Fashion ကျနေတတ်တဲ့သူ..

ကော်ဖီပူပူတစ်ခွက်သောက်ရင်း လောကကြီးအကြောင်း အများကြီးတွေးတတ်တဲ့သူ..

ညဘက်ရောက်ရင် ချစ်ရသူနဲ့အတူ ‌နွေးနွေးထွေးထွေး အချိန်ကုန်ဆုံးစေတတ်တဲ့သူ..

တကယ်လို့များ ဝေးသွားရင်တောင် အချစ်မရပ်အောင် နှလုံးသားကို ဆွဲဆောင်နိုင်တဲ့သူ..

Romantic ဆန်ခြင်းတို့ရဲ့ အဓိကမြို့တော် Paris ကို မဖြစ်မနေ သွားလည်ကြည့်ဖို့ SEEK Travel UK & Europe က တိုက်တွန်းလိုက်ပါတယ်နော် 💖



🇬🇧 Top 10 Aesthetics of Greater Manchester City 🇬🇧​1. Football 🏟️​ပွဲရှိတဲ့နေ့ဆို တစ်မြို့လုံးရဲ့ လေထုကကို ပြောင်းသွားပြ...
29/11/2025

🇬🇧 Top 10 Aesthetics of Greater Manchester City 🇬🇧

​1. Football 🏟️

​ပွဲရှိတဲ့နေ့ဆို တစ်မြို့လုံးရဲ့ လေထုကကို ပြောင်းသွားပြီးလမ်းတွေ၊ အဝတ်အစားတွေ၊ စကားဝိုင်းတွေ အကုန်လုံး ဘောလုံးအငွေ့အသက်နဲ့ ပြည့်နေတတ်ပါတတယ်။

2. Student Life 📚

​Campus တွေမှာ လူအုပ်ကြီးတွေနဲ့ ပျော်စရာကောင်းတဲ့ လူမှုဘဝ၊ ဈေးနှုန်းသင့်တင့်တဲ့ နေ့လယ်စာတွေ၊ Deadline ကျော်လုနီးမှ အသည်းအသန်လုပ်ရတဲ့ ခံစားချက်တွေ။ အသက် ၂၀ ဝန်းကျင်ရဲ့ အကောင်းဆုံး ကာလတွေကို Manchester မှာ ခံစားရနိုင်ပါတယ်။

​3. Music & Festivals 🎸

​လူတိုင်းရဲ့ အိတ်ကပ်ထဲမှာ Concert လက်မှတ်တွေ၊ စနေ၊ တနင်္ဂနွေ ပွဲတော်တွေ၊ မမျှော်လင့်ဘဲ ကိုယ်အကြိုက်ဆုံး အဖွဲ့အသစ်ကို ရှာတွေ့လိုက်တာမျိုး။

​4. Streets 🛣️

​ကျဉ်းမြောင်းတဲ့ လမ်းကြားလေးတွေ၊ ကျယ်ဝန်းတဲ့ လမ်းမကြီးတွေ၊ သတ္တိရှိရှိရေးဆွဲထားတဲ့ နံရံဆေးရေးပန်းချီတွေနဲ့ မြို့ရဲ့ စွမ်းအင်ကိုဖြတ်ပြီး ဖြတ်သန်းသွားတဲ့ Tram လမ်းကြောင်းတွေ။

​5. Buildings 🏛️

​Victorian ခေတ် ဗိသုကာလက်ရာတွေဘေးမှာ ခေတ်မီမှန်မျှော်စင်တွေ ယှဉ်တွဲတည်ရှိနေတာ။ လိုက်ဖက်အောင် ကြိုးစားစရာမလိုဘဲ အဟောင်းနဲ့အသစ် အတူတူယှဉ်တွဲ ရှင်သန်နေကြတာ။

​6. Coffee ☕

​ရိုးရှင်းတဲ့ အပြင်အဆင်နဲ့ Café လေးတွေ၊ Industrial ဆန်ဆန် interior တွေ၊ Espresso ခါးခါးတွေ၊ ကမ္ဘာကြီးရဲ့ ပြဿနာတွေကို ဖြေရှင်းနေရသလိုမျိုး စိတ်အားထက်သန်စွာ Typing ရိုက်နေကြတဲ့သူတွေ..။

​7. Pubs 🍻

​ညဘက်အတွက်ပဲ မဟုတ်ဘူးနော်။ အပတ်စဉ် တွေ့ဆုံရာနေရာ၊ စာသင်ချိန်အပြီး ငြင်းခုံရာနေရာ၊ အလုပ်ပြီးတဲ့အခါ စိတ်ပေါ့ပါးရာ နေရာတစ်ခုလည်း ဖြစ်တယ်။

​8. Weather 🌧️

​မီးခိုးရောင်ကောင်းကင်က​နေ ရုတ်တရက် မိုးရွာချတာ၊ လေ​အေး​အေး​တွေတိုက်တာမျိုး ပုံမှန်ဖြစ်​ပေမယ့် ဘယ်သူကမှ သူတို့ရဲ့ အစီအစဉ်တွေကို တကူးတက ဖျက်လိုက်တာမျိုး မရှိဘူး။

​9. Bookstores 📖

​တစ်ဦးတည်းပိုင်ဆိုင်တဲ့ ဆိုင်ငယ်လေးတွေ၊ ကဗျာကဏ္ဍတွေ၊ အရေအတွက် ကန့်သတ်ထုတ်ဝေထားတဲ့ စာအုပ်တွေ။ "၅ မိနစ်လောက်ပဲ ဝင်ကြည့်မယ်" ဆိုပြီး တစ်နာရီကြာအောင် နေမိမယ့် နေရာမျိုး။

​10. Fashion 🕶️

​ဖြစ်နိုင်သမျှ အပူချိန်တိုင်းအတွက် အထပ်ထပ်ဝတ်ဆင်ထားတဲ့ Streetwear တွေ..။ ကြိုးစားစရာမလိုဘဲ Manchester ဆိုတဲ့ ခံစားချက်​အောင်မှာ အလိုလို အထာကျသွားတာမျိုး။

​တစ်​နေ့မှာ Manchester ကို ကိုယ်တိုင်သွားပြီး အံ့သြစရာ​ကောင်းမှု​​တွေကို မျက်ဝါးထင်ထင် မြင်​တွေ့နိုင်ဖို့ SEEK Travel UK & Europe Page ကို Like & Follow လုပ်ထားဖို့ မ​နေ့ပါနဲ့​နော် 😉



27/11/2025

Ladies and Gentlemen ... welcome to London 🇬🇧



Address


Website

Alerts

Be the first to know and let us send you an email when SEEK Travel UK & Europe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Transport Service?

Share